Chapter 10

2.2K 277 1
                                    

အပိုင်း - ၁၀


ယွမ်ရိလည်း လင်းယောင်နဲ့ ရူပဗေဒ အကြောင်း ထပ်မဆွေးနွေးချင်တော့၍ ရူပဗေဒ စာအုပ်အားလင်းယောင် လက်ထဲ ပြန်ထည့်ပေးလိုက်သည်။ထို့နောက် သူမရဲ့လွယ်အိတ်ထဲမှ စပျစ်သီးအချို့ထုတ်ကာ လင်းယောင် လက်ထဲ ထည့်ပေးလိုက်ပြီး
"ဒီမယ် စပျစ်သီးလေး စားလိုက်ဦး"
လို့ ပြောလိုက်၏။

လင်းယောင်းက သူ့လက်ထဲက စပျစ်သီးများအားယွမ်ရိထံ ပြန်တိုးပေးလိုက်ကာ ...
"မင်းသာ စာပါ"
လို့ ပြောလိုက်လေသည်။

ယွမ်ရိလည်း လင်းယောင် လက်ထဲမှ အနည်းငယ်ကို ပြန်ယူလိုက်ပြီး ကျန်တာကို သူ့ထံ ပြန်ပေးလိုက်ကာ ...
"အတူတူ စားကြတာပေါ့"
လို့ ပြုံးရင်း ပြောလိုက်၏။

လင်းယောင်းလည်း ယွမ်ရိအား သေချာလေး စိုက်ကြည့်မိသွားသည်။ ထို့နောက် သူ့ရဲ့ခေါင်းကို ငုံ့လျက် စပျစ်သီးတစ်လုံးကို ယူကာ ပါးစပ်ထဲထည့်ဝါးလိုက်တော့သည်။

နှစ်ယောက်သာ တောင်ပေါ်မှာ ထိုင်ရင်း စပျစ်သီးများကို အတူတူ မျှဝေ စား‌သောက်နေကြကာ ဝင်လုဆဲဆဲ နေမင်းကြီး၏ အလှတရားများကို ကြည့်ရှုခံစားနေခဲ့ကြ၏။

ယွမ်ရိက ...
"ချိုရဲ့လား"

လင်းယောင်လည်း ခေါင်းညိတ်ပြကာ ...
"အင်း၊ အရမ်း ချိုတယ်"
ယွမ်ရိကို သူသိတာ မကြာသေးပေမယ့် သူမ ပေးတဲ့အချို အရသာ အစားအစာ နှစ်မျိုးကိုတောင်မှ သူစားဖူးပြီးသွားပါပြီ။ ပထမတစ်မျိုးက နို့အရသာသကြားလုံး ဖြစ်ကာ၊ ဒုတိယ တစ်မျိုးက ယခုစပျစ်သီး ဖြစ်၏။

ယွမ်ရိက ပြုံးရင်းဖြင့် ...
"ငါက နင့်ထက် အသက်ကြီးတယ်။ ဒီတော့ နောင်ဆိုရင် ငါ့ကို အစ်မကြီးလို့ ခေါ်၊ ငါ နင့်ကို မောင်လေး တစ်ယောက်လို ကာကွယ်ပေးမယ်။ ဟုတ်ပြီလား"

လင်းယောင်လည်း ထိုစကားကြောင့် ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။ ဒါပေမယ့် သူ့ရဲ့ခေါင်းကို ပုစွန်ဆီရောင် သမ်းနေသည့် ကောင်းကင်ကြီးအားမော့ကြည့်နေတာက လွဲ၍ ဘာစကားမှ ပြန်မပြောခဲ့ပေ။

အချိန်တစ်ခုကြာပြီး‌တဲ့နောက်မှာ ယွမ်ရိလည်း သူမအိမ်ကို ပြန်သွားခဲ့သလို လင်းယောင်ကလည်း သူ့အိမ်သူ ပြန်သွားတော့သည်။

ယွမ်ရိဟာ သူမအိမ်ကို ရောက်ခါနီးမှာပဲ မြက်ထုံးကိုသယ်လာသည့် ဆန်းရှောင်ဟိုင်နဲ့ တွေ့လိုက်ရ၏။ဆန်းရှောင်ဟိုင်ဟာ တစ်ဖက်က မြက်ထုံး ကိုင်ထားကာ အခြားတစ်ဖက်မှာတော့ မြက်ရိတ် တံစဉ်းကိုကိုင်ထား၏။

ယွမ်ရိဟာ ဆန်းရှောင်ဟိုင်ဖြင့် ပြောစရာ စကားလုံးဝ မရှိပေ။ ဒါ့ကြောင့်မို့ သူမကို ရှောင်ကာ အိမ်ထဲဝင်ဖို့ ပြင်လိုက်သည်။

ထိုအချိန်မှာပဲ သူမ နောက်မှာ ဆန်းရှောင်ဟိုင်က
"ကိုယ့်ထက် အသက်ကြီးတဲ့ အမျိုးကို တွေ့ရင်နှုတ်ဆက်ရမယ့် ဆိုတာကို နားမလည်ဘူးလား"
ဟု ခနဲ့ရင်း လှမ်းမေးလိုက်သည်။

ယွမ်ရိလည်း အသက်ကို ပြင်းပြင်ရှုလျက် နောက်ပြန် လှည့်ကာ ...
"မဂ်လာပါ၊ ဒုတိယ အဒေါ်"
လို့ နှုတ်ဆက်လိုက်၏။

ထို့နောက် သူမ ပြန်ပြောမှာကို မစောင့်တော့ပဲ ယွမ်မိသားစု ခြံဝင်းအတွင်း အမြန် ဝင်လိုက်ကာ သူမတို့၏ အိမ်သို့ ခပ်သွက်သွက်လေး သွားလိုက်တော့သည်။

သူမရဲ့အခန်းထဲကို ရောက်တာနဲ့ သူမရဲ့ လွယ်အိတ်ကို ချထားလိုက်ကာ အခန်းထဲ အနားယူလိုက်သည်။

ဆန်းရှောင်ဟိုင်ကလည်း ယွမ်မိသားစု၏ ခြံဝန်းအတွင်းမှ သူမတို့အတွက် ခွဲပေးထားသည့် အိမ်ကိုပြန်လာလိုက်တော့သည်။ အိမ်ကို ရောက်တာနဲ့ သူမသယ်လာသည့် မြက်ထုံးကို ချထားလိုက်သည်။ ထိုစဉ်မှာ ယွမ်မိသားစု အိမ်ဘက်ကို မျက်စိဝေ့ကြည့်လိုက်ကာ တိရိစ္ဆာန်များအတွက် အသီးအရွက်များတောက်တောက် စဉ်းနေသည့် ယွမ်ကျဲကို မြင်လိုက်ရပြီး ဒေါသတွေ ထွက်လာတော့သည်။ သူမရဲ့မျက်လုံးတွေထဲမှာ ဒေါသမီးတောက်များ တောက်လောင်လာကာ ယွမ်ကျဲအား စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။

ယွမ်ျကဲကတော့ ဆန်းရှောင်ဟိုင်အား လုံးဝ ပြန်မကြည့်ခဲ့ပေ။ သူမက အသီးအရွက်တွေအား နုတ်နုတ် စဉ်းပြီးသွားတာနဲ့ ဖွဲအနည်းငယ် ရောကာ ခြံထဲမှ ကြက်များကိုအစာကြွေးရန် ထွက်သွားခဲ့သည်။သူမက ယွမ်အိမ်မှာ ကျန်ခဲ့သည့် ဝက်နဲ့ကြက်များကို အစားကျွေးလိုက်သည်။

ယွမ်ကျဲက ယွမ်အိမ်က သူမတို့အတွက် ခွဲပေးလိုက်သည့် ဝက်နဲ့ ကြက်များကို အစာ မကျွေးဘဲ ချန်လှပ်သွားကို ဆန်းရှောင်ဟိုင် မြင်လိုက်ရ၍ သူမ၏ ဒေါသတွေဟာ ပိုပြီး ပြင်းထန်လာတော့သည်။ အကယ်၍ ဆန်းရှောင်ဟိုင်ရဲ့ အကြည့်များက လူသတ်နိုင်လျှင် ယွမ်ရိ တစ်ယောက်အကြိမ်ကြိမ် သေဆုံးနေရပြီ ဖြစ်၏။

ဆန်းရှောင်ဟိုင်ဟာ နေ့ခင်းတွေမှာ အခြားသောသူများနဲ့အတူ တောထဲမှာ အလုပ်‌ လုပ်နေခဲ့၏။အလုပ် သိမ်းလျှင်လည်း ဝက်စာ၊ ကြက်စာများအတွက် တောင်စောင်းမှာ အသီး အရွက်နဲ့ မြက်တွေကိုခူးဆွတ်ရသေးသည်။ ဒါကြောင့် သူမမှာအနားယူချိန် လုံးဝ မရှိသလောက် ဖြစ်နေခဲ့သည်။

အိမ် မခွဲခင်တုန်းကတော့ အဝတ်လျှော်၊ ဟင်းချက်၊ကြက်ကျွေး၊ ဝက်ကျွေး အစရှိသည့် အလုပ်များကိုယွမ်ကျဲက လုပ်ပေးခဲ့သည်။ အိမ်ခွဲပြီးသည့်နောက်မှာတော့ အိမ် အလုပ်မှန်သမျှ သူမတစ်ယောက်တည်း လုပ်ကိုင်ရပါတော့သည်။

ယွမ်ချန်းကွေ့ကလည်း သူ့ အလုပ်နဲ့ မအားလပ်ပေ။သူဟာ တစ်နေကုန် တောင်ပေါ်က သတ္တုတွင်းများမှာ တူးဖော််ရင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ဒါကြောင့် အိမ်ပြန်လာချိန်မှာ အလွန် ပင်ပန်းနေပြီ ဖြစ်ကာ အနားယူရန် လိုအပ်ပေသည်။

ယွမ်ရွယ်ဂျင်းနဲ့ ယွမ်ရဲဟွာတို့ကလည်း အသက်အရမ်းငယ်နေတာ မဟုတ်ပေမယ့် သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ဘာမှ အဖြစ်မရှိပေ။ ဒါ့အပြင် သူမကိုယ်တိုင်ကလည်း သူမ သားတွေကို မခိုင်းရက်တာကြောင့် ပါ၏။ ဒါ့ကြောင့် အိမ် အလုပ်မှန်သမျှသူမသာ သိမ်းကြုံးလုပ်ရတော့သည်။

ဒါ့ကြောင့် သူမကိုယ်တိုင် မြက်ထုံးကို‌ ဖြည်လိုက်ကာ ဓားဖြင့် နုတ်နုတ်စဉ်းတော့သည်။ ထိုသို့စဉ်းနေစဉ်မှာလည်းယွမ်ကျဲက သူမကို လာမကူသည့်အတွက် ဒေါသတွေ မတရား ထွက်နေခဲ့ကာ ဘယ်သူ့အပေါ် ဒေါသများ ပုံချရမလဲ မသိတော့ချေ။

ထိုအချိန်မှာပဲ ယွမ်အိမ်ထဲမှ ယွမ်ရိ ထွက်လာတာကိုမြင်လိုက်ရကာ သူမရဲ့ ဒေါသများ ပုံချစရာ ပစ်မှန်ရသွားတော့သည်။ ဒါ့ကြောင့် သူမက မြက်များကိုနုတ်နုတ်စဉ်းနေရင်းဖြင့် ...
"ယွမ်ရိ၊ နင် ဒီရက်ပိုင်း ဘယ်ကို သွားနေတာလဲ"

ယွမ်ရိကလည်း ကူးပြောင်းလာသူ တစ်ယောက် ဖြစ်တာနဲ့ အညီ အထာနက်ပေသည်။ ဒါ့ကြောင့် ဆန်းရှောင်ဟိုင်က သူမအပေါ် ဒေါသ ဖောက်ခွဲချင်နေမှန်းသိ၏။ သူမလည်း ခပ်အေးအေးဖြင့် ပြန်ပြောလိုက်သည်။
"ရွေသဖူ ရွာဘက်ကို အပ်ချုပ် သွားသင်နေတာပါ"

ထိုအဖြေကြောင့် ဆန်းရှောင်ဟိုင်က မချိပြုံး ပြုံးကာ ...
"ဟုတ်လို့လား ဟယ်၊ အပ်ချုပ်တဲ့ အဖိုးကြီးလောက် ဇီဇာကြောင်တာ အဲ့အဖိုးကြီးဘဲ ရှိတယ်။ နင့်ကို သင်ပေးနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

ယွမ်ရိက ...
"မယုံရင် ရွေသရဖူ ရွာက အပ်ချုပ်တဲ့ အဖိုးကို သွားမေးကြည့်ချေ"

"အိုး၊ အဲ့လူက နင့်ကို တကယ်ကြီး သင်ပေးနေတာလား၊ ကျားသားမိုးကြိုးတော့"
ဆန်းရှောင်ဟိုင်က ဆက်လက်ပြီးတော့ ...
"ငါ့အထင် နင့်က ပျင်းပြီး ဘာမှ မလုပ်ချင်လို့အကြောင်းပြချက် ရှာနေတာ ဖြစ်ရမယ်။ နင်ကတော့ အပြင်မှာ အလေလိုက်နေချိန် ရှောင်ကျဲကတော့ အိမ်အလုပ်မှန်သမျှ အကုန် သူမချည်း လုပ်နေရတယ်။ မနက်ကနေ မိုးချုပ်တဲ့အထိ သူမတစ်ယောက်တည်းပဲ။ တုံးအလိုက်တဲ့ ငါ့သမီးလေး၊လှည့်စားခံနေရတာတောင် သူမက အမှန်ကို မြင်နိုင်ရှာဘူး"

ထိုစကားကြောင့် ယွမ်ရိလည်း ပြုံးတယ် ဆိုရုံလေးပြုံးလိုက်ကာ ...
"ဒုတိယ အဒေါ်က ယွမ်ကျဲကို ဒီလောက်တောင် ချစ်မယ်လို့ ထင်တောင် မထားဘူး"
လို့ ပြောကာ ခွန်းတုံ့ပြန်လိုက်သည်။

ထိုစကားကြောင့် ဆန်းရှောင်ဟိုင် ခဏမျှ တိတ်ဆိတ်သွားခဲ့သော်လည်း ...
"ချစ်တာပေါ့၊ ရှောင်ကျဲကလည်း ငါ ကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ သမီးလေ"
လို့ မျက်‌နှာပြောင် တိုက်စွာ ပြောလိုက်၏။

ယွမ်ရိလည်း ဆန်းရှောင်ဟိုင်၏ စကားကြောင့်လှောင်ပြုံးပြုံးကာ ခနဲ့လိုက်သည်။
"အဒေါ့်ရဲ့ မျက်နှာက တကယ့်ကို အရေထူတာပဲ"

ယွမ်ရိ၏ ခနဲ့စကားကြောင့် ဆန်းရှောင်ဟိုင်လည်း ဒေါသတွေ အရမ်း ထွက်သွားကာ မြက်စဉ်းနေသည့် ဓားအားစဉ်းတီတုံးပေါ် ပစ်ချလိုက်သည်။ ထို့နောက် ယွမ်ရိအား ...
"ရှောင်ရိ၊ နင် လူကြီးကို ဘယ်လို စကားမျိုး ပြောလိုက်တာလဲ"

ယွမ်ရိလည်း အံ့ဩသွားသည့် ပုံဖမ်းကာ ...
"အိုး၊ အဒေါ် မကြားလိုက်ဖူးလား။ သမီး နောက်တစ်ခေါက်ရပြန်ပြောပေးရမှာလား ရှင့်"

ဆန်းရှောင်ဟိုင် တစ်ယောက် ဒေါသထွက်လွန်း၍ သူမ ရှေ့က ဓားဖြင့် ယွမ်ရိအား ခုတ်ထစ်ပစ်ချင်စိတ်ကို မနည်းမျိုသိပ်ထားလိုက်ရသည်။ ယွမ်ရိဟာသူမရဲ့သမီး မဟုတ်သည့်အပြင် ယွမ်မိသားစု၏ သားအကြီးဆုံး ဖြစ်သည့် စစ်အရာရှိ တစ်ဦးရဲ့သမီးဖြစ်တာမို့ သူမမှာ ယွမ်ရိအား တစ်ခုခု လုပ်ပစ်ဖို့ သတ္တိများ ရှိမနေခဲ့ပေ။

ဒါ့ကြောင့် သူမ လွှတ်ချထားသော ဓားကို ပြန်ကောက်ကိုင်ကာ သူမ၏ ဒေါသအား မြက်များကိုနုတ်နုတ် စဉ်းရင်း ဖြေလျော့နေလိုက်တော့သည်။

ယွမ်ကျဲကတော့ ကြက်များကို အစားကျွေးနေရင်းဖြင့် သူမ၏ အမေနဲ့ယွမ်ရိတို့၏ စကားများသံများကြောင့် အနည်းငယ် လန့်နေကာ အတွင်းကို ပြန်မဝင်သွားရဲသေးပဲ အပြင်မှာ ရပ်နေခဲ့သည်။

ထိုအချိန်မှာ အပြင်ကနေ လျူရှင်ဟွာ ပြန်လာတာကို ယွမ်ကျဲ တွေ့လိုက်ရသည်။ သူမလည်း သူမရဲ့အဖွား နောက်ကနေ အိမ်ထဲကို လိုက်ဝင်သွားတော့သည်။

လျူရှင်းဟွာကလည်း အိမ်ကို မရောက်ခင်ကတည်းက သူမြေးမနဲ့ ချွေးမတို့၏ စကားသံများကို ကြားနေခဲ့ရပါသည်။ သူမက ဘာမှမပြောဘဲ ယွမ်ရိကို ခေါ်လျက် အခန်းထဲ ဝင်သွားတော့သည်။

အခန်းထဲ ရောက်တာနဲ့ ယွမ်ရိက အရင်းဆုံး ပြောလိုက်သည်။
"သမီး ဒေါသတွေ ထွက်သွားလို့ပါ"

လျူရှင်းဟွာက
"အဲ့တာ သူနဲ့ တိုက်တန်တဲ့ဟာပဲ"

ထို့နောက် ခဏတိတ်ဆိတ်သွားကာ မြေးအဖွား နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်ကြသည်။

ယွမ်ရိဟာ‌ ဆန်းရှောင်ဟိုင် အကြောင်း ခေါင်းထဲထည့်မထားခဲ့ပေ။ ထို့နောက် မြေးအဖွား သုံးယောက်ဟာ စကား တပြောပြောဖြင့် ညစာအတွက် ပြင်ဆင်လိုက်ကြတော့သည်။
ယွမ်ကျီကောင်းနဲ့ယွမ်ချန်းရှန်တို့ပြန်လာချိန်မှာတော့ သူတို့မိသားစု အကုန်လုံး ပျော်ပျော်ရွှင်ရွှင်ညစာ စားကြတော့သည်။

ညာစာ စားနေရင်းဖြင့် ယွမ်ကျဲက ယွမ်ရိအား ...
"အစ်မ၊ နေ့လည်တုန်းက နင် ထမင်းစား ပြန်မလာလို့ ငါ လိုက်လာခဲ့တာ။ နင်တို့ စားနေတဲ့ ဟာတွေကအရမ်းမွှေးတာပဲ၊ ခြံအပြင်ကနေတောင် အနံ့တော်တော်ရတယ်"

ယွမ်ရိက အံ့အားသင့်သွားကာ ...
"နင် ငါ့ဆီ လိုက်လာခဲ့တာလား"
လို့ ပြန်မေးလိုက်သည်။

ယွမ်ကျဲက ခေါင်းညိတ်ပြလိုက်ကာ ...
"နေ့လည်က အစ်မ ပြန်မလာတော့ စိတ်ပူတာနဲ့ လိုက်လာခဲ့တာ၊ အစ်မနဲ့ အပ်ချူပ်ဆရာနဲ့ ထမင်းအတူတူ စားနေတာကို မြင်လိုက်တယ်လေ။အပ်ချုပ်ဆရာကို နည်းနည်း ကြောက်တာနဲ့ညီမလည်း မဝင်ခဲ့လိုက်တော့တာ"

ယွမ်ရိလည်း ယွမ်ကျဲအား ခေါင်းညိတ် ပြလိုက်ပြီး
"ကျေးဇူးတင်ပါတယ်"
လို့ ပြောလိုက်သည်။ ထို့နောက်
"ဒီနေ့ အဖိုးက သူ့ခြံထဲမှာ စိုက်ထားတဲ့ စပျစ်သီးတွေ ပေးလိုက်တယ်။ ညစာ စားပြီးရင် စပျစ်သီး စားကြရအောင်"

ထိုစကားကြောင့် ယွမ်ချန်းရှန်က ...
"မင်းရဲ့ဦးလေး ငါးက စပျစ်သီး မစားရတာတော်တော်တောင် ကြာနေပြီ။ ဒီနေ့တော့ စားရသေးတာပေါ့ကွာ"

ညစာ စားပြီးတဲ့နောက် ဟင်းခွက် ပန်းကန်းတွေကိုသေချာ သိမ်းဆည်း ဆေးကြောလိုက်ကြသည်။

ထို့နောက် ယွမ်ရိဟာ သူမရဲ့လွယ်အိတ်ထဲမှစပျစ်သီးများကို သွားယူကာ ရေဆေးလိုက်၏။ ပြီးနောက် ပန်းကန်းတစ်ခုအတွင်း သေချာထည့်ကာယွမ်မိသားစုဝင်များထံ ယူဆောင်သွားတော့သည်။

ယွမ်ချန်းရှန်းဟာ စပျစ်သီး ပန်းကန်ကို မြင်တာနဲ့ အရင်ဆုံး ယူလိုက်ကာ ပါးစပ်အတွင်း ထည့်ဝါးလိုက်သည်။ ထို့နောက် မျက်နှာများ တောက်ပသွားကာ ...
"အွန်း၊ တကယ် အရသာရှိပြီး ချိုနေတာဘဲ"

ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာလည်း စပျစ်သီးများကို ယူစားလိုက်ကြ၏။ ထို့နောက် ခေါင်းညိတ်ကာအရသာရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

တစ်ဖက်မှာတော့ ဆန်းရှောင်ဟိုင်နဲ့ ယွမ်ချန်းကွေ့တို့လည်း သူတို့ သားနှစ်ယောက်နဲ့ အတူ ညစာစားနေခဲ့ကြသည်။ သည်အချိန်မှာ ဆန်းရှောင်ဟိုင်ရဲ့ဒေါသတွေလည်း လွင့်ပြယ်သွားပြီ ဖြစ်၏။

သူမက လေသံအေးအေးလေးဖြင့် ...
"ချန်းကွေ့၊ ကျွန်မတို့ ရှောင်ကျဲကို ပြန်ခေါ်ကြရအောင်။ အခုဟာက သမီး မွေးထားပြီး ဘာမှ ခိုင်းလို့ မရ ဖြစ်နေပြီ"
လို့ ယွမ်‌ချန်းကွေ့အား ပြောလိုက်သည်။

ယွမ်ချန်းကွေ့ဟာ တကယ်တော့ သရဲဘောကြောင်သူ တစ်ယောက် ဖြစ်သည်။ ဒါ့ကြောင့် သူက
"အဲ့တာကို နောက်မှ ပြောမယ်ကွာ"
လို့ ပြောကာ စကားကို လှည့်ပတ် ရှောင်ဖို့ ကြိုးစားလိုက်သည်။

ဆန်းရှောင်ဟိုင်လည်း ယွမ်ချန်းကွေ့အား တည့်တည့်ကြည့်ကာ . 
"ရှင် ရှင့်မိဘတွေကို ကြောက်နေတာလား"

ယွမ်ချန်းကွေ့လည်း အနည်းငယ် စိတ်မရှည် ဖြစ်လာကာ ...
"ပြီးမှ ပြောမယ်လို့ ပြောနေတယ်လေ၊ ထမင်းကိုအေးအေးဆေးဆေး စားလို့ မရဘူးလား"
ယွမ်ချန်းကွေ့ရဲ့ စိတ်မရှည့်သည့် အမူအရာကို မြင်လိုက်တာနဲ့ သူမလည်း ဘာမှ ထပ်မပြောရဲတော့ပေ။

ယွမ်ရွယ်ဂျင်းနဲ့ ယွမ်ရဲဟွာကတော့ သူတို့ မိဘတွေရဲ့အခြေအနေကို စိတ်မဝင်စားကြ။ သူတို့အတွက်တော့ တစ်နေ့တစ်နေ့ ဆော့မယ်၊ စားမယ်သာ ဖြစ်သည်။

ညစာ စားပြီးသည့်နောက်မှာလည်း ယွမ်ရွယ်ဂျင်းနဲ့ယွမ်ရဲဟွာတို့ နှစ်ယောက်ဟာ အပြင်ကို ပြေးထွက်သွားကြပြန်တော့သည်။

မကြာခင်မှာ ညီအစ်ကိုနှစ်ယောက် သူတို့အိမ်ထဲ ပြန်ပြေးဝင်လာကြသည်။ ယွမ်ရဲဟွာက သူ့အမေနားသွားကာ ...
"အမေ၊ အဖိုး အဖွား၊ ဦးလေး ငါး၊ အစ်မ ယွမ်ကျဲနဲ့ယွမ်ရိတို့ ငါးယောက်က စပျစ်သီးတွေ စားနေကြတယ်"

ဒါကိုကြားတော့ ဆန်းရှောင်ဟိုင်က မယုံကြည်ပဲ
"မဖြစ်နိုင်တာ၊ သူတို့က စပျစ်သီးကို ဘယ်ကရမှာမို့လို့လဲ"

ယွမ်ရဲဟွာလည်း သူ့အစ်ကိုကြီး ယွမ်ရွယ်ဂျင်းကိုညွှန်ပြကာ ...
"အစ်ကိုကြီးရော ကျွန်တော်ပါ သူတို့အိမ်ရှေ့ကနေလှမ်းမြင်ခဲ့တာ။ သူတို့တွေ တကယ် စပျစ်သီး စားနေကြတယ်"

ထိုအရာကြောင့် ဆန်းရှောင်ဟိုင် ထိတ်လန့်သွားတော့သည်။
"မဖြစ်နိုင်တာ"

ယွမ်ရဲဟွာက
"အမေ မယုံဘူးဆိုရင်၊ ကျွန်တော်နဲ့ လိုက်ကြည့်လေ"

ဆန်းရှောင်ဟိုင်လည်း သူမ သားနဲ့အတူ ယွမ်အိမ်ရဲ့ရှေ့ကို အသာလေး သွားချောင်းလိုက်သည်။ ထိုအခါ ယွမ်ရိတို့ ငါးယောက် စပျစ်သီးကို ပျော်ပျော်ရွှင်ရွှင် စားနေကြသည့် မြင်ကွင်အား မြင်တွေ့လိုက်ရတော့သည်။

ထိုမြင်ကွင်းကို အတည်ပြုပြီးတာနဲ့ ထိုနေရာကနေတိတ်တဆိတ် ပြန်ထွက်လာတော့၏။

သူမ ပြန်ဝင်လာတာကို မြင်တာနဲ့ယွမ်ချန်ကွေ့က
"ဘယ်လိုလဲ၊ မင့် သား ပြောတာက မှန်သလား"

ဆန်းရှောင်ဟိုင်လည်း ခေါင်းညိတ်လိုက်ကာ
"ဟုတ်တယ်။ သူတို့တွေ တကယ်ကြီး စပျစ်သီးတွေ စားနေကြတာ"

ယွမ်ရဲဟွာက သူမရဲ့ အင်္ကျီစကို ဆွဲကာ ...
"အမေ၊ သားလည်း စပျစ်သီး စားချင်တယ်"
လို့ ပူဆာလိုက်သည်။

ဒါပေမယ့် သူမက လျစ်လျူရှူထားလိုက်၏။ထို့နောက် ယွမ်ချန်းကွေ့အား ...
"သူတို့တွေ စပျစ်သီးကို ဘယ်ကနေ ရကြတယ် ထင်လဲ"
လို့ မေးလိုက်၏။

ယွမ်ချန်းကွေ့က ခဏစဉ်းစားပြီးသည့်နောက်
"ဖန်းမင်းတောင်ပေါ်မှာ စပျစ်ပင်ကို တောင်ရဲ့အတွင်းပိုင်းမှာပဲ တွေ့နိုင်တာ များတယ်။ လူတွေအနီးမှာ ရှိတဲ့ စပျစ်ပင်ဆိုလို့ ရွှေသရဖူ ရွာကအပ်ချုပ်ဆရာ အဖိုးကြီးရဲ့အိမ်မှာပဲ ရှိတယ်။ ယွမ်ရိကလည်း အဲ့မှာ အပ်ချုပ် သွားသင်နေတာဆိုတော့သူတို့တွေ စပျစ်သီးကို အပ်ချုပ်ဆရာ အဖိုးကြီးထံကနေ ရတာ ဖြစ်နိုင်တယ်"
လို့ သူထင်တာကို ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး။ အပ်ချုပ်သမား အဖိုးကြီးက ကကျိုးကကြောင်နိုင်တဲ့ အဖိုးကြီး။ သူမကို စပျစ်သီးပေးတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
ဆန်းရှောင်ဟိုင်လည်း သူမရဲ့ ခေါင်းကို ငုံ့ကာတိုးတိုးလေး ရေရွတ်လိုက်၏။

"မဟုတ်မှ၊ သူမ ခိုးလာတာများလား"

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Tempat cerita menjadi hidup. Temukan sekarang