Chapter 19

1.9K 243 0
                                    

အပိုင်း - ၁၉

ယွမ်ရိဟာ အဖိုးဆောင်းအိမ်ကနေ ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့တော့သည်။ သူမ၏ လွယ်အိတ်ဟာလည်း စာအုပ်တွေအပြင် မက်မွန့်မုန့်တွေကြောင့်ရော ဖောင်းကားနေ၏။

သူမက ဖန်းယန်ရွာကို ပြန်တဲ့လမ်းမှာ ယွမ်ကျဲနဲ့ တွေ့ကာ လင်းယောင်ထံမှာ ပညာသင််ဖို့ ညီအစ်မ နှစ်ယောက် ထွက်လာခဲ့တော့၏။

လင်းယောင်ဟာ စာအုပ် တစ်အုပ်ကို ဖတ်လျက်ကျောက်တုံးကြီး တစ်တုံး၏ ဘေးမှာ ထိုင်၍ ယွမ်ရိတို့ကို စောင့်မျှော်နေခဲ့၏။ ယွမ်ရိတို့ ညီအစ်မ နှစ်ယောက် လာနေတာကို မြင်တာနဲ့ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ကာ မတ်တပ်ရပ်ရင်း နှုတ်ဆက်လိုက်တော့သည်။

သူ ကိုယ်တိုင်ကလည်း ကျောင်းမတတ်ရတာ တော်တော်လေး ကြာနေပြီ ဖြစ်၏။ ဖန်းမင်းတောင်ပေါ်ကို ရောက်လာပြီးကတည်းက ကျောင်းမှာ စာသွားသင်ရခြင်း မရှိတော့ပေ။ ဒါပေမယ့် သူက အလယ်တန်းကို အောင်မြင်သွားခဲ့ပြီ ဖြစ်တဲ့အပြင် အထက်တန််းကိုပါ သိသင့် သိထိုက်သလောက် သင်ယူ ပြီးသွားပြီ ဖြစ်သည်။

သူ မသိတာ တချိူ့ ရှိလာပါကလည်း သူ့ မိဘများကို မေးကြည့်လိုက်ရုံပင်။ ဒါ့ကြောင့် သူက ယွမ်ရိတို့ညီအစ်မ နှစ်ယောက်ကို စာသင်ကြားပေးရာမှာအခက်အခဲ မရှိသလောက်ပင် ဖြစ်၏။ ဒါပေမယ့် သူ့ရဲ့အသက်က ငယ်ရွယ်သေးသည့်အပြင် စာသင်ကြားသည့် အတွေအကြုံလည်း မရှိသေး၍ သူသင်ကြားသည့် နည်းလမ်းဟာ မှန်ကန်ရဲ့လား၊ မမှန်ကန်ဘူးလား ဆိုတာကို သူကိုယ်တိုင်လည်း မသိချေ။ သူ သိတာက ယွမ်ရိတို့ကို သူ သိသည့်အတိုင်း အကောင်းဆုံး သင်ကြားပေးနေတယ်ဆိုပင်။

ယွမ်ရိနဲ့ယွမ်ကျဲကလည်း သူ သင်ပေးသမျှကို သေချာ လေးလေးနက်နက် သင်ယူကြ၏။ ဒါ့ကြောင့် လင်းယောင်အတွက် စာသင်ပေးရတာအားအင်တွေ ရှိလာတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ လင်းယောင်ရဲ့ဘေးက ကျောက်တုံးကြီးကို ဝိုင်းထိုင်လိုက်ကာ
မနေ့က သင်ယူခဲ့သည့် သင်ခန်းစာ တချို့ကို ပြန်လှန် လေ့ကျင့်နေခဲ့ကြ၏။‌ ပြန်လည် လေ့ကျင့်ပြီးတဲ့နောက် လင်းယောင်က သင်ခန်းစာ အသစ်တချို့ကို သင်ကြားပေးလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now