Chapter 26 -1

1.5K 199 0
                                    

အပိုင်း - ၂၆

အိမ်အတွင်းထဲမှ ယွမ်ရိနဲ့ယွမ်ချီကျီတို့လည်း အပြင်ဘက်မှအသံများကို ကြားလိုက်ကြပေသည်။
 
အထူးသဖြင့် ယွမ်ချီကျီဟာ သူမသားငယ်၏အသံကိုကြားပြီးသည့်နောက် မျက်ရည်များပင်ဝိုင်းလာတော့သည်။ ဒါ့ကြောင့် ယွမ်ရိလည်း သူမအဒေါ်၏လက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်ရ၏။
အပြင်မှာတော့။
 
လျူရှင်းဟွာရော ယွမ်ကျဲရောက်ကပါ လျူရှောင်းတို့သားအဖအား လျစ်လျူရှုထားသည်။ လျူရှင်းဟွာက ဝက်စာ၊ ကြက်စာတွေကိုသာ နုတ်နုတ်စဉ်းနေခဲ့၏။
 
ခဏမျှနုတ်နုတ်စဉ်းပြီးတဲ့နောက်မှာ သူမကထရပ်လိုက်ပြီး အိမ်တံခါးကိုပိတ်လိုက်တော့သည်။ ပိတ်ပြီးတဲ့နောက်မှာ ဝက်စာ၊ ကြက်စာတွေကို ဆက်လက်ပြီး နုတ်နုတ်စဉ်းနေလိုက်၏။
 
လျူရှောင်းဟာ ပိတ်ထားသောအိမ်တံခါးကို အတင်းဖွင့်ဝင်ပြီး သူ့ဇနီးယွမ်ချီကျီကို သွားမတွေ့ဝံ့ပေ။ ဒါ့ကြောင့် သူအပြင်မှာရှိနေသည့် လျူရှင်းဟွာရှေ့သို့ မျက်နှာငယ်လေးဖြင့် သွားရပ်လိုက်သည်။ သူ့‌မျက်နှာပေါ်မှ အရှင်းမပျောက်သေးသည့်ဒဏ်ရာဒဏ်ချက်များကြောင့် သူ့ရဲ့ပုံစံဟာ အလွန်ပင် သနားစရာကောင်းနေတော့သည်။
 
လျူရှင်းဟွာလည်း ခုတ်ထစ်နေရင်းဖြင့်
"ငါ့ကိုအမေလို့ မခေါ်နဲ့။ ငါ့မှာ လျူမျိုးရိုးနဲ့သား‌တစ်ယောက်မှ မရှိဘူး" လို့ မာမာထန်ထန်ပြောလိုက်သည်။
 
ဒါ့ကြောင့် လျူရှင်းလည်း အသံတိတ်သွားတော့သည်။ သူကသူ့ဘေးမှသားငယ်ကို သူ့အဖွားထံ တိုးပေးလိုက်၏။
 
ကလေးက
 
လျူရှင်းဟွာက
"မင်းမေမေက မင်းအဖေသတ်လိုက်လို့ သေပြီးသွားပြီလေ။ ဒါ့ကြောင့် လာရှာမနေနဲ့တော့"
 
ဒါကိုကြားတော့ ကလေးဟာဝမ်းနည်းတကြီးဖြစ်သွားပြီး အာခေါင်ခြစ်အော်ငိုတော့သည်။
 
လျူရှောင်းက သူ့သားငိုနေတာကို ချော့မော့ခြင်းမပြုခဲ့ပေ။ သူ့စိတ်ထဲမှာ သားငယ်သာအော်ငိုနေပါက ယွမ်ချီကျီအိမ်ထဲကနေ ထွက်လာနိုင်တယ်လို့ပင်။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ ကလေးကသာ ငိုယိုနေခဲ့ကာ ယွမ်ချီကျီကတော့ အိမ်ထဲကနေ ထွက်လာခြင်းမရှိခဲ့ပေ။
ဒါ့ကြောင့် လျူရှောင်းလည်း အိမ်ထဲကိုကြည့်ရင်း အသံမြှင့်လျက်
"ချီကျီ၊ ငါမင်းကိုလာခေါ်တာ။ ငါနဲ့အတူတူ အိမ်ပြန်လိုက်ခဲ့တော့" လို့ အော်ပြောလိုက်တော့သည်။
ယွမ်ရိလည်း ယွမ်ချီကျီလက်အား ဆုပ်ကိုင်ရင်းဖြင့် မျက်မှောင်ကြုတ်လိုက်မိတော့သည်။
'လျူရှောင်းဆိုတဲ့သူက တော်တော်ဉာဏ်များတဲ့လူပဲ။ တတိယအဒေါ်ရဲ့စိတ်နှလုံးနူးညံ့မှုကို အခွင့်ကောင်း‌ယူနေတာပဲ။ တတိယအဒေါ်အနေနဲ့ ကိုယ့်ကလေးကအပြင်မှာ ဒီလောက်ငိုယိုနေတော့ တော်တော်လေးစိတ်ထိန်းထားရမှာ။ ဒီလူက တတိယအဒေါ်ကိုမရမကပြန်ခေါ်ဖို့များ တွေးထားတာလားမသိဘူး'
အမှန်တကယ်လည်း လျူရှောင်းက သူ့မိန်းမကိုမရမကပြန်ခေါ်ဖို့ ဆုံးဖြတ်ထား၏။ ဒါမှသာ သူ့မိန်းမကိုအိမ်မှာအလုပ်လုပ်ခိုင်းရင်း သူနဲ့သားသမီးလေးယောက်ဟာ အေးအေးချမ်းချမ်းနဲ့ နေရမှာမို့လို့ပင်။
လျူရှင်းဟွာလည်း အော်ကြီးဟစ်ကျယ်ပြောနေသည့် လျူရှောင်းကြောင့် ဒေါသထွက်သွား၏။ ဒါ့ကြောင့် သူမက လက်ထဲကဓားကိုချလိုက်ပြီး ငိုယိုနေသည့်ကလေးငယ်အား
"ဒီမယ်ငါ့မြေး။ မင်းငိုနေလို့လည်း အသုံးမဝင်ဘူး။မင်းအမေကို မင်းအဖေသတ်လို့သေသွားပြီလို့ အဖွားပြောနေတယ်လေ။ ဒါကိုတောင်မှ ငိုဦးမယ်ဆိုလည်း ဆက်ငိုပေါ့" လို့ ပြောလိုက်သည်။
"မင်းလည်း ထွက်သွားတော့။ ကလေးကိုခေါ်ပြီးတာနဲ့ ငါ့အိမ်ကနေ ချက်ချင်းထွက်သွားတော့"
 
လျူရှောင်လည်း နောက်ကိုခြေလှမ်းနည်းနည်းဆုတ်လိုက်ပြီး ဦးညွှတ်ကာ
"အမေ။ ကျွန်တော့်အမှားကို ကျွန်တော်သိပါပြီ။ ချီကျီကိုလည်း သေသေချာချာတောင်းပန်ပါ့မယ်။ သူမသာကျွန်တော့်ကိုခွင့်လွှတ်ပြီး ကျွန်တော်နဲ့ပြန်လိုက်ခဲ့ရင် ကျွန်တော့်ကိုတစ်သက်လုံး 'နွား'လို့ ခေါ်ချင်ရင်ခေါ်နိုင်တယ်"
 
လျူရှင်းဟွာလည်း လျူရှောင်းအား မျက်လုံးများမှေးကြည့်ရင်းဖြင့်
"အခုပြောတဲ့စကားတွေကို နင့်အမေသင်ပေးလိုက်တာမလား"
 
လျူရှောင်း : "......."
 
လျူရှင်းဟွာက ဓားကိုပြန်ကောက်ကိုင်းရင်း ဝက်စာ၊ ကြက်စာတွေကို ပြန်နုတ်နုတ်စဉ်းလိုက်ကာ
"အရင်တုန်းကတော့ နင့်ကိုရိုးရိုးအေးအေးလေး၊ လူလိမ္မာလေးဖြစ်မယ်ဆိုပြီး ငါ့သမီးနဲ့လက်ထပ်ပေးခဲ့တာ။ ဒါပေမဲ့ နင့်ရဲ့လုပ်ပုံက အခုတော့ကောင်းသေးရဲ့လား။ ငါ့တို့ရဲ့ချီကျီက နင်နဲ့ပြန်လိုက်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အခုချက်ချင်းပြန်တော့။ တော်ကြာ အိမ်က အဖိုးကြီးနဲ့ချန်းရှန်တို့ရောက်လာရင် နင့်အတွက် မလွယ်ဘူးဖြစ်သွားလိမ့်မယ်"
"ငါတို့ယွမ်မိသားစုက လူတွေရဲ့အပြောကို ဂရုစိုက်တတ်တဲ့သူတွေများ ထင်နေတာလား။ ငါတို့မိသားစုမှာ ချီကျီကို လုံလုံခြုံခြုံကာကွယ်စောင့်ရှောက်နိုင်စွမ်း အပြည့်ရှိပါသေးတယ်။ ငါ့သမီးက နင်နဲ့အိမ်ထောင်သက်ဆယ်နှစ်ကျော်အတွင်းမှာ သားသမီးလေးယောက် မွေးပေးခဲ့ပြီး အိမ်အလုပ်ကိုလည်း ပိုင်ပိုင်နိုင်နိုင်လုပ်ပေးခဲ့တယ်။ နင့်အပေါ်မှာလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်နော်။ ဒါကိုတောင်မှ ဘာလို့များငါ့သမီးချီကျီ့ကို ရိုက်နှက်ရတာလဲ"
လျူရှင်းဟွာ၏ကြိမ်းမောင်းမှုကို ခံလိုက်ရတာကြောင့် လျူရှောင်း၏မျက်နှာဟာ မဲမှောင်သွားတော့သည်။
ယွမ်ကျဲကလည်း သူမ၏အဖွားကို ဝိုင်းကူကာထည့်လိုက်၏။ ထည့်ပြီးသွားသည့်နောက် ဖွဲနုများယူဖို့အတွက် အိမ်ထဲကိုဝင်ရန် လျူရှင်းဟွာကပိတ်ထားသောတံခါးကို ပြန်ဖွင့်လိုက်တော့သည်။ ပြီးတာနဲ့အိမ်ထဲကိုဝင်သွား၏။
 
ယွမ်ရိလည်း ယွမ်ချီကျီအား ဆွဲထူဖို့ပြင်လိုက်ချိန်မှာပဲ ယွမ်ချီကျီက သူမလက်ကို‌ရှောင်၍ မတ်တပ်ထရပ်လိုက်တော့သည်။ သူမမျက်နှာပေါ်မှ မျက်ရည်များကိုလည်း သုတ်ဖယ်လိုက်၏။
 
လျူရှင်းဟွာနဲ့ယွမ်ရိတို့ဟာ သူမဘာဆက်လုပ်မလဲဆိုတာကို ရပ်ကြည့်နေကြ၏။
 
ယွမ်ချီကျီက မျက်ရည်သုတ်ပြီးတာနဲ့ သူ့အမေလက်ထဲမှခွက်ကိုယူကာ မီးဖိုချောင်ထဲဝင်သွားတော့သည်။ ထိုခွက်ဖြင့် မီးဖိုချောင်ထဲမှ ဖွဲနုတစ်ခွက်ခပ်ခဲ့ကာ အိမ်အပြင်ထွက်ဖို့ပြင်တော့သည်။
 
ဒါကိုမြင်တော့ လျူရှင်းဟွာလည်း အိမ်တံခါးကိုအမြန်ပိတ်ဖို့ ပြင်လိုက်သည်။ သူမက လျူရှောင်းအား သူမသမီး၏မျက်နှာအား မမြင်တွေ့စေလိုပေ။
"သားငယ်ကိုခေါ်ပြီး နင်ထွက်သွားလိုက်တော့။ ပြီးရင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြတာပေါ့"
လျူရှောင်းလည်း ယွမ်ချီကျီ၏အသံကြောင့် မျက်မှောင်ကြုတ်ကာ
လျူရှင်းဟွာဟာ ထိုစကားကြောင့် သူမသမီးကို ပြန်လှည့်ကြည်မိလိုက်၏။ ယွမ်ရိနဲ့ယွမ်ကျဲလည်း သူမတို့၏အဒေါ်အား တိတ်တဆိတ်ဖြင့် ကြည့်နေခဲ့ကြသည်။
 
လျူရှောင်းက သူ့ဘေးမှသားငယ်အားဆွဲကာ
"မင်းအရမ်းရက်စက်တဲ့မိန်းမပဲ။ မင်းရဲ့ကလေးတွေမျက်နှာကိုတောင်မှ မထောက်တော့ဘူးလားကွာ"
 
ယွမ်ချီကျီလည်း ကျဆင်းလာသည့်မျက်ရည်တွေကိုသုတ်လိုက်ပြီး
"လျူရှောင်း။ ဒီနှစ်တွေထဲ နင့်အိမ်မှာငါသည်းခံပြီးနေခဲ့တာ ငါ့သားသမီးတွေရဲ့မျက်နှာကြောင့်ပဲ။ ငါဘယ်လောက်ပဲ နင့်ဆီကအရိုက်ခံရပါစေ ဘယ်သူ့ကိုမှမပြောပဲ မျိုသိပ်ထားခဲ့တယ်။ တစ်နေ့ နင်ပြောင်းလဲလာနိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုနဲ့ပေါ့။"
 
အရင်တုန်းက သူမဟာ ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်ခဲ့ချေ။ သူမအတွက် တစ်နေ့ လျူရှောင်းဟာ ပြောင်းလဲသွားပြီး သူမတို့မိသားစုတစ်စုလုံး ပျော်ပျော်ရွှင်ရွှင် နေသွားရလိမ့်မယ်လို့ တွေးထားခဲ့တာပင်။
 
ဒါပေမယ့် ထိုအရာက မဖြစ်နိုင်တော့မှန်း နားလည်သွားပြီးတဲ့နောက် သူမက သေချာသည့်ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲဝံ့ဝံ့ချလိုက်ခြင်း ဖြစ်ပေသည်။
 
"နင့်ယောက်ဖလာနေပြီ" ဆိုသည့်အသံကို ကြားလိုက်သည်။
ဒါ့ကြောင့် သူ့ခေါင်းကိုလှည့်ကြည့်လိုက်သည့်အခါမှာ ယွမ်ချန်းကွေ့ကို မြင်တွေ့လိုက်ရ၏။ ဒါ့ကြောင့် သူက
 
ယွမ်ချန်းကွေ့ကလည်း ခေါင်းညိတ်အသိအမှတ်ပြုလိုက်ပြီး
"ဟုတ်ပါတယ်"
ယွမ်ချန်းကွေ့လည်း ခပ်တည်းတည်ဖြင့် ယွမ်အိမ်ထဲဝင်သွားပြီး ယွမ်ချီကျီအား
"တတိယညီမ။ ဟိုမှာနင့်ယောက်ျားက နင့်ကိုကိုယ်တိုင်လာခေါ်နေပြီ။ အထုပ်အပိုးတွေပြင်ပီ မြန်မြန်လိုက်သွားတော့လေ။ ဒါမှ နင်တို့မိသားစုတစ်စုတစ်စည်းတည်း ဖြစ်မှာပေါ့ကွ"
ရုတ်တရက် သူက သူ့တို့အိမ်ဘက်ကနေ ဆန်းရှောင်ဟိုင်က အမူအရာဖြင့်ခေါ်နေတာကို မြင်လိုက်ရသည်။ ဒါ့ကြောင့်မို့လို့ လျူရှောင်းအား နှုတ်ဆက်ပြီးယွမ်အိမ်ကနေ သူတို့အိမ်ဘက်သို့ ထွက်လာခဲ့တော့သည်။
ယွမ်ချန်းကွေ့လည်း သက်ပြင်းအသာချလိုက်ပြီး
"သူမက သေချာမစဉ်းစားတော့ဘူးလား။ တကယ်လို့ သူမကွာရှင်းခဲ့ရင် သူမအနေနဲ့ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံ့ချမှုတွေကို ခံရမှာလေ။ သူမတစ်ယောက်တည်းတောင် မဟုတ်ဘူး။ မိသာစုဝင်တိုင်းပတ်ဝန်းကျင်ရဲ့ရှုံ့ချမှုကို ခံကြရမှာ။ ဒါကတွေးကြည့်လိုက်ရုံလေးနဲ့တင်ကို တော်တော်အရှက်ရစရာပဲကွ"
 
ဆန်းရှောင်ဟိုင်ကလည်း
"တကယ်လို့ သူမကွာရှင်းခဲ့ပြီထားဦး။ သူမအသက်ကြီးလာတဲ့အခါ ဆေးပေးမီးယူလုပ်ပေးမယ့်သူ မရှိတဲ့အခါကျ သူမ‌ဒုက္ခတွေ့တော့မှာလေ"
 
ယွမ်ချန်းကွေ့ကလည်း
"ဒီကိစ္စမှာ အဖေနဲ့အမေတို့ ထောက်ခံတာတွေလည်းပါရမယ်။ မဟုတ်ရင် ချီကျီတစ်ယောက်တည်း ကွာရှင်းဖို့ဆုံးဖြတ်ချက်ကို ချခဲ့မှာမဟုတ်ဘူး"
 
တစ်ဖက် ယွမ်အိမ်မှာတော့။
ယွမ်ချီကောင်းနဲ့ ယွမ်ချန်းရှန်တို့လည်း အိမ်ကိုပြန်ရောက်လာကြပြီ ဖြစ်သည်။ သူတို့က လျူရှောင်းကိုမြင်တာနဲ့ မျက်နှာတွေတည်တင်းသွားကာ
"မင်းဒီကို ဘာလာလုပ်တာလဲ။ ငါတို့အိမ်ကနေ မင်းကိုမကြိုဆိုဘူး။ မြန်မြန်ထွက်သွားစမ်း"
လျူရှောင်းလည်း သူ့သားငယ်ကိုပွေ့လျက် ယွမ်ကျီကောင်းအား
 
"ငါ့မျိုးရိုးကယွမ်ကွ။ လျူမဟုတ်ဘူး"
 
လျူရှောင်းလည်း နည်းနည်းရှက်သွားတော့သည်။
ကလေးငယ်ဟာ ဒီအချိန်မှာအော်ဟစ်ငိုယိုတာမျိုး မရှိတော့ပေမယ့် မျက်ရည်ကျနေဆဲပင်။ လမ်းခရီးတစ်လျှောက် မျက်နှာပေါ်တင်လာသည့်ဖုန်များဟာ မျက်ရည်များဖြင့်ရော၍ ကလေးငယ်၏မျက်နှာပေါ်ဝယ် ‌ပေပွနေတော့သည်။
ယွမ်ချန်းရှန်လည်း ယွမ်ကျီကောင်းနောက်ကနေတဆင့် အိမ်ထဲဝင်ဖို့ ပြင်လိုက်၏။ သူက အိမ်ထဲမဝင်ခင်မှာ လျူရှောင်းအား
"ငါ့အမက မင်းနဲ့ပြန်လိုက်မှာမဟုတ်ဘူး။ မင်းရဲ့သားကိုခေါ်ပြီး ပြန်လိုက်တော့။ ဒါတွေအားလုံးက မင်းလုပ်လို့ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ" လို့ ပြောခဲ့လိုက်၏။
လျူရှောင်းဟာ မူလက နည်းနည်းပါးပါးတောင်းပန်လိုက်တာနဲ့ ယွမ်ချီကျီတစ်ယောက် စိတ်ပျော့ကာ သူနဲ့အတူ အိမ်ပြန်လိုက်လာမယ်လို့ ထင်ထားတာပါ။
အဘယ့်ကြောင့်ဆိုသော် ဆယ်နှစ်တာကြာအောင် အတူနေထိုင်ပြီးသည့်နောက် သူ့မိန်းမ၏စိတ်က ဘယ်လောက်နူးညံ့ကြောင်း သိထားခဲ့လို့ပင်။ ဒါပေမယ့် မမျှော်လင့်စွာပင် ယွမ်ချီကျီဟာ ဒီတစ်ကြိမ်မှာတော့ အလွန်အမင်းခေါင်းမာနေခဲ့၏။
လျူရှောင်းလည်း အလွန်ထိတ်လန့်သွားပြီး ကမန်းကတန်းဖြင့်
"ငါဆိုလိုတာက အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူး။ ပြီးတော့ ငါ့ကိုရိုက်နှက်ခဲ့တဲ့အတွက်တောင်မှ ငါမင်းကိုကျေးဇူးတင်နေတာပါကွာ။ အတိတ်ကငါက မှားယွင်းနေတဲ့သူတစ်ယောက်ပါကွာ။ အခုချိန်မှာ ငါ့ကိုယ်ငါပြင်ဆင်ပြီးသွားပါပြီကွာ။ ချီကျီသာငါနဲ့ပြန်လိုက်ခဲ့မယ်ဆိုရင် သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ့မယ်"
 
ယွမ်ချန်းရှန်က
"မင်းပြောတဲ့အတိုင်း ဖြစ်ပါ့မယ်လို့ အာမခံနိုင်လား"
 
လျူရှောင်းက တစ်ခုခုပြန်ပြောဖို့ ပြင်လိုက်ချိန်မှာပဲ ယွမ်ချီကျီ၏အသံက ဝက်စာတွေနှယ်နေရင်းကြားကနေ ထွက်လာတော့သည်။
"အာမ မခံနဲ့တော့။ ဒီအိမ်ထောင်ရေးကို ငါဆယ်နှစ်ကြာအောင် သည်းခံခဲ့ရပြီးပြီ။ အခုချိန်မှာတော့ ငါတို့တွေ ကွာရှင်းပြီး အိမ်ထောင်ရေးကိုအဆုံးသတ်ကြတာပေါ့"
 
ယွမ်ချီကျီ၏စကားကြောင့် လျူရှောင်းလည်းဒေါသတွေထွက်လာကာ သတိလက်လွတ်ဖြစ်ပြီး
"ယွမ်ချီကျီ။ မင်းရူးသွားပြီလား"
 
လျူရှောင်းဟာ ထိုစကားကိုပြောပြီးသွားမှ သူရောက်နေတာက ယွမ်အိမ်မှာဖြစ်သည့်အပြင် သူ့အနီးမှာယွမ်ချန်းရှန်လည်း ရှိနေသေးတာကို သတိရသွား၏။ဒါ့ကြောင့်အရှိန်ထိန်း၍ စကားကို ရပ်တန့်လိုက်ရသည်။
ဒါပေမယ့် အချိန်နှောင်းသွားပေပြီ။ ယွမ်ချန်းရှန်ကလျူရှောင်း၏စကားတွေကြောင့် ဒေါသတကြီးဖြစ်ကာ လျူရှောင်းအား ပြေးကန်လိုက်တော့သည်။
လျူရှောင်လည်း အကန်ခံလိုက်ရကာ မြေပြင်ပေါ်လဲကျသွားပြီတဲ့နောက်
"မင်းတို့ စကားကောင်းကောင်းပြောနေတုန်း လက်မပါနဲ့လေ။ အကျိုးသင့်အကြောင်းသင့် စကားပြောလို့မရဘူးလားကွ"
ထိုအခါ ကလေးလည်း ယွမ်ချန်းရှန်အားကြောက်ကာ မျက်ရည်များစီးကျနေတာကလွဲလို့ ဘာအသံမှ မထွက်ရဲတော့ချေ။
ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်လည်း သူတို့၏အိမ်ဘက်ကနေ အခြေအနေကိုစောင့်ကြည့်နေကြ၏။ ယွမ်ချန်းကွေ့၏အပြုအမူကြောင့် ဆန်းရှောင်ဟိုင်က သူမ၏ယောက်ျားအား
ယွမ်ချန်းကွေ့လည်း ယွမ်ချန်းရှန်၏လုပ်ပုံတွေကို သည်းမခံနိုင်တော့ပေ။ ဒါ့ကြောင့်သွားကာ တားဆီးဖို့ပြင်လိုက်၏။ ဒါပေမယ့် ဆန်းရှောင်ဟိုင်က တားလိုက်ကာ
"ကိုယ်ဘာသာကိုယ် နေစမ်းပါတော်။ တော်ကြာနေ ကိုယ်ပါပြဿနာကြားထဲ ညပ်ပါသွားလိမ့်မယ်ရှင့်"
 
မယားစကားဆို မပယ်ရှားတဲ့ယွမ်ချန်းကွေ့လည်း မသွားတော့ပဲ အသာလေးနေလိုက်တော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now