Chapter 64

725 91 1
                                    

Chapter 64.1
အပိုင်း - ၆၄.၁

ရူကျောင်းတို့အုပ်စုက ယွမ်ရိတို့အိမ်နားထိအောင်လိုက်လာကြသည်။ ယွမ်ရိတို့အိမ်နားရောက်မှ တခြားသို့လမ်းခွဲသွားတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲဟာ အိမ်ကိုရောက်တာနဲ့ ကျောင်းဝတ်စုံတွေလဲကာ ခြေရေလက်ရေ သပ်ခဲ့ကြ၏။ ပြီးတာနဲ့ အခန်းထဲဝင်ကာ ကျောင်းမှ သင်လိုက်သည့်သင်ခန်းစာများအား ပြန်လည်ကာ လေ့ကျင့်ကြတော့သည်။

ယွမ်ချူးရွယ်သည်လည်း သူမတို့အခန်းထဲကိုရောက်လာကာ သူမတို့နဲ့အတူတူ စာတွေလေ့လာခဲ့ကြသည်။

အောက်ထပ်မီးဖို‌ချောင်မှာတော့ ဖန်းရှူံးယန်ဟာ မိသားစုအတွက် ချက်ပြုတ်နေ၏။ ထိုအချိန်မှာဘဲ ယွမ်ချန်းဖူတစ်ယောက် အိမ်ပြန်ရောက်လာတော့သည်။

ယွမ်ချန်းဖူဟာ အိမ်ပြန်ရောက်လျှင်ရောက်ချင်း မီးဖိုချောင်အတွင်းသို့ဝင်ကာ ဖန်းရှုံးယန်နဲ့ တွေ့ဆုံလိုက်၏။ ဖန်းရှုံးယန်ကို မြင်သည့်အခါ ယွမ်ချန်းဖူမျက်မှောင်ကြုတ်လိုက်မိ၏။

အဘယ်ကြောင့်ဆိုသော် ဖန်းရှုံးယန်၏မျက်ဝန်းများက နီရဲနေကာ ငိုထားသည့်ပုံပေါက်နေလို့ပင်။

"ဘာဖြစ်တာလဲ။ ဘာဖြစ်လို့ မင်းမျက်လုံးတွေနီရဲနေရတာလဲ။ တစ်ယောက်ယောက်နဲ့ စကားများခဲ့လို့လား"
သူက မေးလိုက်၏။

ထိုအခါ ဖန်းရှုံးယန်က
"ဘာဖြစ်ရမှာလဲ။ ရှင့်သမီးယွမ်ရိကြောင့်ပေါ့။ နေ့လည်တုန်းက သူမက ကျွန်မဆုံးမတဲ့စကားတွေကို နားမထောင်တဲ့အပြင် ချူးဝမ်ကိုလည်း စိတ်ထိခိုက်စေမယ့်စကားတွေနဲ့ ပြောဆိုဆက်ဆံခဲ့တယ်။ အဆိုးဆုံးကတော့ သူမက ချူးယန်ရဲ့ပါးကိုရိုက်လိုက်တာဘဲ။ချူးယန်ခမျာ ပါးပြင်တစ်ခုလုံး နီရဲရောင်ကိုင်းနေတာဘဲ"
ဟု ‌ယွမ်ရိအကြောင်းများအား သူမယောက်ျားထံတိုင်တန်းလိုက်၏။

ယွမ်ချန်းဖူလည်း သူ့မိန်းမစကားကြောင့် မျက်မှောင်ကြုတ်ကာ
"ဘာဖြစ်ရပြန်တာတုန်း။ ရှောင်ရိက သူ့ဘာသာသူအနေအေးတဲ့မိန်းကလေးပါဟ။ နင်တို့တွေကဘဲ ရှောင်ရိကို မခံချင်အောင် တစ်ခုခုပြောလိုက်မိတာမလား"
ဟု ထပ်မေးလိုက်ပြသည်။

ဖန်းရှုံးယန်က သူ့မလက်ထဲက ဓားကိုဆောင့်ချလိုက်ကာ
"ရှင်မသိဘဲနဲ့ ဘာမှရမ်းမပြောနဲ့။ ကျွန်မက ယွမ်ရိနဲ့ယွမ်ကျဲကို ဘိုးဘေးတွေလိုမျိုး ထား,ထားတာပါတော်။ သူမတို့ကို တံမြက်စည်းလှဲခိုင်းတာတွေ၊ ပန်းကန်ဆေးခိုင်းတာတွေလုံးဝမလုပ်ခိုင်းဘဲ စားစရာသောက်စရာရိုပါ အရန်သင့်ပြင်ဆင်ပေးတဲ့သူပါရှင့်။သူမတို့ကတော့ အပေါ်ထပ်က အခန်းထဲမှာ အေးအေးဆေးဆေးနှပ်နေကြတာကိုတောင်မှ ကျွန်မတစ်ခွန်းမှ မပြောခဲ့ပါဘူးရှင်။ ဒီနေ့ ဖြစ်သွားတဲ့ ပြဿနာကလည်း သူမအပြင်မှာ ဒုက္ခရောက်မှာစိုးလို့ ဆုံးမလိုက်ရာကနေ ဖြစ်သွားတာပါရှင်။ ကျွန်မဘဝကြီးကလည်းနော် ကိုယ်မွေးထားတဲ့သားသမီးကိုတောင်မှ ဆုံးမပိုင်ခွင့်မရှိတော့ပါလား။ အဖြစ်ဆိုးလိုက်တာရှင်"
ဟု ညီးချင်းချလိုက်တော့သည်။
ယွမ်ချန်းဖူက
"ရှောင်ရှိက အပြင်မှာ ဘာတွေများ ဖြစ်လာလို့တုန်း"
ဟု ထပ်မေးလိုက်၏။

"ဪ ဘာဖြစ်ရမှာတုန်း။ သူမက ကျောင်းကို အလှအပတွေပြင်ဆင်ပြီး သွားတယ်လေ။ ဟိုရောက်တော့လည်း လူတွေရဲ့အာရုံစိုက်မှုကိုမရ ရအောင်လုပ်ယူနေတယ်ဆိုဘဲ။ ပြီးတော့ တပ်မှူးရဲ့သား ရူကျောင်းနဲ့လည်း တပူးပူးတတွဲတွဲနဲ့တဲ့။ဒါ့ကြောင့် မဖြစ်သင့်တာမဖြစ်ရအောင် ဆုံးမတာလေ။ ဒါကိုမနာခံဘဲ ကလန်ကဆန်ပြန်လုပ်တာတော့"

"နောက်ထပ်ရော ဘာရှိသေးလဲ"
ယွမ်ချန်းဖူက မေးလိုက်၏။

ဖနရှုံးယန်က
"ဘာရှိရဦးမှာတုန်း။ ဒါဘဲလေ။ အဓိက,က သူမက ကျောင်းမှာ လူတွေရဲ့အာရုံစိုက်ရာဖြစ်နေတာဘဲ။ ဒါ့ကြောင့် ကျွန်မက နည်းနည်းပါးပါးဆုံးမစကားလေး ပြောမိလိုက်တာပါရှင်"

"ဪ၊ ငါ့မိန်းမရယ်။ ဒီအကြောင်းပြချက်လေးနဲ့ ရှောင်ရိကိုသွားပြောတာတော့ မင်းဘက်က နည်းနည်းလွန်တာပေါ့ဟ။ ငါပြောပါဦးမယ်၊ အရင်တုန်းက ချူးဝမ်ကလည်း ကျောင်းမှာ လူအများရဲ့အာရုံစိုက်မှုတွေကို ဆွဲဆောင်ထားနိုင်တာဘဲလေ။ ဘာလို့ ချူးဝမ်ကိုကျ မဆုံးမဘဲနဲ့ရှောင်ရိကိုဘဲ ဆုံးမရတာတုန်း။ ပြီးတော့ ဒီအသက်ဒီအရွယ်မှာကောင်လေးတွေက ကောင်မလေးတွေကိုလိုက်လံပိုးပန်းကြတာဟာ ပုံမှန်ဘဲလေးကွာ။ မင်းရောငါရောက အဲ့ဒီအသက်အရွယ်ကိုမဖြတ်သန်းဖူးတာလည်း မဟုတ်ဘဲနဲ့"
ဟု ယွမ်ချန်းဖူက လေသံအေးအေးလေးဖြင့်ရှင်းပြန်လိုက်၏။

"အလိုတော်။ သူတို့နှစ်‌ယောက်က တူပါ့မလာရှင်။ ချူးဝမ်က စာလည်တော်တယ်၊ ထူးချွန်ပြီး ထက်ထက်မြက်မြက်လည်းရှိတယ်။ ဒီတော့ လူအများက သူမကိုအာရုံစိုက်ကြတာမျိုးက ပုံမှန်ဘဲလေ။ ဒါပေမဲ့  ယွမ်ရိကကျတော့ လှပတာကြောင့်ဘဲ အာရုံစိုက်ခံရတာလေ။ နှစ်ခုက နှိုင်းယှဉ်လို့ကိုမရတာရှင့်"

ယွမ်ချန်းဖူက ခဏမျှတိတ်ဆိတ်သွားပြီးမှ
"ရှောင်ရိတို့က အခုကျောင်းကနေ ပြန်ရောက်ကြပြီလား"
ဟု မေးလိုက်၏။

"ရောက်ပါပြီတော်။ ရောက်ကတည်းက အပေါ်ထပ်ကနေကို တစ်ခါမှ ဆင်းမလာသေးဘူး"
ဟု ဖန်းရှုံးယန်က ပြန်ဖြေပေးလိုက်သည်။

"အေးပါ၊ မင်းလည်း ချက်စရာရှိတာတွေချက်လိုက်ပြုတ်လိုက်ဦး"
ယွမ်ချန်းဖူလည်း စကားစကိုဖြတ်ကာ မီးဖိုချောင်အတွင်းမှ ထွက်လာခဲ့တော့သည်။

ထမင်း၊ ဟင်းတွေကို ချက်ပြုတ်ပြီးစီးသွားသည့်အခါမှာ ဖန်းရှုံးယန်က သူမ၏ယောက်ျားနဲ့သားသမီးတွေအကုန်လုံးကို ညစာစားကြဖို့အတွက် အသိပေးလိုက်၏။

ညစာစားဝိုင်းမှာ ယွမ်ချန်းဖူက ထမင်းစားနေရင်းဖြင့် ယွမ်ချူးယန်၏မျက်နှာအား မသိမသာအကဲခတ်လိုက်၏။ ထိုအခါ အနည်းငယ်ရောင်ကိုင်းနေတာကို သူတွေ့လိုက်ရပေသည်။ ဒါပေမယ့် ဘာမှမပြောသေးချေ။

အခုချိန်မှာ ထမင်း‌စားနေကြချိန်ဖြစ်၍ နေ့လယ်ခင်းတုန်းက ဖြစ်ခဲ့သည့်ပြဿနာအကြောင်း စကားအစမဖော်လိုသေးပေ။

ဒါ့ကြောင့် သူက ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ
"ရှောင်ရိ၊ ရှောင်ကျဲ ဒီနေ့ကျောင်းတက်ရတာ အခြေအနေဘယ်လိုလဲ"
ဟုသာ အရင်မေးမြန်းလိုက်တော့သည်။

ယွမ်ရိက သူမအဖေနဲ့စကားပြောချင်စိတ် သိပ်မရှိ၍ ယွမ်ကျဲအား လက်မောင်းဖြင့်အသာတို့လိုက်၏။

ဒါ့ကြောင့် ယွမ်ကျဲကဘဲ ဝင်ဖြေပေးလိုက်ရတော့သည်။
"ဒီနေ့ ကျောင်းတက်ရတာ အရမ်းကောင်းပါတယ်ဦးလေး။ မနက်ခင်းမှာ စာသင်ပြီး နေ့လယ် ရောက်တော့ စုဝေးပွဲတက်ခဲ့ရသေးတယ်"

ယွမ်ချန်းဖူက ယွမ်ရိကိုဘဲ စေ့စေ့ကြည့်ကာ
"ဒါ‌နဲ့ ကျောင်းမှာ တပ်မှူးကြီးရဲ့သားက မင်းကိုတွေ့ဖို့အတွက် မင်းတို့စာသင်ခန်းထဲထိအောင် လာတယ်ဆို ဟုတ်သလား"
ဟု မေးလိုက်၏။

ယွမ်ရိ ပြန်မဖြေခင်မှာဘဲ ယွမ်ချူးယန်က
"အဲ့တာတင်ဘယ်ကမှာတုန်း၊ အဖေရဲ့။ ခုနကလေးတင်တောင်မှ ရူကျောင်းနဲ့ကျောင်းကနေ အိမ်ရှေ့ထိအတူတူပြန်လာကြတာကို သမီးတွေ့လိုက်သေးတယ်"
ဟု ဝင်ပြောလိုက်သည်။

ယွမ်ချူးယန်၏စကားကိုကြားပြီးသည့်နောက် ယွမ်ချန်းဖူက
ဟု ယွမ်ရိကို မေးမြန်းလိုက်တော့သည်။
ယွမ်ရိက ခေါင်းယမ်းကာ
"သမီးနဲ့ သူငယ်ချင်းမဟုတ်ပါဘူး။ သူ့ဘာသာသမီးအနားကိုလာ၊ လာကပ်နေတာရယ်"
ဟု ပြန်ဖြေပေးလိုက်သည်။

'ဖူးးးးး'
သူမအဖြေအဆုံးမှာ 'ဖူး' ဆိုပြီး ယွမ်ချူးယန်ထံမှ ရယ်မောသံထွက်လာခဲ့သည်။

"ရယ်စရာပါလား။ ငါပြောတဲ့စကားလုံးတွေထဲမှာ ရယ်စရာဘာတွေများပါသွားလို့ ရယ်ရတာတုန်း။ မဟုတ်မှ ရူကျောင်းကငါ့အနားလာကပ်တာကို မနာလိုဖြစ်နေတာများလား"
ယွမ်ချူးယန်လည်း ယွမ်ရိစကားများကြောင့် ဒေါသထွက်ကာ အံ့တကြိတ်ကြိတ်ဖြင့် ဖြစ်သွားတော့သည်။
ယွမ်ရိကတော့ ယွမ်ချူးယန်ဒေါသထွက်နေတာကိုမမြင်ချင်ယောင်ဆောင်လျက် သူမလက်ထဲမှ တူကို စားပွဲပေါ်ချလိုက်ကာ
"အင်းးး ရူကျောင်းလိုမျိုး တပ်မှူးကြီးရဲ့သားက တကယ်တော့ ထိုက်တန်တဲ့သူက သီးသန့်ရှိနေပြီးသားကွဲ့"

ထိုအချိန်မှာဘဲ ရဲ့ချူးဝမ်ဟာ ယွမ်ရိ၏စကားများကြောင့် စားသောက်နေရာမှ အလိုအလျောက်ပင် ခေါင်းထောင်မိကာ ယွမ်ရိကိုကြည့်မိသွား၏။ ယွမ်ရိကတော့ သူမကိုကြည့်မနေဘဲ စားစရာရှိတာကိုဆက်စားနေတာကို မြင်လိုက်ရ၍ ရှက်ရွံ့သွားကာ ခေါင်းပြန်ငုံ့သွားတော့သည်။

သူမထင်လိုက်တာက ယွမ်ရိစကားထဲမှ 'ထိုက်တန်သူ' ဆိုတာက သူမကိုပြောနေတာလို့ပင်။ ဒါကြောင့်ဘဲ ရှက်ရွံ့ကာခေါင်းပြန်ငုံ့သွားရခြင်းဖြစ်ပေသည်။

ယွမ်ချူးယန်က နှုတ်ခမ်းပိုမဲ့လျက် ယွမ်ရိအား
"ဒီမယ်။ ရူကျောင်းက နင့်အနားကပ်တာအကောင်းမှတ်နေလား။ တကယ်တော့ သူက နင့်ကိုကစားဖို့အတွက်ဘဲ ကပ်နေတာ"

"ဟိုပုံပြင်လေးကိုတောင်မှ ရုတ်တရက်သတိရသွားတယ်။ ဘာတဲ့ မစားရတဲ့စပျစ်သီး ချဉ်တယ်ဆိုလားဘဲ"
ဟုသာပြော၍ ယွမ်ချူးယန်အား ပြန်တုံ့ပြန်လိုက်သည်။

ယွမ်ချူးယန်လည်း ဒေါသတကြီးဖြင့် ရန်ထပ်တွေ့ဖို့ပြင်လိုက်ချိန်မှာဘဲ ယွမ်ချန်းဖူက တားဆီးလိုက်သည်။

ပြီးတာနဲ့ သူက ယွမ်ရိအပါအဝင်အကုန်လုံးကိုသိမ်းကြုံးကြည့်လိုက်သည်။ ပြီးသည့်နောက် ယွမ်ရိထံမှာဘဲ အကြည့်ကိုရပ်တန့်လိုက်ကာ
"ကျောင်းမှာဘဲဖြစ်ဖြစ်၊ စစ်တပ်ထဲမှာဘဲဖြစ်ဖြစ်၊ အခြားနေရာတွေမှာဘဲဖြစ်ဖြစ် သူ့စည်းကမ်းနဲ့သူရှိတယ်။ အဲ့ဒီစည်းကမ်းတွေကိုလည်း မချိုးမဖောက်ဘဲ လိုက်နာကြရမယ်။ အခုကျောင်းမှာ ချစ်သူရည်းစားမစားရဘူးလို့ စည်းကမ်းထုတ်ထားတယ်မလား။ ဒီတော့ ငါ့သားသမီးတွေက စည်းကမ်းဖောင်ပြီး ရည်းစားတွေ၊ ချစ်သူတွေ ထားနေကြတယ်လို့ အဖေ မကြားချင်ဘူးနော်"
ဟု ဆုံးမလိုက်သည်။

"အဖေဆုံးမတာကို သေချာလိုက်နာကြနော်"
ဟု ထပ်ပေါင်းပြောလိုက်သည်။
ယွမ်ရိတို့တတွေလည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ၊ အဖေ"
ဟု သံပြိုင်ပြောလိုက်ကြတော့သည်။

ညစာစားပြီးတဲ့နောက်မှာ ယွမ်ရိနဲ့ယွမ်ကျဲတို့က အပေါ်ထပ်က အခန်းထဲသို့ပြန်ဝင်ကာ စာတွေပြန်လုပ်ကြတော့သည်။

ယွမ်ချူးရွယ်သည်လည်း စာအုပ်တွေပွေ့ပိုက်လျက် သူမတို့အခန်းထဲသို့ရောက်လာခဲ့၏။ သူမက ယွမ်ရိအနားသို့ကာပ်ကာ
"အမရှောင်ရိ၊ အမချူးဝမ်ကလေ  တပ်မှူးကြီးရဲ့သားရူကျောင်းကို ကြိုက်နေတာလား"

ယွမ်ရိက ထိုမေးခွန်းကြောင့် အလွန်အံ့အားသင့်သွားသည်။
သူမက‌ ပြန်မေးလိုက်၏။
ယွမ်ချူးရွယ်က
"ခုနက ထမင်းစားနေတုန်းကလေ အမရှောင်ရိက 'ရူးကျောင်းနဲ့ထိုက်တန်တဲ့သူက နည်းနည်းဘဲရှိတယ်' လို့ ပြောလိုက်တဲ့အချိန်မှာ အမချူးဝမ်ရဲ့တုံ့ပြန်မှုက အလွန်ထူးဆန်းနေတယ်။ သူမက ရှက်ရွံ့သွားသလိုမျိုးလေးဘဲ"

ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီးမှ
"ဘာပဲဖြစ်ဖြစ်ပါ။ သူ့ဘာသာသူ ရူကျောင်းကိုကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငါစိတ်လည်းမဝင်စားဘူး၊ ဂရုလည်းမစိုက်။ အခု စကားပြောမနေတော့ဘဲ စာလုပ်ကြစို့"
ဟု ပြောလိုက်တော့သည်။

ဒါ့ကြောင့် ယွမ်ချူးရွယ်လည်း စာလုပ်ဖို့အတွက် စာအုပ်အား ဖွင့်လိုက်တော့သည်။

ရူကျောင်းအာ ကျောင်းသားကျောင်းသူအများစုက ရှိန်ကာ ကြောက်ရွံ့ကြ၏။ ဒါ့ကြောင့် ယွမ်ရိတို့နဲ့အတူ ရူကျောင်းအားတွဲမြင်လိုက်ရပြီးသည့်နောက် မည်သည့်‌ကျောင်းသားကျောင်းသူတစ်ယောက်ကမျှ ယွမ်ရိတို့အနားကို မကပ်ရဲကြတော့ချေ။

ရူကျောင်းဟာ များသောအားဖြင့် ကျောင်းဝန်းထဲမှာ သူမတို့အား လိုက်မနှောင့်ယှက်တတ်ပေမယ့် ကျောင်းဆင်းချိန်တိုင်းမှာ ကျောင်းအပေါက်ကနေ အမြဲစောင့်နေလေ့ရှိပေသည်။
တစ်ခါတစ်ရံ သူက ချန်းဝေ့တုန်းနဲ့အတူတူစောင့်လေ့ရှိပြီး၊ တစ်ခါတစ်ရံမှာ အခြားလူတစ်စုဖြင့် စောင့်နေလေ့ရှိပေသည်။ တစ်ခါတစ်ရံ ပါးစပ်အတွင်းမှာ ဆေးလိပ်ခဲရင်း စောင့်လေ့ရှိပြီး တစ်ခါတစ်ရံစက်ဘီးစီးနေကြရင်းဖြင့် စောင့်လေ့လည်းရှိပေသည်။

ပြီးရင်တော့ ယွမ်ရိတို့နောက်ကနေ ယွမ်ရိတို့အိမ်နားထိအောင် လိုက်လာလေ့ရှိပေသည်။

သူမတို့နဲ့နေ့စဉ်လိုလိုမြင်တွေ့နေကြရ၍ မသိစိတ်အရ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးလာကြပြီ ဖြစ်သည်။ ယွမ်ကျဲသည်လည်း ရူကျောင်းတို့အဖွဲ့အား ယခင်ကကဲ့သို့ ကြောက်ရွံ့တာမျိုး မရှိ‌တော့ချေ။

တစ်ခါတစ်ရံ ယွမ်ကျဲက ချန်းဝေ့တုန်းဖြင့်ပင် စကားအနည်းငယ်ပြောလေ့ရှိပေသည်။
ချန်းဝေ့တုန်းက ယွမ်ကျဲအား 'ကလေးပေါက်စ' ဟုခေါ်ကာ စနောက်လေ့ရှိသည်။

အစတုန်းက ယွမ်ကျဲဟာ ချန်းဝေ့တုန်းအား သူမကို အဘယ်ကြောင့် 'ကလေးပေါက်စ' ဟု ခေါ်ရတာလဲဟု မေးမြန်းခဲ့ဖူးသည်။

ထိုအခါ ရလဒ်အနေဖြင့် ချန်းဝေ့တုန်းထံမှ
"ဘာလို့ အဲ့လိုမျိုး ခေါ်ရတာလဲဆိုတော့ နင်က ကလေးလိုမျိုး အရမ်းကြောက်ရွံ့တတ်လို့ဘဲ"
ဟူသော အဖြေကိုသာ ပြန်ရ‌ခဲ့လေသည်။
ကျောင်းတက်တာ သတင်းတစ်ပတ်ကြာပြီးသည့်နောက်မှာ ယွမ်ရိနဲ့ယွမ်ကျဲဟာ ကျောင်းအသစ်မှာ လုံးဝအသားကျသွားတော့သည်။ ကျောင်းမှာလည်း စာကိုဘဲ အာရုံစိုက်ကာ သင်ကြားခဲ့ကြပြီး အိမ်ကိုပြန်ရောက်သည့်အခါမှာလည်း စာကိုဘဲ အာရုံစိုက်ကာ ပြန်လည်လေ့ကျင့်ခဲ့ကြသည်။
(ကျတော်တို့နဲ့များ ကွာပါ့😅)

ယွမ်ကျဲ၏သင်ယူလေ့လာနှုန်းက အလွန်နှေးသဖြင့် ယွမ်ရိကယွမ်ကျဲကိုစောင့်ရင်း ဖြည်းဖြည်းချင်းဘဲ လေ့လာ‌ခဲ့သည်။ သူမက ယွမ်ကျဲ နားမလည်သည့် သင်ခန်းစာများကိုလည်း ပြန်လည်ရှင်းပြပေးပါသေးသည်။

ယွမ်ရိ၏နေ့ရက်များဟာ ပုံသေဖြစ်နေ၏။ သူမက အိမ်ကနေ ကျောင်းသွားမယ်။ ကျောင်းကနေရူကျောင်းတို့ချန်းဝေ့တုန်းတို့နဲ့ အတူတူအိမ်ပြန်လာမယ်။အိမ်ရောက်ရင် အခန်းထဲဘဲနေပြီး စာလုပ်မယ်။ ပြီးရင်ညစာစား။ စားပြီးတာနဲ့စာပြန်လုပ်။
ဒီလိုဘဲ ယွမ်ရိ၏နေ့ရက်တွေက လည်ပတ်လို့နေ၏။

အချိန်စက်ဝန်းကြီးကား အမြဲလည်ပတ်နေကာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ အေးမြသော ဆောင်းရာသီမှသည် ပူပြင်းသောနွေရာသီထံသို့ တဖြည်းဖြည်း ကူးပြောင်းလို့လည်း လာပြီဖြစ်ပေတော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Waar verhalen tot leven komen. Ontdek het nu