Chapter 56

715 90 0
                                    

Chapter 56
July 27, 2023 by Yamin Aung

ယွမ်ချူးယန်လည်း အမြဲတန်းနွေးနွေးထွေးထွေးဆက်ဆံလေ့ရှိသည့် အမထံကနေ အခုကဲ့သို့ အအော်ခံလိုက်ရတာမို့ ဝမ်းနည်းကြောင်အသွားခဲ့သည်။

သူမသတိပြန်ဝင်လာချိန်မှာ ရဲ့ချူးဝမ်က အခန်းထဲဝင်သွားပြီဖြစ်ကာ အခန်းတံခါးကို ဆောင့်ပိတ်လိုက်ပြီးဖြစ်သည်။ အတွင်းမှလည်း ဂျက်ထိုးထားသေး၏။
ယွမ်ချူးယန်လည်း တံခါးကို ထုကာ ငိုယိုလျက်
"အမ၊ တံခါးဖွင့်ပေးပါဦး။ ညီမ မှားမှန်းသိပါပြီ။အမရဲ့မိတ်ကပ်ကို ယူသုံးတယ်ဆိုတာကလည်း တမင်ရည်ရွယ်ပြီးတော့ သုံးတာ မဟုတ်ပါဘူး။ယွမ်ချူးရွယ်တောင်မှ မိတ်ကပ်သုံးနေတာကို မြင်တော့ ညီမလည်း အရမ်းသုံးချင်စိတ်ဖြစ်လာလို့ပါ"
ဟု ရှင်းပြ၏။


ထိုအချိန်မှာဘဲ လှေကားမှ အပေါ်ထပ်ကိုတက်လာနေကြသည့် အသံတွေကြားလိုက်ရတာမို့ ယွမ်ချူးယန်နောက်လှည့်ကြည့်လိုက်၏။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့သုံးယောက်ဟာ ထမင်းစားပြီ၍ အပေါ်ထပ်သို့ တက်လာကြ၏။ ထိုအခါ အခန်းတံခါးကို ထုရိုက်နေသည့် ယွမ်ချူးယန်ကို မြင်တွေ့လိုက်ကြရသည်။

ယွမ်ရိက
"ဘာဖြစ်တာတုန်း၊ ချူးဝမ်က အခန်းထဲ ဝင်ခွင့်မပေးလို့လား"
ဟု ယွမ်ချူးယန်ကို‌ မေးလိုက်၏။

ယွမ်ချူးယန်လည်း ယွမ်ရိကို မျက်စောင်းထိုးကြည့်ရင်းဖြင့်
"နင့်ကိစ္စမဟုတ်ဘူး"
ဟု တုံ့ပြန်လိုက်သည်။

ထိုအချိန်မှာဘဲ ပိတ်နေသည့်တံခါးက ပြန်ပွင့်သွားပြီး
"မြန်မြန်ဝင်လာခဲ့။ မဟုတ်ရင် အခြားသူတွေက ငါနင့်ကို အနိုင်ကျင့်တယ်လို့ ထင်နေကြဦးမယ်"
ဟု ရဲ့ချူးဝမ်က ‌မာဆတ်ဆတ်အသံဖြင့် ပြောလိုက်သည်။

"ဟုတ်၊ ဟုတ်။ အမ"
ယွမ်ချူးယန်လည်း ပုတ်သင်ညိုကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ အခန်းထဲသို့ အလျင်စလို ဝင်ရောက်သွားတော့သည်။

ယွမ်ရိတို့လည်း ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်၏ပြဿနာကြားထဲ ဝင်မပါချင်၍ သူမတို့အခန်းထဲကိုဘဲ ပြန်လာခဲ့ကြတော့သည်။

အခန်းထဲကိုရောက်တာနဲ့ စာအုပ်ကိုယ်စီထုတ်ကာ စတင်လေ့လာကျက်မှတ်ကြတော့၏။

ယွမ်ရိကတော့ အလယ်တန်းစာတွေကို တစ်ခါတည်းလိုက်နိုင်သည့်အတွက် အလယ်တန်းစာကိုဘဲ ဆက်လုပ်နေခဲ့၏။ ဒါပေမယ့် ယွမ်ကျဲကတော့ အလယ်တန်းစာကို မလိုက်နိုင်သည့်အတွက် မူလတန်းစာကိုသာ ပြန်လေ့လာနေရ၏။

နေ့လည်ခင်းကိုရောက်သည့်အခါမှ ယွမ်ရိက ကျောင်းစာလုပ်နေရာကနေ ရပ်လိုက်ပြီး စာရွက်တစ်ရွက်နဲ့ဘောပင်တစ်ချောင်းကို ထုတ်ယူလိုက်၏။

ပြီးတာနဲ့ အဖိုးအဖွားတွေနဲ့လင်းယောင်ထံပို့ဖို့ စာကိုစတင်ရေးသားတော့သည်။

စာထဲမှာ သူမကြုံတွေ့ခဲ့ရသည့်အကြောင်းအရာတွေအကြောင်းကို ရေးဖွဲ့ထား၏။ သူမက ခင်မင်ဖို့ကောင်းသည့် ယွမ်ချူးရွယ်အကြောင်း၊ တိတ်ဆိတ်အေးဆေးသည့် ရဲ့ဖန်အကြောင်း၊ စစ်စလူးခါယွမ်ဟောင်ဂျန်အကြောင်းအစရှိသဖြင့် အသေးစိတ်ရေးသားခဲ့သည်။ ယွမ်ချူးယနဲ့ရဲ့ချူးဝမ်အကြောင်းကိုတော့ အပေါ်ယံလောက်ဘဲ ရေးခဲ့၏။

ပြီးတော့ သူမစာထဲမှာ သူမကောင်းကောင်းမွန်မွန်နေရသည့်အကြောင်း၊ ပျော်ရွှင်နေသည့်အကြောင်းတွေကိုဘဲ ထည့်ရေးထားခဲ့၏။ စာကိုရေးပြီးတာနဲ့ သေသေချာချာခေါက်ကာ စာအိတ်အတွင်းထည့်လိုက်၏။

ထို့နောက် ယွမ်ကျဲ၊ ယွမ်ချူးရွယ်တို့နဲ့အတူ စာတိုက်ကို ထွက်လာခဲ့ကြသည်။ စာတိုက်ရောက်တာနဲ့ လိုအပ်သည့် တံဆိပ်ခေါင်းတချို့ဝယ်ယူပြီး စာအိတ်ပေါ်မှာကပ်ကာ စာတိုက်ပုံးအတွင်းထည့်လိုက်တော့သည်။

စာတိုက်အတွင်း စာကို ထည့်ပြီးတာနဲ့ ယွမ်ရိက
"ဒီစာက ဖန်းယန်တောင်ကိုရောက်ဖို့ အနည်းဆုံး တစ်လလောက်တော့ ကြာနိုင်တယ်"
ဟု ယွမ်ကျဲကို ပြောလိုက်သည်။

သူမတို့ရှိသည့်မြို့ကနေ ဖန်းယန်တောင်ကိုရောက်ဖို့ပင် လဝက်ထက်ပိုပြီးကြာနိုင်ပေသည်။ ဖန်းယန်တောင်ကို ရောက်သွားရင်တောင်မှ စာပို့သမားက တစ်ယောက်တည်းရှိသည့်အတွက် ယွမ်ကျီကောင်းနဲ့လျူရှင်းဟွာတို့၏လက်အတွင်း စာရဖို့က တစ်လနီးပါးခန့်ကြာသွားနိုင်ပေသည်။

သူတို့သုံးယောက် စာတိုက်ကနေ အိမ်ကိုပြန်ရောက်တာနဲ့ ဘာမှလုပ်စရာမရှိတော့၍ ကျောင်းစာတွေကိုဘဲ ပြန်လည်လေ့ကျင့်နေခဲ့ကြသည်။

ယွမ်ချူးရွယ်ဟာ ကျောင်းကနေပေးလိုက်သည့် အိမ်စာတွေကို မနေ့ညတုန်းကတည်းက လုပ်ပြီးသွားပြီဖြစ်၍ အရင်တုန်းက သင်ခဲ့သည့်သင်ခန်းစာများကို ပြန်လည်လေ့ကျင့်နေခဲ့၏။

သူမတို့စာလေ့လာစဉ်မှာဘဲ အခန်းတံခါးခေါက်သံထွက်ပေါ်လာ၍ စာကျက်နေရာက ရပ်တန့်ကာ အပေါက်ဝကို အာရုံစိုက်လိုက်၏။
ဒါပေမယ့် တံခါးခေါက်သံဟာ သူမတို့၏အခန်းတံခါး မဟုတ်တာကိုသိသွားကြပြီး ယွမ်ရိနဲ့ယွမ်ကျဲတို့ကစာလေ့လာရာမှ အာရုံပြန်စိုက်လိုက်တော့သည်။ဒါပေမဲ့ ယွမ်ချူးရွယ်ကတော့ စာလေ့လာနေတာကို ရပ်တန့်ကာ တဖက်အခန်းထံ နားကပ်၍ စကားသံများကို ခိုးနားထောင်နိုင်ဖို့ကြိုးစားလိုက်၏။ ဒါပေမယ့် သူမဘာမှမကြားရချေ။

တကယ်တော့ တံခါးခေါက်သံဟာ ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့အခန်းတံခါးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

တဖက်အခန်းမှာတော့ ရဲ့ချူးဝမ်က တံခါးခေါက်သံကြောင့် အခန်းတံခါးကို ဖွင့်ပေးလိုက်တာနဲ့ အစားအသောက်ပူပူနွေးနွေးများကို သယ်ဆောင်ထားသည့် ဖန်းရှုံးယန်ကို တွေ့လိုက်ရ၏။ ဒါ့ကြောင့် လမ်းဖယ်ကာ အခန်းအတွင်းဝင်စေလိုက်သည်။

ဖန်းရှုံးယန်အား အခန်းအတွင်း ဝင်ခွင့်ပေးပြီးတာနဲ့ ရဲ့ချူးဝမ်ဟာ အခန်းတံခါးကိုပြန်ပိတ်လိုက်တော့သည်။

"နင်တို့နှစ်ယောက်လုံး နေ့လည်က ထမင်းစားမသွားရဘူးမလား။ ဒါ့ကြောင့်မို့ သမီးတို့စားဖို့ အမေယူလာခဲ့တာ"
ဟု ပြောလိုကါသည်။

ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်လည်း သူမတို့အမေအား
"ကျေးဇူးတင်ပါတယ်"
ဟု ပြောလိုက်ကြ၏။
ဖန်းရှုံးယန်လည်း သက်ပြင်းချကာ ကုတင်ဘေးမှာ ဝင်ထိုင်လိုက်ပြီး
"အိမ်မှာက ဒီရက်ပိုင်း တစ်ခုမဟုတ်တစ်ခုအမြဲဖြစ်နေတာ။ သမီးတို့နှစ်ယောက်လည်း သမီးအဖေရှေ့ကျရင် အနေအထိုင်လေး ဆင်ခြင်ကြဦး"
ဟု ဆုံးမလိုက်သည်။

ယွမ်ချူးယန်က
"အမေ၊ အဲ့တာတွေအကုန်လုံးက ယွမ်ရိကြောင့်ဘဲ။ယွမ်ချူးရွယ်ကလည်း ယွမ်ရိရောက်လာပြီးကတည်းက အချိုးတွေပြောင်း,ပြောင်းလာတာနော်"
ဟု တိုင်တန်းလိုက်၏။

"ဒါကတော့ မင်းအထင်လွဲနေတာပါ။ မင်းကိုယ်တိုင်လည်း ရှောင်ရိတို့ကို သွား,သွားပြီး ရန်စနေတာဘဲဟာကို"

ယွမ်ချူးယန် : ".............."
ယွမ်ချူးယန်တစ်ယောက် သူမအမေစကားကြောင့် တိတ်ဆိတ်သွားရသည်။

တစ်ဖန် ဖန်းရှုံးယန်က ရဲ့ချူးဝမ်ဘက်ကို လှည့်ကာ
"သမီးကလည်း သမီးရဲ့မိတ်ကပ်က သမီးတစ်ယောက်တည်းနဲ့ဘဲတည့်တာလို့ အမေတို့ကို ဘာလို့လိမ်ထားရတာလဲ။ သမီးအနေနဲ့ အမေတို့အပေါ်မှာ ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ နောက်ဆိုရင် မလိမ်နဲ့တော့နော်"

ရဲ့ချူးဝမ်လည်း ရှက်ရွံ့လွန်းလှသဖြင့် ခေါင်းကိုသာ ငုံ့ထားမိလိုက်တော့သည်။
"ဟုတ်ကဲ့ပါအမေ၊ သမီးနောက်ဆိုရင် လိမ်မပြောတော့ပါဘူး"

"ဒီလိုမှပေါ့။ ကဲ၊ သမီးတို့လည်း သမီးတို့အဖေက တောင်းပန်စာရေးခိုင်းထားတာမလား။ တော်ကြာမပြီးလို့ ထပ်အဆူခံနေရဦးမယ်။ ပြီးအောင်ရေးကြနော်"
ဟု ပြောလိုက်တော့သည်။

ယွမ်ချူးယန်နဲ့ ရဲ့ချူးဝမ်လည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ၊ အမေ"
ဟု ပြောလိုက်ကြတော့သည်။

ထို့နောက် ဖန်းရှုံးယန်က သူမယူလာသည့် ထမင်းများအား ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့ကို စားစေခဲ့သည်။ သူမတို့စားပြီးသွားမှ ပန်းကန်တွေကို ပြန်သိမ်းလိုက်ပြီး အခန်းအပြင်ကို ထွက်လာ‌ခဲ့တော့သည်။

သူမအခန်းအပြင်ကို ရောက်တာနဲ့ တစ်ဖက်အခန်းဝမှာ မတ်တပ်ရပ်နေသည့် ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ကို မြင်တွေ့လိုက်ရ၍ နည်းနည်းတွန့်သွား၏။

လေထုကလည်း နည်းနည်း ကသိကအောက်ဖြစ်သွား၏။
ယွမ်ချူးရွယ်က သူမအမေလက်ထဲက ထမင်းဗန်းကိုကြည့်ကာ
"အဖေက အမချူးဝမ်နဲ့ချူးယန်တို့နှစ်ယောက်ကို ထမင်းမစားရဘူးလို့ ပြောထားတာမဟုတ်ဘူးလား"
ဟု နားမလည်သည့်ဟန်ဖြင့် မေးလိုက်၏။

ဖန်းရှုံးယန်က
"ငါက သူတို့ကို ထမင်းလာကျွေးတာမဟုတ်ဘူး။ရေလာတိုက်တာ"
ဟု ပြန်ဖြေလိုက်၏။

ပြီးတာနဲ့ ဖန်းရှုံးယန်က ချက်ချင်းဘဲ အောက်ထပ်သို့ မြန်မြန်ဆင်းသွားတော့သည်။

ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့လည်း သူမတို့၏အခန်းအတွင်းသို့ ပြန်ဝင်ခဲ့ကြသည်။

"အမေက အမချူးဝမ်နဲ့ချူးယန်တို့ကို ထမင်းလာကျွေးတာမှန်း ဒီလောက်သိသာနေတာတောင်မှ လိမ်ပြောသေးတယ်နော်"
ဟု ရေရွတ်လိုက်၏။

ယွမ်ရိက
"ရဲ့ချူးဝမ်က အမေနဲ့အဖေတို့ရဲ့မျက်စိထဲမှာ သိတတ်လိမ္မာတဲ့ သမီးလေးဖြစ်နေတုန်းဘဲလေ။ ဒါ့ကြောင့် အခုလိုမျိုး ထမင်းလာကျွေးတာပေါ့"
ဟု ရှင်းပြလိုက်၏။

ယွမ်ချူးရွယ်လည်း ခေါင်းညိတ်ကာ
"ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ အမချူးဝမ်ရဲ့အလိမ်အညာတွေကို တဖြည်းဖြည်းဖော်ထုတ်ခံနေရပြီဆိုတော့ အဖေနဲ့အမေတို့ရဲ့စိတ်ထဲမှာ အမချူးဝမ်ရဲ့အနေအထားလည်း လျော့ကျသွားလောက်ပြီ"

ယွမ်ရိနဲ့ယွမ်ကဲတို့လည်း ခေါင်းကိုသာ အသာညိတ်လိုက်မိကြ၏။

တဖက်မှာတော့ ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့ဟာ အိမ်သာ သွားကြရုံကလွဲ၍ အခန်းထဲကနေ မထွက်ကြတော့ပေ။

ယွမ်ချူးယန်က တောင်းပန်စာကိုမရေးဘဲ ဝတ္ထုတွေကိုဘဲ တချိန်လုံးဖတ်နေ၏။ တောင်းပန်စာအတွက်ကိုတော့ ရဲ့ချူးဝမ်ထံကနေဘဲ ကူးချဖို့ ဆုံးဖြတ်ထားသည်။

အဘယ်ကြောင့်ဆိုသော် အရင်တုန်းကဆိုရင် သူမအတွက် စာရေးရသည့်ပြဿနာနဲ့ကြုံလာသည့်အခါတိုင်း ရဲ့ချူးဝမ်ထံကနေ ကူးချလေ့ရှိတာကြောင့်မို့လို့ပင်။

ဒါ့ကြောင့် သူမက ဝတ္ထုကိုဝအောင်ဖတ်ပြီးတာနဲ့ ရဲ့ချူးဝမ်အနီးကို သွားကာ
"အမ၊ အမတောင်းပန်စာရေးပြီးသွားပြီလား။ ရေးပြီးသွားရင် ညီမကို ခဏလောက်ပြပါဦး"

ဒါပေမယ့် ရဲ့ချူးဝမ်ဟာ သူမအား သူစိမ်းဆန်ဆန်ကြည့်ကာ
"ကိုယ့်ဘာသာကိုယ်ရေး"

ယွမ်ချူးယန်လည်း သူအမထံကနေ ထိုကဲ့သို့ စကားမျိုး ကြားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ဒါ့ကြောင့် သူမက ခေါင်းအသာငုံ့သွားကာ
"ညီမ၊ ဘယ်လိုရေးရမလဲမသိဘူး"
ဟု တိုးတိုးဖျော့ဖျော့လေသံလေးဖြင့် ပြန်ပြောလိုက်၏။

ထိုအခါ ရဲ့ချူးဝမ်က
ဟု ပြန်မေးလိုက်၏။

ဟုတ်ပါသည်။ ရဲ့ချူးဝမ်အနေနဲ့ တောင်းပန်စာကို ကောင်းကောင်းမွန်မွန်မရေးတတ်ချေ။အဘယ်ကြောင့်ဆိုသော် သူမ‌အနေနဲ့ အမြဲတမ်းလိမ္မာသည့်သမီးတစ်ဦးအဖြစ်သာ နေထိုင်ခဲ့တာကြောင့် တောင်းပန်စာမျိုးကို တစ်ကြိမ်တစ်ခါမှ မရေးသားခဲ့ဘူးလို့ဘဲဖြစ်ပေသည်။

ယွမ်ချူးယန်လည်း မျက်နှာငယ်လေးဖြင့် တစ်ဖက်ကိုပြန်လှည့်သွား၏။ ပြီးတာနဲ့ စာရွက်နဲ့ဘောပင်ကို ထုတ်ကာ ခေါင်းထဲမှာ သူမစဉ်းစားလို့ရသမျှ တောင်းပန်ရမည့်အကြောင်းအရာများကို ချရေးလိုက်တော့သည်။
ညဘက်ရောက်လို့ တစ်မိသားစုလုံး ညစာစားကြသည့်အချိန်မှာ ယွမ်ချန်းဖူက ယွမ်ချူယန်နဲ့ရဲ့ချူးဝမ်ကိုကြည့်လျက်
"ဘယ်သူအရင်လာမလဲ"
ဟု အေးစက်စက်လေသံဖြင့်မေးလိုက်၏။

"အမ၊ ညီမရဲ့တောင်းပန်စာက နောက်ဆုံးမှ ဖတ်ပြရမယ့် ကိစ္စလေးတွေပါလို့ အမဘဲ အရင်ဖတ်ပြလိုက်ပါလား"
ဟု ‌အရင်ဆုံးပြောလိုက်၏။

ရဲ့ချူးဝမ်လည်း ခေါင်းညိတ်ပြလိုက်ပြီးအသက်ကို ခပ်ပြင်းပြင်းလေးရှုထုတ်လိုက်၏။ ပြီးတာနဲ့ မတ်တတ်ထရပ်ကာ သူမလက်ထဲမှာကိုင်ထားသည့် စာရွက်အခေါက်လေးကို ဖြန့်လိုက်၏။

စာရွက်ထဲမှာရေးသားလာသော တောင်းပန်သည့်အကြောင်းအရာများကို ရှင်းလင်းပြတ်သားစွာဖြင့် ရဲ့ချူးဝမ်က ဖတ်ပြ၏။

ထမင်းစားဝိုင်းလေးဟာ တိတ်ဆိတ်နေကာ မိသားစုဝင်တွေအကုန်လုံးက ရဲ့ချူးဝမ်ဖတ်ပြနေတာကို အာရုံစိုက်နားထောင်နေခဲ့၏။ အထူးသဖြင့် ယွမ်ဟောင်ဂျန်ဟာ ဆရာကြီးတစ်ယောက်ကဲ့သို့ ဟန်ပန်အမူအရာဖြင့် အလေးအနက်ထား၍ နားထောင်နေခဲ့သည်။

ရဲ့ချူးဝမ် တောင်းပန်စာဖတ်တာပြီးဆုံးသွားသည့်နှင့်တပြိုက်နက် ယွမ်ချန်းဖူဘာမျှမပြောခင်မှာဘဲ ယွမ်ဟောင်ဂျန်က အရင်းဆုံး မှတ်ချက်ချတော့သည်။
"အမစာကြီး တစ်မျိုးကြီးဘဲ။ ဘယ်လိုပြောရမလဲ အဓိပ္ပာယ်မရှိသလိုမျိုးကြီးဗျ။ သုံးထားတဲ့အသုံးအနှုန်းတွေကလည်း တစ်ခုနဲ့တစ်‌ခု ဆီလျော်တာမျိုး သိပ်မရှိသလိုဘဲ။ အနှစ်ချုပ်ပြီးပြောရရင် အမရဲ့တောင်းပန်စာက သုံးနှုန်းထားတဲ့စကားလုံးတွေကြောင့် ရှည်လျားပေမယ့် အနှစ်သာရသိပ်မရှိသလိုမျိုးကြီးဖြစ်‌နေတယ်"

ယွမ်ချန်းဖူလည်း နေရာတကာပါကို ပါနိုင်လွန်းသည့် သူ့သားကို စူးစူးရဲရဲစိုက်ကြည့်လိုက်၏။

ယွမ်ဟောင်ဂျန်သည်လည်း သူ့အဖေထံကနေ အကြည့်စူးစူးတစ်‌ခုကို လက်ခံရလိုက်တာမို့ အသာခေါင်းငုံ့သွားကာ
"အဖေရော၊ ဘာမှတ်ချက်ချဦးမလဲ"
ဟု ပြန်မေးလိုက်၏။

ဒါပေမယ့် ယွမ်ချန်းဖူက ရဲ့ချူးဝမ်၏တောင်းပန်စာအပေါ်မှာ ဘာမှတ်ချက်မှမပေးခဲ့ချေ။

"မင်းရဲ့‌စာကရော"
ဟုမေးလိုက်၏။

ယွမ်ချူးယန်လည်း မတ်တတ်ရပ်လိုက်ပြီး သူမ၏တောင်းပန်စာအား ဖြည်းညင်းစွာဖြင့်ဖြန့်လိုက်၏။

"ချစ်လှစွာသောမိဘများရှင့်။ သမီး အပြစ်နှစ်ခုကို ကျူးလွန်မိထားပါတယ်ရှင့်။ ပထမအပြစ်ကတော့ အမကြီးရဲ့ချူးဝမ်ဟာ တစ်ယောက်တည်းဘဲအိပ်တတ်တယ်ဆိုပြီး လိမ်ထားသည့်အကြောင်းကို တစ်မိသားစုလုံးရဲ့ရှေ့မှာ အာချောင်ပြီး ဖွင့်ပြောမိခဲ့တာမို့ အမကြီးအား အရှက်ရစေခဲ့ပါတယ်ရှင့်။ ဒုတိယအကြိမ်မှာလည်း အမကြီးရဲ့မိတ်ကပ်က အမကြီးနဲ့တည့်ပြီး ကျန်တဲ့သူတွေသုံးလို့မရဘူး၊ ဓာတ်မတည့်ဘူးဆိုသည့်အကြောင်းကို တစ်မိသားစုလုံးသိအောင် လုပ်ခဲ့မိပြီး အမကြီးအား ထပ်မံ အရှက်ရစေခဲ့ပါတယ်ရှင့်"

"အဟမ်းးး"
သူမက ထိုနေရာထိဖတ်ပြီးတာနဲ့ လှည့်ချောင်းကို ထပ်ရှင်းလိုက်ပြီး
"သမီးကျူးလွန်ခဲ့တဲ့ အပြစ်နှစ်ခုက ခွင့်လွှတ်လို့မရဘူးဆိုတာကို သမီးသိပါတယ်။ ဒါပေမယ့် သမီးရဲ့အပြစ်ကို သမီးသိပြီးတောင်ပန်ပြီးပြီမို့လို့ လောကမှာရှိတဲ့ နတ်မင်းကြီးတွေအပါအဝင်၊ အဖေ၊ အမေနဲ့အထူးသဖြင့် အမချူးဝမ်တို့ သမီးကို ခွင့်လွှတ်ပေးကြပါ"

ထိုစာနှစ်ပိုဒ်အား ယွမ်ချူးယန် ဖတ်တာကြားပြီးသည့်နောက် ယွမ်ရိ၊ ယွမ်ကျဲနဲ့ယွမ်ချူးရွယ်တို့ဟာ ရယ်မောလိုသည့်စိတ်ကို မထိန်းချုပ်နိုင်တော့၍ ခေါင်းကိုသာသွင်သွင် ငုံ့လျက်ကျိတ်ရယ်လိုက်ကြတော့သည်။
ယွမ်ဟောင်ဂျန်ကတော့ ဖုံးကွယ်ထားတာမျိုးပင်မရှိပင် စိတ်လွတ်ကိုယ်လွတ်ရယ်မောနေသည်။ ရဲ့ဖန်သည်ပင် မထိန်းနိုင်ဘဲ ပြုံးစိစိဖြစ်လို့နေ၏။

ဒါပေမယ့် ယွမ်ချန်းဖူကတော့ ရယ်မောခြင်းလုံးဝမရှိဘဲ ယွမ်ချူးယန်ကိုကြည့်ကာ
"ကြည့်ရတာ မင်းဘယ်နေရာမှားတယ်ဆိုတာကို မသိသေးဘူးဘဲ"
ဟု အေးစက်‌စက်ဖြစ်‌နေသောလေသံဖြင့် ပြောလိုက်၏။
ဒါ့ကြောင့် ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ချူးရွယ်နဲ့ရဲ့ဖန်တို့အားလုံး ရယ်မောနေရာကနေ ရပ်တန့်သွားကြသည်။ ယွမ်ဟောင်ဂျန်တစ်ယောက်သာ အရှိန်မထိန်းနိုင်ဘဲ ဆက်လက်ရယ်မောနေခဲ့၏။

ယွမ်ချန်းဖူလည်း စားပွဲခုံပေါ်သို့ ဒေါသတကြီးရိုက်ချလိုက်ကာ
"ဘာရယ်စရာပါလို့လဲ"
ဒါ့ကြောင့် ယွမ်ဟောင်ဂျန်လည်း အံကိုကြိတ်၍ ရယ်ချင်စိတ်ကို အတင်းမျိုသိပ်ထားလိုက်ရတော့သည်။

ယွမ်ချန်းဖူလည်း သူ့သမီးယွမ်ချူးယန်ဘက်ကိုပြန်လှည့်လိုက်ပြီး
"နင်၊ ကိုယ့်အမှားကိုယ်သိပြီလား"
ဟု ထပ်မေးလိုက်၏။

ယွမ်ချူးယန်က ခေါင်းညိတ်ကာ
"ဟုတ်ကဲ့။ သမီးအမှားကို သမီးသိလို့ အခုဖတ်ပြနေပါတယ်အဖေ"
ဟု ပြန်ပြောလိုက်၏။

ထိုစကားကြောင့် ယွမ်ချန်းဖူဒေါသတွေ တရစပ်ထွက်လာကာ ယွမ်ချူးယန်အား ထရိုက်ချင်စိတ်တွေပင် ဖြစ်ပေါ်လာရ၏။

ကြားထဲက ယွမ်ဟောင်ဂျန်ကဘဲ
"ဟေ့။ ငတုံးမ၊ နင်အခုထိ ကိုယ့်အမှားကိုကိုယ်မသိသေးတာဘဲ။ အဖေကနင့်ကိုတောင်းပန်စာရေးခိုင်းရတဲ့အဓိက အကြောင်းအရင်းက အမချူးဝမ်ရဲ့မိတ်ကပ်ကို နင်ခိုးတဲ့အကြောင်း ရေးခိုင်းတာ။ ဒါပေမယ့် နင်က မဆိုင်တာတွေထည့်ရေးပြီး အမချူးဝမ်ကို ထပ်အရှက်ခွဲသလိုမျိုး ဖြစ်နေတာ။ အခု ကိုယ့် အမှားကိုယ် သိသွားပြီလား ငတုံးမ"
ဟု ဝင်ပြောလိုက်သည်။

"အောင်မာ၊ ငါ့များ ငတုံးမတဲ့။ နင်ကမှ ငတုံးကောင်ဟဲ့"
ယွမ်ချူးယန်က ပြန်အော်၏။

ယွမ်ဟောင်ဂျန်ထံက ဘာစကားမှ ထွက်မလာခင်မှာဘဲ ယွမ်ချန်းဖူကာ စားပွဲကို လက်ဝါးဖြင့် ထပ်ရိုက်ကာ
"မင်းတို့တွေ အခုလိုချိန်မှာတောင် ရန်ဖြစ်နေကြတုန်းလား"
ဟု အော်လိုက်၏။
ပြီးတာနဲ့ ယွမ်ချူးယန်ဘက်ကိုလှည့်ကာ
"သွား၊ နင်လည်း အပေါ်တက်ပြီး ကိုယ့်အမှားကိုယ် သေသေချာချာ နားလည်သည်အထိ သုံးသပ်နေစမ်း"
ဟု ဆူလိုက်၏။

ယွမ်ချူးယန်လည်း စိတ်ဆိုးကာ ဆောင့်ကြီးအောင့်ကြီးဖြင့် အပေါ်တက်သွားတော့သည်။

တစ်ဖန် ယွမ်ချန်းဖူက ရဲ့ချူးဝမ်ဘက်ကိုလှည့်ကာ
"သမီးကြီး၊ သမီးလည်း သမီးရဲ့အမှားကို သေချာနားလည်မယ်လို့ထင်တယ်။ အဖေလည်း သမီးမောင်လေးတွေ ညီမလေးတွေ ရှေ့မှာ စကားအများကြီးမပြောချင်ဘူး။ သွားအပေါ်တက်ပြီး ကိုယ့်အမှားကို ထပ်သုံးသပ်နေ"

"ဟုတ်ကဲ့ပါ၊ အဖေ"
ရဲ့ချူးဝမ်လည်း အသာခေါင်းငုံ့လျက် အပေါ်ထပ်ကို တက်သွားတော့သည်။

အပေါ်ထပ်အခန်းထဲကိုရောက်သည့်အခါ ကုတင်ပေါ်မှာထိုင်ရင်း ဒေါသတွေထွက်နေသည့် ယွမ်ချူးယန်ကို သူမမြင်တွေ့လိုက်ရသည်။
သူမက ယွမ်ချူးယန်အား အဖက်လုပ်တာမျိုး မရှိခဲ့ဘဲ လျစ်လျူရှုကာ တစ်ဖက်မှာဝင်ထိုင်လိုက်ရင်း အတွေးများနေတော့သည်။

ယခင်တုန်းက သူမဟာ လိမ္မာရေးခြားရှိသည့် သမီးတစ်ဦးအဖြစ် အဖေနဲ့အမေတို့ထံကနေ အမြဲမျက်နှာသာပေးခြင်းခံရပေသည်။ ဒါပေမယ့် ယွမ်ချူးယန်တစ်ယောက် သူမအခန်းကိုပြောင်းလာပြီးကတည်းက သူမအတွက် အဆိုးတွေချည်းဘဲ သူမကြုံနေရသည်။ ဒါ့ကြောင့် သူမက ယွမ်ချူးယန်နဲ့တရင်းတနှီး မနေတော့ဖို့မတွက် စိတ်ပိုင်းဖြတ်လိုက်တော့၏။

အောက်ထပ်မှာတော့။
ယွမ်ရိဟာ ညစာစားပြီးသွား၍ ထမင်းစားခန်းထဲကနေ ထွက်ဖို့ပြင်ချိန်မှာဘဲ ယွမ်ဟောင်ဂျန်က တားလိုက်ပြီး
"အမ၊ ဒီနေ့ ကျွန်တော်တို့ ရပ်ကွက်ထဲ ရုပ်ရှင်ပြမှာတဲ့။ အဲ့တာ သွားကြည့်ရအောင်"
ဟု ပြောလိုက်၏။
ရုပ်ရှင်ဆိုသည့်အသံကြားကတည်းက ယွမ်ကျဲကတော့ မျက်လုံးတွေ တလက်လက်ဖြစ်နေပြီဖြစ်သည်။

ယွမ်ရိလည်း ခေါင်းညိတ်ပြကာ

သူတို့ရပ်ကွက်အတွင်းမှာ တနင်္ဂနွေနေ့တိုင်းရုပ်ရှင်ပြလေ့ရှိသည်။ ယွမ်ချန်းဖူနဲ့ဖန်းရှုံးယန်တို့ကလည်း သူတို့သားသမီးတွေ ရုပ်ရှင်သွားကြည့်ကြတာကို ခွင့်ပြုပေးထား၏။

ယွမ်ချူးရွယ်ကလည်း
"ညီမလည်း လိုက်မှာနော်"
ဟု ဝင်ပြောလိုက်၏။

ယွမ်ဟောင်ဂျန်လည်း ခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင် အတူတူသွားကြရအောင်"
ဟု ပြောလိုက်၏။

ပြီးတာနဲ့ ရဲ့ဖန်ဘက်ကိုလှည့်ကာ

ရဲ့ဖန်က ခဏမျှစဉ်းစားပြီးမှ
"အင်း။ လိုက်မယ်လေ"
ဟု အဖြေပေးလိုက်သည်။

ထိုအချိန်မှာဘဲ ဖန်းရှုံးယန်က ရဲ့ဖန်ကိုကြည့်ကာ
"သားကြီး၊ မင်းပါလိုက်သွားမယ်ဆိုတော့ မင်းညီလေးဟောင်ဘင်းကိုပါ ခေါ်သွားလို့ရလား"
ဟု မေးလိုက်၏။

ရဲ့ဖန်လည်း ခေါင်းညိတ်ကာ ယွမ်ဟောင်ဘင်းကိုပါ အတူတူခေါ်သွားမည့်အကြောင်း ကတိပေးလိုက်၏။

မောင်နှမတွေအကုန်လုံး ညစာစားပြီးတာနဲ့ ရုပ်ရှင်ကြည့်ဖို့အတွက် အိမ်ကနေ ထွက်လာခဲ့ကြတော့သည်။

အိမ်အပေါ်ထပ်က ယွမ်ချူးယန်ကတော့ ရုပ်ရှင်ကြည့်ထွက်သွားကြသည့် ယွမ်ရိတို့တစ်စုကိုကြည့်ကာ အံ့တကြိတ်ကြိတ်ဖြစ်လို့နေတော့သည်။

ရုပ်ရှင်ပြသည့်နေရာကိုရောက်တာနဲ့ ယွမ်ရိတို့ဟာ နေ‌ရာကောင်းတစ်ခုမှာ ဝင်ထိုင်လိုက်ကြသည်။ ရုပ်ရှင်ပြဖို့စောနေသေးသည့်အတွက် ကလေးတချို့၏ဆူညံသံများက ပျံ့လွင့်နေ၏။

အချိန်သိပ်မကြာခင်မှာဘဲ ပိတ်ကားချပ်ပေါ်မှာ အလင်းရောင်တွေ စတင်ထွက်ပေါ်လာက ရုပ်ရှင် စပြတော့သည်။

အချိန်အတော်ကြာအောင် ရုပ်ရှင်ကြည့်နေရင်းဖြင့် ယွမ်ရိက ဘေးပတ်ဝန်းကျင်ကလူတွေကို လှည့်ကြည့်မိ၏။ နှစ်သစ်ကူးမတိုင်ခင်ညက တုန်းဖန်အလယ်တန်းကျောင်း၏အားကစားကွင်းအတွင်း လင်းယောင်၊ ယွမ်ချီကျီ၊ ကျောင်းရွယ်ယန်တို့ဖြင့် ရုပ်ရှင်အတူတူကြည့်ခဲ့ကြသည့် အချိန်တွေကို ပြန်တမ်းတမိလိုက်၏။

ထို့အတူပင် သူမစိတ်ထဲမှာ ဖန်းမင်းတောင်ပေါ်က လူတွေအကြောင်းကိုပါ ပြန်တွေးမိသွားတော့သည်။

အဖိုးအဖွားတို့ရယ်။

ဖန်းယန်ရွာက လူတွေရယ်။

ပြန်မတွေ့နိုင်တော့ပြီဖြစ်သည့် ကျေးဇူးရှင် အဖိုးဆောင်းရယ် စသည့်လူတွေအား သူမ၏စိတ်အာရုံအတွင်း ပြန်လည်တွေးတောတမ်းတမိတော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now