Chapter 45.1

992 126 0
                                    

အပိုင်း - ၄၅.၁

လျူရှင်းဟွာက ယွမ်ရိကို ခေါ်ကာအခန်းထဲကနေပြီး အပြင်ကို ပြန်ထွက်ခဲ့၏။ အခန်းအပြင်ဘက်မှာတော့ ယွမ်ကျဲဟာ အခန်းအပေါက်ဝကို တကြည့်ကြည့်ဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူမအဖွားလျူရှင်းဟွာနဲ့ ယွမ်ရိတို့ ထွက်လာတာကို မြင်တော့ သူမက ပြုံးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်လိုက်တော့သည်။

ကျန်တဲ့သူတွေကလည်း အိမ်မှာရှိမနေ‌ကြတော့ချေ။ယွမ်ကျီကောင်း၊ ယွမ်ချန်းကွေ့၊ ဆန်းရှောင်ဟိုင်နဲ့ယွမ်ချီကျီတို့က ယွမ်ချန်းရှန်၏မင်္ဂလာပွဲမှာ အသုံးပြုဖို့ ငှားရမ်းထားသည့် စားပွဲခုံတွေ၊ ထိုင်ခုံတွေ၊ အိုး၊ခွက်ပန်းကန်အစရှိတာတွေကို ငှားယူထားသည့်အိမ်တွေထံပြန်ပို့နေကြ၏။

ယွမ်ရွယ်ဂျင်းနဲ့ယွမ်ရဲဟွာတို့ ညီအကိုနှစ်ယောက်ကတော့ ဘယ်ဆီဘယ်ဝယ်ထွက်သွားပြီမှန်းမသိ၍ အိမ်ထဲမှာမရှိကြချေ။

ထိုအချိန်မှာဘဲ ဖန်းရှုံးယန်က အထုပ်တစ်ထုတ်ကိုဆွဲလျက် ယွမ်ချန်းဖူနဲ့အတူ အခန်းထဲကနေ ထွက်လာကြ၏။ ထိုအထုပ်ကို ထမင်းစား စားပွဲပေါ်တင်ပြီး ဖွင့်လိုက်သည့်အခါမှာတော့ အရသာရှိပုံပေါ်မည့် အမျိုးမျိုးအထွေထွေသော မုန့်များဖြင့်ပြည့်နေတာကို မြင်လိုက်ရတော့သည်။

ယွမ်ရိနဲ့ယွမ်ကျဲလည်း ကလေးသဘာဝအရ မုန့်တွေကိုမြင်တော့ အလိုအလျောက်ပင်နှိုက်ယူဖို့ ပြင်လိုက်ကြသည်။ ဒါ့ပေမဲ့ လျူရှင်းဟွာ၏သတိပေးသလိုအကြည့်ကြောင့် နှစ်ယောက်သား နည်းနည်းတွန့်သွားကြသည်။

ဒါပေမယ့် သူမတို့နှစ်ယောက်ဟာ ယွမ်ရဲဟွာနဲ့ယွမ်ရွယ်ဂျင်းတို့ညီအကိုနှစ်ယောက်ကို တွေးမိပြီး မုန့်ထုပ်ထဲကနေ စားကောင်းမည့်မုန့်တွေကို အမြန်နှိုက်ယူကြတော့သည်။ ယွမ်ရွယ်ဂျင်းနဲ့ယွမ်ရဲဟွာတို့ ညီအကိုနှစ်ယောက်သာ ထိုမုန့်ထုပ်ကိုမြင်သွားပါက သူမတို့အတွက် ဘာမျှမကျန်တော့မှာစိုး၍ ကြိုပြီးတော့ နှိုက်ယူထားကြခြင်းဖြစ်ပေသည်။

သူမတို့ မုန့်တွေကို စိတ်ကြိုက်ယူပြီးသွားတာနဲ့တပြိုက်နက် အိမ်အပြင်ကနေ ယွမ်ရဲဟွာတစ်ယောက် အလောတကြီးဝင်လာ၏။ အလောတကြီး ပြေးဝင်လာမိ၍ ထမင်းစား စားပွဲအစွန်ဖြင့်တိုက်မိကာ နာနာကျင်ကျင်ညီးညူလိုက်ရသေးသည်။

ထို့နောက် အခန်းထဲကို ဝှေ့ပတ်ကြည့်ရင်း ယွမ်ရဲဟွာ၏အကြည့်တွေက စားပွဲပေါ်က မုန့်ထုပ်ပေါ်ကျရောက်သွားကာ
"အဲ့ထဲက မုန့်တွေမလားး။ အနံ့လေးတွေက မွှေးလွန်းလို့ အပြင်ကနေတောင် အနံ့ရနေတာ"
လို့ ပြောလိုက်ပြီး ယွမ်ချန်းဖူအားကြည့်ကာ
"ဦးလေး။ အဲ့တာ‌ ကျွန်တော်တို့တွေစားဖို့ ဝယ်လာခဲ့တာလား"
ဟု မျှော်လင့်တကြီးမေးလိုက်၏။

ယွမ်ချန်းဖူလည်း ခေါင်းညိတ်ပြကာ
"ဟုတ်တာပေါ့။ မင်းတို့တွေအကုန်လုံး စားဖို့ဝယ်လာခဲ့ဝာလေ"

ထိုစကားကို ကြားလိုက်တာနဲ့ ယွမ်ရဲဟွာလည်း ဝမ်းသာအားရဖြစ်ကာ မုန့်ထုပ်အတွင်းသို့ လက်နှိုက်၍ မုန့်တွေကို တကုပ်ကြီးယူဖို့လုပ်တော့သည်။ ဒါပေမဲ့ သူ့လက်မုန့်ထုပ်ထဲကိုရောက်တဲ့အခါမှာ မုန့်တွေက နည်းနည်းလေးပဲပါလာတာကို သတိထားမိလိုက်သည်။ ဒါ့ကြောင့် လောဘကြီးစွာဖြင့် မုန့်ထုပ်တစ်ထုပ်လုံးကို သူ့ဘက်ကို ဆွဲယူလိုက်တော့သည်။

ဒါ့ကြောင့် လျူရှင်းဟွာက
"ဟဲ့။ ရှေ့လူ၊ နောက်လူ ကြည့်ပြီးစားလေ။ ဘယ့်နှယ်ဖြစ်လို့ ဒီလောက်လောဘကြီးနေရတာလဲ"
ဟု ဆူလိုက်၏။

ထိုအခါ ယွမ်ရဲဟွာက မထုံတတ်သေးဖြင့်
"ဒါပေမယ့် မုန့်က နည်းနည်းဘဲကျန်တော့တာလေ"
ဟု ပြန်ပြောလိုက်၏။


ဖန်းရှုံးယန်လည်း ပြုံးလိုက်ပြီး ညင်သာသောလေသံဖြင့်
"မင်းအဖိုးအဖွားတွေ၊ မင်းမိဘတွေ၊ မင်းးဦးလေး၊ဒေါ်လေးတွေနဲ့ မင်းအကိုတို့စားဖို့အတွက်လည်း နည်းနည်းချန်ထားခဲ့ပါဦးကွယ်"
ဟု ဖျောင်းဖျလိုက်သည်။

ဒါပေမယ့် ဖန်းရှုံးယန် ဖျောင်းဖျလို့မပြီးခင်မှာဘဲ ယွမ်ရဲဟွာက မုန့်တွေကို လက်ဖြင့်ကုပ်ကာ သူ့အိတ်ထဲ ထည့်နေပြီဖြစ်သည်။

ယွမ်ရိနဲ့ယွမ်ကျဲကတော့ သူမတို့ရွေးယူထားသည့် မုန့်တွေနဲ့အတူ လျူရှင်းဟွာ၏အခန်းအတွင်းဝင်ကာ ဖွက်ထားလိုက်ကြ၏။ သူမတို့က ယွမ်ချန်းရှန်နဲ့ယွမ်ချီကျီတို့ ပြန်လာမှ ဝေမျှစားဖို့ ဆုံးဖြတ်ထားကြသည်။

ယွမ်ကျဲက အခန်းထဲမှာထိုင်နေရင်းဖြင့် ယွမ်ရိအား
"ငါ့ကို ဦးကြီးက ခေါ်သွားမှာတဲ့လား"
ဟု မဝံ့မရဲမေးလိုက်၏။

သူမစိတ်ထဲ ထိုသို့မေးလိုက်ရသည့်အတွက် ရှက်ရွံ့လို့နေခဲ့၏။ ဒါပေမယ့် သိချင်စိတ်ကြောင့် အရှက်တရားကို ဘေးချိတ်၍ မေးမြန်းလိုက်ခြင်းဖြစ်ပေသည်။


ယွမ်ရိက
"သူတို့တွေက နင့်ကိုငါ့နဲ့အတူတူခေါ်သွားဖို့ သဘောတူလိုက်ကြပြီ"
ဟု ဝမ်းသာအားရပြောလိုက်၏။

"တကယ်ကြီးလား"
ယွမ်ကျဲက အံ့အားတကြီး ပြန်မေးလိုက်၏။

ယွမ်ရိက ခေါင်းညိတ်ကာ
"အင်း။ ငါနဲ့အဖွားတို့နှစ်ယောက်လုံး သေသေချာချာပြောပီ့း နားချခဲ့ကြ‌တာလေ"
လို့ပြောကာ ဖြစ်စဉ်အသေးစိတ်အား ယွမ်ကျဲကို ပြောပြလိုက်၏။

ယွမ်ကျဲဟာ ယွမ်ရိ၏ပြောပြမှုတွေကြောင့် စိတ်လှုပ်ရှားပျော်ရွှင်လို့သွား၏။ ဒါပေမဲ့ သူမက အပြည့်အဝမပျော်ရဲသေးဘဲ
"ငါ့မိဘတွေက ငါ့ကိုအမနဲ့အတူမလိုက်ခိုင်းရင် ဘယ်လိုလုပ်ကြမလဲ"
ဟု စိုးရိမ်မကင်းလေသံလေးဖြင့် မေးမြန်းလိုက်ပြန်သည်။

ယွမ်ရိက
"အဲ့ဒီကိစ္စကိုတော့ စိုးရိမ်မနေစမ်းပါနဲ့ဟာ။ အဓိက,က နင်ဒီတောင်ပေါ်ကထွက်ခွာနိုင်ဖို့ရယ်နဲ့ငါ့အဖေနဲ့ငါ့အမေတို့ကို ဒုတိယဦးလေးတို့အိမ်ခွဲသွားတဲ့အကြောင်း၊ ဒီနှစ်တွေထဲ သူတို့ဘာတွေလုပ်ခဲ့ကြတယ်ဆိုတဲ့အကြောင်းတွေကို မသိစေဖို့ဘဲ။ အဲ့ဒါဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး"
ဟု ပြောပြလိုက်သည်။

ယွမ်ကျဲက
"ဒါပေမယ့် အဲ့ဒီအကြောင်းတွေကို ငါ့မိဘတွေ ကိုယ်တိုင်က ပြောလိုက်ကြရင်ရော"
ဟု သူမစိုးရိမ်နေသည့် နောက်ထပ် အကြောင်းအရာတစ်ခုကို ထပ်မေးလိုက်ပြန်သည်။

ယွမ်ရိက စိုးရိမ်ပြီးရင်းစိုးရိမ်နေသည့် သူ့ညီမဝမ်းကွဲကိုကြည့်ရင်း ခေါင်းတခါခါဖြင့် ပြုံးလိုက်မိသည်။ထို့နောက် သူမက လေသံအေးအေးလေးဖြင့်
"ရှောင်ကျဲ၊ မနေ့ကထမင်းစားဝိုင်းမှာ ငါ့အဖေနဲ့နင့်အဖေတို့ ပြောတဲ့စကားတွေကို ပြန်ပြီးတွေးတောကြည့်လိုက်ပါဦး။ ဒုတိယဦးလေးရဲ့ လေသံထဲမှာ ငါ့အဖေအပေါ် အလွန်လေးစားမှုတွေ ကိန်းအောင်းနေတာ။ ဒါ့ကြောင့် သူတို့ဘက်ကနေ ငါ့အဖေနဲ့ ဆက်ဆံရေးပျက်ပြားစေမယ့် အရာမျိုးကို လုံးဝ မလုပ်လောက်ဘူး"

ယွမ်ကျဲလည်း သူ့အမ၏စကားဟာ မှန်တယ်လို့ ခံစားရသဖြင့်
"အမပြောတာ ဖြစ်နိုင်တယ်"
ဟု ပြောလိုက်၏။

ထို့နောက် သူမကဆက်လက်ပြီး
"ဒါပေမယ့် အဲ့ဒီအကြောင်းတွေကို အမြဲတမ်း ဖုံးကွယ်ထားနိုင်မှာတော့ မဟုတ်လောက်ဘူးနော်"
ဟု သတိလေးဖြင့် ထောက်ပြလိုက်သည်။

ယွမ်ရိကလည်း ယွမ်ကျဲ၏စကားကို ခေါင်းတညိတ်ညိတ်ဖြင့်
"အဲ့တာတော့အမှန်ဘဲ။ ထာဝရဖုံးကွယ်ထားလို့ရတဲ့ အရာဆိုတာမရှိဘူး။ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာတော့ အကုန်ဘူးပေါ်သလိုပေါ်ကုန်မှာဘဲ။ ဒါပေမယ့် နင် တောင်ပေါ်က မထွက်ခင်အချိန်လေးအတွင်းဘဲ ဒုတိယဦးလေးတို့နဲ့ယွမ်အိမ်ရဲ့အခြေအနေမှန်ကို ဖုံးကွယ်ထားဖို့လိုတာ။ နင်သာ တောင်ပေါ်ကနေ ထွက်ခွာနိုင်တာနဲ့ အဲ့ဒီအကြောင်းတွေကို ငါ့အဖေနဲ့အမေသိသွားလည်း ဘာမှမတတ်နိုင်တော့ဘူးရယ်"

တကယ်တော့ ယွမ်ကျဲရဲ့စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ရှိနေဆဲပင်။ သူမစိတ်ထဲမှာ အကယ်၍ သူမအဖေနဲ့အမေတို့က ယွမ်အိမ်ဖြင့် ပြဿနာတက်ထားကြတာကို ယွမ်ရိ၏အဖေနဲ့အမေတို့ စောစီးစွာသိသွားကြမှာကို စိုးရိမ်နေ၏။ သူမ၏အဖေ ယွမ်ချန်းကွေ့နဲ့အမေဆန်းရှောင်ဟိုင်တို့ကလည်း သူမယွမ်ရိနဲ့လိုက်သွားမည့်ကိစ္စကို တားဆီးကြမှာကိုလည်း စိုးရိမ်လို့နေပေသည်။

ယွမ်ကျဲလည်း သက်ပြင်းတစ်ချက်အသာချလိုက်ပြီး အရာအားလုံး အဆင်ပြေပြေနဲ့ပြီးဆုံးသွားဖို့ စိတ်ထဲကနေ ဆုတောင်းလိုက်တော့သည်။

ယွမ်ကျဲအတွက် ယွမ်ရိနဲ့အတူ ချောချောမွေ့မွေ့လိုက်သွားနိုင်ဖို့အတွက် လျူရှင်းဟွာက ယွမ်ကျီကောင်း၊ ယွမ်ချန်းရှန်နဲ့ယွမ်ချီကျီတို့အား ယွမ်ချန်းကွေ့နှင့် ဆန်းရှောင်ဟိုင်တို့ကို ယွမ်ကျဲကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောကြဖို့ ကြိုပြောထားလိုက်၏။

ညဘက် ညစာ,စားကြတဲ့အချိန်။
ယွမ်ချန်းဖူတို့ရောက်နေသည့်အချိန်ဖြစ်၍ မိသားစုစည်းစည်းလုံးလုံးဖြစ်နေကြောင်းပြသရန် ယွမ်ချန်းကွေ့တို့မိသားစုဟာ ယွမ်အိမ်မှာဘဲ ညစာ စားခဲ့ကြ၏။

မနက်ဖြန်မှာပဲ ယွမ်ချန်းဖူတို့က ဖန်းယန်ရွာကနေ ပြန်ကြတော့မှာဖြစ်၍ ယွမ်ချန်းဖူဟာ သူ့မိသားစုနဲ့အတူ စကားတွေအများကြီးပြောကာ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်တွေးလို့နေ၏။ ထို့အတူ သူ၏ဒုတိယညီ ယွမ်ချန်းကွေ့ကိုလည်း မိသားစုကို ကောင်းကောင်းစောင့်ရှောက်ဖို့အား အကြိမ်ကြိမ် မှာကြားလို့နေသည်။

ထိုသို့ အမှာစကားအားကြားတိုင်း ယွမ်ချန်းကွေ့၏မျက်နှာပေါ်မှာ ရှက်ရွံ့မှုများဖြစ်ပေါ်လာပြီး အမြန်ဖုံးကွယ်လိုက်ရ၏။ ကံကောင်းတာက ဘယ်သူကမှ တကယ့်အဖြစ်မှန်တွေကို ထုတ်မပြောကြတာမို့ ယွမ်ချန်းကွေ့တစ်ယောက် နည်းနည်းစိတ်အေးနေခြင်းဖြစ်သည်။

ဒါ့ကြောင့် သူက
"အကို စိတ်မပူပါနဲ့။ မိသားစုကို ကျွန်တော် အကောင်းဆုံး စောင့်ရှောက်သွားပါ့မယ်"
လို့ အရေထူထူဖြင့် ပြောလိုက်၏။

ဆန်းရှောင်ဟိုင်ကလည်း
"အကိုကြီးရယ်။ ငါတို့အားလုံးက တစ်မိသားစုတည်းပဲလေ။ ဒီတော့ မိသားစုကို စောင့်ရှောက်ပေးဖို့က ငါတို့မှာလည်း တာဝန်ရှိတာပေါ့"
ဟု သူမယောက်ျား၏စကားနောက်ကနေ လေဖမ်းဒန်းစီးလုပ်လိုက်၏။

ထိုစကားတွေကြောင့် ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ယွမ်ချိကျီ၊ ယွမ်ချန်းရှန်နဲ့ယွမ်ရိတို့၏ စိတ်ထဲမှာ စက်ဆုပ်ရွံရှာ အော့အန်ချင်စိတ်တွေဖြစ်ပေါ်လာခဲ့ကြသည်။

ဘာမှမသိသည့် ယွမ်ချန်းဖူကတော့ သူ၏ဒုတိယညီနဲ့ဒုတိယခယ်မတို့က မိသားစုကို ပင်ပင်ပန်းပန်းပြုစုပေးနေရသည်ဟု ထင်မြင်‌သွားတော့၏။

ယွမ်ချန်းဖူက
"ငါ့သမီးကြီးကို နှစ်တွေအကြာကြီးစောင့်ရှောက်ပေးခဲ့ကြတဲ့အတွက် မင်းတို့ကို ငါတကယ်ကျေးဇူးတင်ပါတယ်ကွာ။ အရင်တုန်းက ငါက စစ်တပ်အတွင်းမှာ ရာထူးသိပ်မရှိသေးတော့ မိသားစုကို ခေါ်ခွင့်မရှိသေးဘူးလေ။ ငါတို့ခေါင်းဆောင်ကွယ်လွန်သွားခဲ့တုန်းကလည်း သူ့ဇနီးနဲ့သားသမီးနှစ်ယောက်ကျန်ခဲ့သေးတယ်။ မကြာခင်မှာပဲ ခေါင်းဆောင်ရဲ့ဇနီးကလည်း နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားတော့ မိဘမဲ့ကလေးနှစ်ယောက်ဘဲ ကျန်ခဲ့တာ။ ခေါင်းဆောင်က ငါ့အပေါ်အရမ်းကောင်းတယ်။ ဒါ့ကြောင့်မို့ ခေါင်းဆောင်ရဲ့ သားနဲ့ သမီးကို ငါကစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်တာ။"

ယွမ်ချန်းဖူအနေနဲ့ ဘာလို့ ဒီအကြောင်းတွေကို ပြောနေမှန်းမသိပေမယ့် ယွမ်ရိကအာရုံစိုက်ပြီး နားထောင်နေခဲ့၏။

ယွမ်ချန်းဖူက ဆက်လက်ပြီးတော့
"ဒါပေမဲ့ အဲ့ဒီအချိန်တွေတုန်းက ငါတို့နေရတဲ့နေရာက ကျဉ်းမြောင်းတဲ့စစ်တန်းလျားတစ်ခုမှာဘဲလေ။နောက်ပိုင်းကျမှ စစ်တပ်ဘက်ကနေ ငါတို့ကို သေဆုံးသွားပြီဖြစ်တဲ့ခေါင်းဆောင်ရဲ့ အိမ်ကိုပြောင်းရွှေ့ပေးခဲ့တာ။ ကလေးနှစ်ယောက်က အစပိုင်းမှာ ငါနဲ့ရှုံးယန်တို့ကို လက်မခံချင်ကြဘူးလေ။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက်လုံးက ငါတို့အပေါ်မှာ မိဘအရင်းတွေလိုမျိုး သဘောထားလာကြပြီ။ ဒါ့ကြောင့်မို့ ငါတို့လည်း အဲ့ဒီအချိန်တွေတုန်းက ရှောင်ရိကို အတူတူပြန်ခေါ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့်........"

'ဒါပေမယ့်' ဆိုသည့် စကားလုံး၏နောက်မှာတော့ ယွမ်ချန်းဖူက ယွမ်ရိကို ကြည့်ရင်း စကားစကို ရပ်လိုက်၏။

ထိုအချိန်မှာဘဲ လျူရှင်းဟွာက ယွမ်ချန်းဖူ၏စကားကို ဆက်ပေးလိုက်တော့သည်။
"ဒါပေမယ့် မင်းဇနီးမှာ ဒုတိယကိုယ်ဝန်ရှိလာတယ်လေ။ ဟိုကလေးနှစ်ယောက်အပြင် ရှောင်ရိကိုပါအတူတူခေါ်လိုက်ရင် ကလေးသုံးယောက်ဖြစ်သွားပြီး မင်းတို့အတွက် တာဝန်တွေပိလာတော့မှာမလား။ ဒါ့ကြောင့်မို့ ရှောင်ရိကို မခေါ်သေးတာပဲ။ ဒီလိုနဲ့ ဒုတိယကိုယ်ဝန်ပြီးတော့ နောက်ထပ် ကိုယ်ဝန်တွေ ဆက်တိုက်ရလာတယ်လေ။ ဒီလိုနဲ့ ငါ့မြေးမလေးက မင်းတို့မိသားစုထံကို တစ်သက်လုံး မပြန်လာရတော့ပဲ ဖြစ်သွားတော့မှာမလား"
ဟု ခံပြင်းစွာဖြင့် လျူရှင်းဟွာက ဝင်ပြောလိုက်သည်။

ယွမ်ချန်းဖူက
"အမေရယ်။ အဲ့လောက်ကြီးလည်း ဖြစ်မသွားပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့သမီးကြီးကို ကျွန်တော်တို့နဲ့အတူတူ ပြန်ခေါ်သွားတော့မှာဘဲဟာ"

ဖန်းရှုံးယန်ကလည်း
"အမေရယ်။ အရင်တုန်းက ချန်းဖူက နေ့တိုင်းအလုပ်သွားတော့ ကလေးတွေကို ထိန်းရမယ့်သူက ကျမတစ်ယောက်တည်းကျန်ခဲ့တာလေ။ အဲ့ဒီအချိန်တွေတုန်းက နေရထိုင်ရတာကလည်း အခက်အခဲတွေအပြည့်နဲ့မို့လို့ သမီးကြီးကို ပြန်မခေါ်နိုင်သေးတာပါ။ အခုတော့ ကျွန်မတို့လည်း ပြေပြေလည်လည်ဖြစ်သွားပြီဖြစ်သလို ကလေးတွေကလည်း နည်းနည်းအရွယ်ရောက်လာပြီဆိုတော့ သူတို့ကိုယ်သူတို့ထိန်းနိုင်ကြပြီလေ။ ဒါ့ကြောင့် ကျွန်မတို့မိသားစုလေး တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်တော့မှာဘဲလေ"

ထိုအခါ လျူရှင်းဟွာက
"ညည်း‌တို့လင်မယားသာ ကလေးတပြွတ်ပြွတ်မွေးမနေရင် ညည်းတို့မိသားစုလေးစုံစုံလင်လင်ဖြစ်တာ ကြာလှရော‌မယ်အေ့"
ဟု ဟန်မူပါပါဖြင့် ရွဲ့ပြောလိုက်တော့သည်။

ဖန်းရှုံးယန်လည်း ပြောစရာစကားတွေ ပျောက်ရှသွားတော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now