Chapter 28.2

1.5K 193 3
                                    

Chapter 28.2

သူမက ဆက်လက်ပြီး"ရွယ်ယန်ကိုလည်း ဆရာဝန်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ငါထင်တောင်မထင်ထားဘူး"

ယွမ်ရိက ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်။ သမီးတောင်မှ‌ ယောင်ယောင်လေးပြောလို့သိရတာ"
မြေးအဖွားသုံးယောက် ညစာချက်ပြုတ်ပြင်ဆင်နေကြချိန်မှာပဲ ယွမ်ကျီကောင်း၊ ယွမ်ချန်းရှန်နဲ့ယွမ်ချီကျီတို့သုံးယောက် ပြန်ရောက်လာကြ၏။

ယွမ်ကျီကောင်းက အိမ်ထဲကိုရောက်တာနဲ့
"ဒီနေ့ကလေးတစ်ယောက် ရေကန်ထဲရေနစ်ပြီးသေတော့မလိုဖြစ်သွားတယ်ဆို ဟုတ်လား"

ယွမ်ကျဲခေါင်းညိတ်ပြကာ
"ဟုတ်တယ်။ သမီးတို့ရှေ့မှာပဲ ဖြစ်သွားတာ"

ယွမ်ချန်းရှန်ကလည်း ရေတစ်ခွက်အရင်သောက်လိုက်ပြီး
"လင်းယောင်ရဲ့အမေက ကယ်တင်ပေးလိုက်လို့သေမသွားတာဆို။ ငါအဲ့လိုလည်း ကြားခဲ့ရလို့"
ယွမ်ကျဲက
"ဟုတ်တယ်။ လင်းယောင်ရဲ့အမေက ယန်ဇီရဲ့ရင်ဘက်ကိုလက်နဲ့ဖိလိုက်။ ပါးစပ်ထဲကလေတွေကို စုပ်ယူလိုက်နဲ့အကြိမ်ကြိမ်ကြိုးစားပြီးမှ ယန်ဇီကိုခက်ခက်ခဲခဲကယ်တင်နိုင်ခဲ့တာ"

ယွမ်ကျီကောင်းက ခေါင်းတညိတ်ညိတ်ဖြင့်
"ဒါကကတယ့်ကို ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ရွာထဲကလူတွေကို သတိတော့ပေးထားရမယ်။ အခုချိန်ကစပါးသိမ်းတဲ့ရာသီဆိုတော့ ကိုယ့်ကလေးကိုလည်း စိုက်ခင်းတွေဘက်ခေါ်လာကြတယ်လေ။ ဒီတော့ကလေးတွေကို ရေကန်တွေဘက်ကိုမသွားဖို့။သွားရင်လည်းအဖော်ပါမှသွားဖို့ ရွာထဲကလူတွေကိုပြောထားရမယ်။ ဒါမှ နောက်ထပ်မတော်တဆထပ်မဖြစ်တော့မှာ" လို့ ပြောလိုက်တော့သည်။
တစ်မိသားစုလုံး ကျောင်းရွယ်ယန်အား ချီးမွမ်းလို့နေကြသည်။ ယွမ်ကျီကောင်းကလည်း ကျောင်းရွယ်ယန်ကို လူရှေ့သူရှေ့မှာချီးမွမ်းထောမနာပြုပွဲလေးတစ်ခု လုပ်ပေးချင်ကြောင်း ပြောနေခဲ့သည်။

ထိုအချိန်မှာပဲ ခြံဝန်းအပြင်ကနေ ကျယ်ကျယ်လောင်လောင်အော်ဟစ်သံကို ကြားလိုက်ကြရ၏။
"ယွမ်ချန်းကွေ့၊ ဆန်းရှောင်ဟိုင်။ နင်တို့နှစ်ယောက် အခုချက်ချင်းထွက်လာခဲ့ကြစမ်း"
"ဘာဖြစ်တာလဲဟ"
ယွမ်ကျီကောင်းဟာ မျက်မှောင်ကြုတ်ပြီး ထမင်းဝိုင်းမှထကာခြံအပြင်သို့ ဦးတည်လိုက်တော့သည်။

လျူရှင်းဟွာ၊ ယွမ်ချန်းရှန်၊ ယွမ်ချီကျီနဲ့ယွမ်ရိတို့လည်း သိချင်စိတ်ဖြင့် နောက်ကနေလိုက်သွားကြ၏။ယွမ်ကျဲက‌လည်း မီးဖိုအတွင်း ထင်းအနည်းငယ်ထည့်ပြီးတဲ့နောက် ယွမ်ရိတို့နောက် လိုက်သွားတော့သည်။
ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်လည်း သူတို့အိမ်ထဲကနေအပြင်ကို ထွက်လာကြတော့သည်။ သူတို့နှစ်ယောက်နာမည်ကို အပြင်‌ကနေအကျယ်ကြီးခေါ်နေတာကြောင့် စိတ်ရှုပ်နေတဲ့ပုံပေါ်နေကြ၏။

သူတို့တွေအပြင်ကိုရောက်တဲ့အခါမှာ ရေနစ်ပြီးသေမလိုဖြစ်သွားသည့် ယန်ဇီ၏မိဘများကိုမြင်လိုက်ကြရသည်။ ယွမ်ချန်းကွေ့နဲ့ဆန်းရှောင်ဟိုင်တို့နှစ်ယောက်ဟာ အခုလေးတင်ပဲ ယန်ဇီရေနစ်သည့်အကြောင်းကို ပြောနေကြတာဖြစ်၏။

ယွမ်ချန်းကွေ့ကယန်ဇီ၏မိဘတွေထံ
"ဘာဖြစ်လို့ ဒီလောက်အကျယ်ကြီးခေါ်နေရတာလဲ"
လို့ မေးလိုက်၏။


ထိုအခါယန်ဇီ၏အဖေက
"ငါ့ရဲ့သမီးကပြောတယ်။ မင်းရဲ့ရဲဟွာကသူမကိုရေကန်ထဲတွန်းချတာတဲ့။ မင်းသားက စိတ်မှန်သေးရဲ့လား။ ငါ့သမီးသာဒီနေ့တစ်ခုခုဖြစ်သွားခဲ့ရင် မင်းရဲ့သားကို ငါအသေသတ်မိမှာကွ"

"ရဲဟွာက နင့်သမီးကိုတွန်းလို့ ရေကန်ထဲကျသွားတယ်ဟုတ်လား။ နင့်မှာဘာသက်သေရှိလို့လဲ။ ငါတို့ရဲ့ရဲဟွာက‌ ဒီနေ့အိမ်ကနေအိမ်ပြင်တောင် ထွက်တာမဟုတ်ဘူး။ ဘာကိစ္စနဲ့နင့်သမီးကို ရေကန်ထဲတွန်းချရမှာလဲ"

ယန်ဇီ၏မိခင်ဟာ ဒေါသတကြီးဖြင့် အံကြိတ်ကာဆန်းရှောင်ဟိုင်အား
"ဆန်းရှောင်ဟိုင်။ အရှက်မရှိတဲ့မိန်းမ။ ငါ့သမီးကိုယ်တိုင် သူ့ကိုနင့်သားက ရေကန်ထဲတွန်းချတာပါလို့ပြောတာဟဲ့။ အခြားအတူတူကစားနေကြတဲ့ ကလေးတွေကိုလည်း မေးကြည့်ပြီးပြီ။ သူတို့တွေလည်း နင့်သားကငါ့သမီးကို ရေကန်ထဲတွန်းချလိုက်တဲ့ဟာကို မြင်လိုက်ကြတယ်တဲ့။ နင်ငြင်းဦးမလား"
"နင့်သားကိုခေါ်ပြီး ဟုတ်လားမဟုတ်ဘူးလာဆိုတာကို မေးလိုက်လေ" လို့ အော်ပြောလိုက်တော့သည်။

ယွမ်ချန်းကွေ့၏မျက်နှာအမူအရာဟာလည်း သူ့မိန်းမနဲ့ထူးမခြားနားပင်။ သူကအိမ်ထဲကိုဝင်သွားကာ သူ့သားငယ်ယွမ်ရဲဟွာကို ခေါ်ထုတ်လာ‌ပြန်သည်။

ထို့နောက် ယန်ဇီ၏မိဘတွေရှေ့မှာပဲ
"ဟေ့ကောင်။ မင်းယန်ဇီကို ရေကန်ထဲတွန်းချတယ်ဆိုဟုတ်လား" လို့ မေးလိုက်၏။

"မင်းအမေပြောတော့ ဒီနေ့တစ်နေ့လုံး မင်းကအိမ်ထဲကနေတောင် မထွက်ပါဘူးဆို။ အခုမင်းပြောတော့ကျတော့ ငါ့သမီးကရေကန်ထဲကိုခြေချော်ကျသွားဖြစ်သွားပြီပေါ့ ဟုတ်လား။ လိမ်မယ်ဆိုရင်လည်း ယုတ္တိရှိတာလေးလိမ်ကြကွ။ ငါတို့ကို ဒီလိုဟာတွေယုံလောက်တဲ့အထိ ငတုံးတွေလို့ထင်နေတာလား"

"ကျွန်တော် တကယ်မတွန်းလို့မတွန်းဘူးပြောတာလေဗျာ" လို့ လေသံတိုးတိုးလေးဖြင့်‌ ပြန်ပြောလိုက်၏။

ဆန်းရှောင်ဟိုင်ကလည်း ယန်ဇီ၏မိဘနှစ်ပါးအား
"ရှင်တို့မြင်ကြလား။ ကျွန်မသားကိုယ်တိုင်က သူ မတွန်းလို့မတွန်းဘူးပြောပြီးပြီလေ။ နောက်ဆိုရင်လူတွေကို မှားယွင်းမစွပ်စွဲ‌မိစေနဲ့ပေါ့ရှင်။ ရှင်တို့သမီးကလည်း ရေကန်ထဲက ရေနစ်ထားတာဆိုတော့ စိတ်ဂယောက်ဂယက်ဖြစ်နေနိုင်တာပဲလေ"

"မင်းတို့တစ်မိသားစုလုံး တကယ်အရှက်မဲ့ကြတာပဲ"
ယန်ဇီ၏ဖခင်က အံတကြိတ်ကြိတ်ဖြင့် ဒေါသတကြီးပြောလိုက်ကာ အနီးမှာရှိသည့်ပေါက်ပြားအားကောက်ကိုင်၍ ယွမ်ချန်းကွေ့တို့အိမ်ထဲကို အတင်းတိုးဝင်သွားတော့သည်။

ယွမ်ချန်းကွေ့က
"ဟေ့ကောင်။ မင်းဘာလုပ်မလို့လဲ။ ရပ်လိုက်တော့နော်" လို့ ပြောတဲ့အပြင် လူကိုယ်တိုင်ပါ ဝင်တားပေမယ့် အင်အားမမျှတာမို့ ယန်ဇီ၏အဖေကအလွယ်တကူပဲ သူတို့အိမ်ထဲရောက်သွားတော့သည်။

ယွမ်ကျီကောင်းက လေသံအေးအေးလေးဖြင့် ပြန်ပြောကာသူတို့အိမ်ထဲကို ပြန်ဝင်သွားတော့သည်။
ဒါ့ကြောင့် ယွမ်ချန်းကွေ့လည်း ယွမ်ချန်းရှန်ဘက်ကိုလှည့်ကာ
"ညီလေးငါး" လို့ ခေါ်လိုက်၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now