Chapter 40

1.2K 141 1
                                    

အပိုင်း - ၄၀

နောက်ရက် နေ့လည်ရောက်တဲ့အခါ ယွမ်ရိနဲ့ ယွမ်ချီကျီတို့နှစ်ယောက်လုံး ချုပ်စရာရှိသည့်အဝတ်တွေ အကုန်လုံးကို ချုပ်လို့ပြီးသွားကြသည်။

ဒါ့ကြောင့် သူမတို့နှစ်ယောက်လုံး ချက်ချင်းပဲ ဖန်းယန်ရွာကိုပြန်ဖို့ပြင်တော့သည်။ ထုပ်ပိုးစရာရှိသည်များကိုထုပ်ပိုးခဲ့ကြပြီး၊ အပ်ချုပ်စက်အား အလာတုန်းက သယ်ပေးခဲ့သည့်လူနှစ်‌ယောက်အား သယ်ခဲ့ပေးဖို့ ပြောကာ ဆံပင်တိုတိုအမျိုးသမီး၏အိမ်ကနေ ထွက်လာခဲ့ကြတော့သည်။

လမ်းမှာ ယွမ်ချီကျီက ယွမ်ရိကို
"ရှောင်ရိ၊ ရှဲ့မိသားစု ချန်းရှန်ကို သွားတွေ့ကြလိမ့်မယ်လို့ထင်လား"
ဟု မေးလိုက်သည်။

ယွမ်ရိက
"အဲ့တာတော့ သမီးလည်း သေချာမသိဘူး"
ဟု ပြန်ဖြေလိုက်သည်။

တကယ်တော့ သူမတို့ မသိသည်ကာ ရှဲ့သောင့်ဟာ ယွမ်ချန်းရှန်ကို မနေ့တုန်းကထဲက သွားတွေ့ခဲ့ပြီး အိမ်ပြန်ရောက်တာနဲ့ တစ်ညနေလုံး အခန်းအောင်း ငိုယိုနေတာကိုပင်။

သူမ၏မိခင်ဟာလည်း သူမသမီးငိုနေတာကို မကြည့်ရက်တာကြောင့် ယွမ်အိမ်ကိုပင် ကိုယ်တိုင်သွားတွေဖို့အတွက် တပြင်ပြင်ဖြစ်နေ၏။

ယွမ်ချီကျီက
"ထားလိုက်ပါ။ ငါတို့တွေ အိမ်ရောက်မှ ချန်းရှန်ကို သေချာမေးကြည့်ကြတာပေါ့"

သူမတို့ဟာ ဖန်းယန်ရွာကိုအရင်မသွားပဲ ရွှေသရဖူရွာကို အရင်ပြန်လာခဲ့ကြ၏။ အဖိုးဆောင်း၏ခြံထဲကိုရောက်တာနဲ့ ပစ္စည်းတွေကို သေချာနေရာပြန်ချခဲ့ကြကာ သန့်ရှင်းရေးလုပ်ခဲ့ကြသည်။ ညနေစောင်းမှသာ ဖန်းယန်ရွာသို့ ပြန်လာခဲ့ကြတော့သည်။

သူမတို့ အိမ်ကိုပြန်ရောတဲ့အခါ ယွမ်ကျီကောင်း၊ လျူရှင်းဟွာနဲ့ယွမ်ကျဲတို့က အိပ်ဖို့အတွက် ပြင်နေကြပြီဖြစ်သည်။

ယွမ်ရိနဲ့ယွမ်ချီကျီလည်း လျူရှင်းဟွာအိပ်သည့်အခန်းကိုသွားကာ
"အမေ၊ ချန်းရှန် ဘယ်ကိုသွားတာလဲ"
လို့ မေးလိုက်၏။

လျူရှင်းဟွာလည်း ကုတင်ပေါ်လဲလျောင်းနေရင်းကနေ
"နင့်မောင်ဘယ်သွားလဲဆိုတာတော့ ငါလည်း သေချာမသိဘူး။ ဒါပေမယ့် အပြန်ကျရင်တော့ ငါ့အတွက် ချွေးမ‌တစ်ယောက် ခေါ်လာခဲ့မယ်တဲ့"
ဟု ပြောပြလိုက်သည်။

ယွမ်ရိနဲ့ယွမ်ချီကျီလည်း အံ့အားသင့်သွားပြီး တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်မိကြတော့သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူမတို့နှစ်ယောက်လုံး ယွမ်ချန်းရှန်ထံကနေ အခုကိစ္စဖြင့်ပတ်သက်ပြီး ဘာမှမကြားရသေးချေ။ အခုမှ ချွေးမတစ်ယောက်ကို ပြန်ခေါ်လာခဲ့မယ်ဆိုပြီး ကြားလိုက်ရတော့ ယွမ်ရိနဲ့ယွမ်ချီကျီတို့ဟာ တောင်ပံနီရွာကရှဲ့သောင့်နဲ့ ဆက်စပ်မိသွားကြသည်။
'ဖြစ်နိုင်တာက ချန်းရှန်က ရှဲ့သောင့်ကို ကြိုက်နေတုန်းများလား'

'ဦးလေးငါးက ရှဲ့သောင့်ကို လက်ထပ်ဖို့ကြံနေတာများလား'

ထို့နောက် ယွမ်ချီကျီက လျူရှင်းဟွာအား
"အမေ၊ ဒီရက်ပိုင်းထဲ ချန်းရှန်ဆီကို ရှဲ့သောင့်လာတာတွေ့သေးလား"
ဟု ထပ်မေးလိုက်ပြန်သည်။

"ရှဲ့သောင့်ကို ငါမှအပြင်မှာ မမြင်ဖူးဘဲ။ ဒီတော့ ချန်းရှန်ဆီလာသွားတဲ့ မိန်းကလေးနှစ်ယောက်ထဲမှာ ရှဲ့သောင့်ပါလား၊ မပါဘူးလား ငါကဘယ်လိုဖြစ်ပြီးသိမှာလဲ"
လျုရှင်းဟွာက ထိုသို့ဆိုလိုက်သော် ယွမ်ရိနဲ့ ယွမ်ချီကျီတို့၏အကြည့်တွေ တောက်ပသွားပြီး
"မိန်းကလေး နှစ်ယောက် ဟုတ်လား"
ဟု တပြိုင်နက်တူတူမေးလိုက်မိကြတော့သည်။

လျူရှင်းဟွာက ခေါင်းညိတ်ပြီး
"ဟုတ်တယ်။ မိန်းကလေးနှစ်ယောက်။ ဒါပေမယ့် အဲ့နေ့တုန်းက ငါလည်း အပြင်ထွက်မကြည့်လိုက်မိတာနဲ့ တွေ့တော့မတွေ့လိုက်ရဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်ကလူတွေပြောတာတော့ အနီရောင်ဝတ်စုံဝတ်ထားတဲ့ တစ်ယောက်နဲ့၊ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့တစ်ယောက်က ငါတို့ရဲ့ ချန်းရှန်ကို လာတွေ့ကြတာတဲ့။ နောက်ဆုံးမှာ အဖြူရောင်ဝတ်ထားတဲ့ မိန်းကလေးက ခေါင်းလေးငုံ့ပြီး အဝေးကိုထွက်ပြေးသွားတာတဲ့။ အနီရောင်ဝတ်ထားတဲ့ တစ်ယောက်ပဲ ချန်းရှန်နဲ့ကျန်ခဲ့တာတဲ့"
ဟု ဖောက်သည်ပြန်ချလိုက်တော့သည်။

ယွမ်ရိက သူမ၏အဒေါ်အား
"အဒေါ်။ မနေ့တုန်းက ရှဲ့သောင်ဝတ်ထားတဲ့ ဝတ်စုံအရောင်ကို သိလား"
ဟု မေးလိုက်၏။

ယွမ်ချီကျီက ခဏမျှစဉ်းစားပြီးသည့်နောက်
"ရှဲ့သောင့် ငါတို့စက်ချုပ်နေတဲ့အိမ်ရှေ့ကနေ ဖြတ်သွားတုန်းက သူမဝတ်ထားတာလည်း အဖြူရောင်ဘဲ"
ဟုယွမ်ရိအား ပြောပြလိုက်သည်။

ယွမ်ရိက
"ဒါဆိုရင် အနီရောင်ဝတ်စုံနဲ့မိန်းကလေးကို ဘယ်သူလို့ထင်လဲ"
ဟု မေးကြည့်လိုက်သည်။

ဒီတစ်ခါတော့ ဘယ်သူမှ မသိကြ၍ ယွမ်ရိ၏ မေးခွန်းအား‌ပြန်ဖြေသံထွက်မလာတော့ပေ။

ထိုအချိန်မှာပဲ ယွမ်ကျီကောင်းက လဲလျောင်းနေရာကနေ ထထိုင်လိုက်ကာ
"ဘာပဲဖြစ်ဖြစ် အဲ့မိန်းကလေးက မတော်တရော်တွေဖြစ်နေမှာတော့ ငါစိုးရိမ်မိသားကွ"
လို့ ဝင်ပြောလိုက်၏။

ယွမ်ချီကျီက
"အဖေရယ်။ တအားကြီးတွေးပူမနေပါနဲ့။ ချန်းရှန်က အဲ့လိုမိန်းကလေးမျိုးကိုတော့ မတွဲလောက်ပါဘူး"
ဟု ဖျောင်းဖျလိုက်၏။

"နင့်မောင်ကို အမြဲတမ်း ကာပေးနေလိုက်တော့"
လို့ပြောရင် ယွမ်ကျီကောင်းတစ်ယောက် အိပ်ရာပေါ်ပြန်လဲလျောင်းလိုက်တော့သည်။

ယွမ်ရိနဲ့ယွမ်ချီကျီလည်း လျူရှင်းဟွာဖြင့် စကားအနည်းငယ်ပြောပြီးသည့်နောက်မှာ သူမတို့၏အခန်းသို့ပြန်ခဲ့ကြတော့သည်။

အခန်းထဲကိုရောက်တာနဲ့ ယွမ်ချီကျီက
"အဲ့တာက ရှဲ့သောင့် မဟုတ်တာတော့ သေချာတယ်။"
ဟု ယွမ်ရိအား ပြောလိုက်သည်။

ယွမ်ရိကလည်း ခေါင်းညိတ်လိုက်ပြီး
"ဘာပဲဖြစ်ဖြစ် ရှဲ့သောင့်ဆိုတဲ့ မိန်းကလေး မဟုတ်တာက ဝမ်းသာစရာပဲလေ"
ဟုပြောကာ ထောက်ခံလိုက်သည်။

ယွမ်ချီကျီက
"တော်သေးတာက သူတို့‌နှစ်ယောက် လက်မထပ်ရသေးတာပဲ။ လက်ထပ်ပြီးမှ အခုလိုဖြစ်သွားရင် နှစ်ဖက်လုံးအတွက် မကောင်း‌ဘူးလေ။ အခုလိုလက်မထပ်ခင်မှာ ဖြစ်သွားတော့ ကိုယ့်အရှက်ကို ကိုယ်ထိန်းနိုင်လိုက်တာပေါ့ကွယ်"
ဟု ပြောလိုက်သည်။

ထို့နောက် သူမကဆက်လက်ပြီးတော့ ယွမ်ရိအား
"ရှောင်ရိ၊ ရှဲ့မိသားစုဘက်က လက်လျော့သွားမယ်လို့ထင်လား"
ဟု မေးကြည့်လိုက်သည်။

ယွမ်ရိက ခဏစဉ်းစားဟန်ပြုပြီးနောက်
"အဲ့တာတော့ ရှဲ့မိသားစုကို စောင့်ကြည့်မှပဲ သိလိမ့်မယ် ထင်တယ်"
ပြန်ဖြေပေးလိုက်၏။

ယွမ်ကျဲကလည်း မအိပ်သေးပဲ ယွမ်ရိနဲ့ယွမ်ချီကျီတို့စကားပြောတာကို နားထောင်နေသည်။


ယွမ်ချီကျီက ယွမ်ကျဲအား
"ရှောင်ကျဲ ဟို‌တစ်နေ့က မင်းဦးလေးကို တွေ့ဖို့လာတဲ့ မိန်းကလေးရဲ့မျက်နှာကိုမြင်လိုက်လား။ အဖြူရောင်ဝတ်စုံနဲ့မဟုတ်ပဲ အနီရောင် ဝတ်စုံနဲ့ တစ်ယောက်ကို ပြော‌တာနော်"
ဟု မေးလိုက်၏။

ယွမ်ကျဲက ခေါင်းယမ်းလိုက်ပြီး
"သမီးလည်း မမြင်လိုက်ရဘူး။ ဒါပေမယ့် မြင်လိုက်တဲ့သူတွေပြောတာတော့ အနီရောင်ဝတ်စုံနဲ့အမကြီးက တော်တော်လှတယ်တဲ့"
ဟု သူမသိသလောက် ပြန်ဖြေပေးလိုက်၏။

ယွမ်ရိက
"ဟုတ်လား။ သူမက ဦးလေးငါးနဲ့ရော လိုက်ဖက်ပါ့မလား"

ယွမ်ကျဲက
"လိုက်ဖက်မှာပါ။ ဦးလေးသာ အိမ်ကို ချွေးမတစ်ယောက် ပြန်ခေါ်မလာနိုင်ရင် အဖွားက သူ့အကြောင်းကောင်းကောင်းသိစေရမယ်လို့ ကြိမ်းမောင်းထားတယ်လေ"
ဟု ပြောလိုက်သည်။

ထိုစကားကြောင့် တူဝရီးသုံးယောက် ပြိုင်တူရယ်မောမိလိုက်ကြသည်။ ထို့နောက် စကားအနည်းကယ်ပြောပြီး ကိုယ်စီအိပ်ရာဝင်ခဲ့ကြတော့သည်။

သူတို့တွေ အကုန်အိပ်ပျော်သွားကြပေမယ့်
တစ်ဖက်မှာ ဆန်းရှောင်ဟိုင်ကတော့ အိပ်မပျော်သေးပဲ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်ဖြင့်လုပ်နေခဲ့၏။

ဒါ့ကြောင့် ယွမ်ချန်းကွေ့လည်း အိပ်ပျော်နေရာက နိုးသွားကာ
"မင်း မအိပ်သေးပဲနဲ့ ဘာလုပ်နေတာလဲ"
ဟု မေးလိုက်သည်။

ဆန်းရှောင်ဟိုင်က
"အိုက်လို့ပါတော်။ ကြည့်ရတာ မိုးရွာချင်လို့နဲ့တူတယ်"
ဟု ရာသီဥတုကို လွှဲချလိုက်သည်။

တကယ်တော့ သူမက ယွမ်အိမ်အကြောင်းတွေးပြီးအိပ်မပျော်ခြင်းပင်။

ယွမ်အိမ်ကနေ သူမတို့အိမ်ခွဲပြီးမှ ယွမ်အိမ်၏ စီးပွားရေးတွေက အရမ်းအဆင်ပြေလာခဲ့၏။ သူမတို့သာ အိမ်မခွဲခဲ့ပါက သူမတို့လည်း ယွမ်အိမ်နဲ့အတူတူ အကျိုးရလဒ်တွေကို ခံစားနိုင်ကြမှာပင်။ ထိုအရာ‌တွေကို တွေးမိပြီး ဆန်းရှောင်ဟိုင်တစ်ယောက် အိပ်မပျော်ဖြစ်နေခြင်းဖြစ်ပေသည်။

တစ်ခြံဝန်းထဲနေပြီး တစ်ဖက်အိမ်ကောင်းစားနေတာကို မြင်တဲ့အချိန်မှာရတဲ့ ခံစားချက်ကအလွန်ဆိုးဝါးပေသည်။ အထူးသဖြင့် အိမ်မခွဲခဲ့ပါက သူမတို့လည်း အတူတူရောင်းစားဖို့ အခွင့်အရေးရှိခဲ့တာကို ပြန်တွေးမိလိုက်တိုင်းမှာပင်။

ထို့နောက် ဆန်းရှောင်ဟိုင်က
"ဟိုတစ်နေ့က မိန်းကလေးနှစ်ယောက် နင့်ညီယွမ်ချန်းရှန်ကို လာရှာကြတဲ့ကိစ္စကိုသိပြီးပြီလား"
ဟု မေးလိုက်သည်။

ယွမ်ချန်းကွေ့က ထိုကိစ္စကို စိတ်မဝင်စား၍
"လာရှာတယ်ဆိုလည်း လာရှာတယ်မှတ်လိုက်ပေါ့ဟာ။ အိပ်စရာရှိတာ အိပ်စမ်းပါဟ။ တစ်နေကုန် ပင်ပန်းရတဲ့ကြားထဲ နားကိုညီးနေတာဘဲ"
ဟု ကြိမ်းမောင်းလိုက်သည်။

ဆန်းရှောင်ဟိုင်လည်း သူမယောက်ျား အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်နေပြီကို သိလိုက်တာမို့ ဘာမျှမပြောတော့ဘဲ အိပ်စက်လိုက်တော့သည်။ဒါပေမယ့် သူမစိတ်ထဲမှာ အတွေးတစ်ခုဝင်ရောက်လာပြီး လက်တွေ့လုပ်ဖို့ပါ ဆုံးဖြတ်လိုက်တော့သည်။

ထိုအတွေးကတော့ ယွမ်အိမ်နဲ့ ပြန်ပေါင်းဖို့ပင်။

မနက်ရောက်တဲ့အခါမှာ သူမက ယွမ်အိမ်ဘက်ကိုသွားပြီး ယွမ်ရိ၊ ယွမ်ချီကျီတို့အား ချိုသာစွာပြုံးပြ၏။ လျူရှင်းဟွာကိုလည်း ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ခဲ့သည်။

ဒါ့ကြောင့် ယွမ်အိမ်ကလူတွေအကုန်လုံး အထူးအဆန်း ဖြစ်နေကြတော့သည်။ ယွမ်ရိက ဆန်းရှောင်ဟိုင်ကိုကြည့်ကာ
"ဒုတိယအဒေါ် အဒေါ်ဘာတွေကြံနေတာလဲ"
ဟု သံသယဖြင့် မေးလိုက်သည်။

ထိုအခါ ဆန်းရှောင်ဟိုင်က ချိုသာစွာပြုံးကာ
"ငါ့တူမရယ်။ အဒေါ်က ဘာမှမကြံပါဘူး။ တစ်မိသားစုထဲမို့လို့ ရင်းရင်းနှီးနှီးနေဖို့ဆုံးဖြတ်လိုက်လို့ပါ"
ဟု အရေထူစွာဖြင့် ပြန်ပြောလိုက်သည်။

ယွမ်ရိလည်း ဆန်းရှောင်ဟိုင်၏စကားတွေမှာ ယုံချင်စရာတစ်စက်မှမပါ၍ လျစ်လျူရှုလိုက်တော့သည်။ သူမနဲ့ယွမ်ချီကျီတို့ဟာ မနက်စာ စားပြီးတာနဲ့ ရွှေသရဖူရွာကို ထွက်လာခဲ့ကြသည်။

နေ့ခင်းဘက်မှာတော့ ယွမ်ရိဟာ ယွမ်ကျဲ၊ လင်းယောင်တို့နဲ့အတူ စာတွေကိုလေ့လာကျက်မှတ်ခဲ့သည်။

ယွမ်ရိ၊ ယွမ်ချီကျီ၊ ယွမ်ကျဲနဲ့လင်းယောင်တို့၏ နေ့စဉ်လှုပ်ရှားမှုတွေဟာ ပုံသေတစ်ခုအလားပင်။ သူတို့တွေရဲ့ ဘဝဟာအရမ်းပဲ ရိုးရှင်းလို့နေသည်။

ဆန်းရှောင်ဟိုင်သည်လည်း နေ့ရက်တိုင်းမှာ ယွမ်ရိ၊ ယွမ်ချီကျီ၊ လျူရှင်းဟွာတို့ကို အချိုနည်းနဲ့ ချဉ်းကပ်ကာ ယွမ်အိမ်နဲ့ ပြန်ပေါင်းစည်းချင်ကြောင်း အရိပ်အမြွက်တွေပြလာခဲ့သည်။

ယွမ်ရိနဲ့ယွမ်ချီကျီတို့က အိမ်ကို ညဘက်မှပြန်လာကြတာမို့ ဆန်းရှောင်ဟိုင်၏ ဗရုတ်သုတ်ခကျမှုတွေကို လျူရှင်းဟွာကပဲ ခါးစည်းခံရသည်။ ဒါပေမယ့် လျူရှင်းဟွာကလည်း ဆန်းရှောင်ဟိုင်ကို လျစ်လျူရှုထားခဲ့ပါသည်။

ဒါ့ကြောင့် လျစ်လျူရှုခံရသည့်အကြိမ်တွေများလာတဲ့အခါ ဆန်းရှောင်ဟိုင်လည်း သူမ၏ယောက်ျားရှေ့မှာ ညီးတွားမိလိုက်တော့သည်။
"နင့်မိဘတွေက မဟုတ်သေးဘူးနော်။ နင့်အကိုကြီးဆိုရင်လည်း စစ်တပ်ထဲမှာအရာရှိတစ်ယောက်ဖြစ်လာပြီး ကောင်းမွန်မွန်နေထိုင်စားသောက်နိုင်တယ်။ နင့်ညီဆိုရင်လည်း အခုလုပ်ငန်းတွေအဆင်ပြေပြီ။ နင့်အတွက်ရော၊ နင့်မှာတော့ ဘာမျှဖြစ်ဖြစ်မြောက်မြောက်မရှိသေးဘူး။ နင့်မိဘတွေက ဟုတ်တော့ မဟုတ်သေးဘူး"

ယွမ်ချန်းကွေ့ဟာ ဆန်းရှောင်ဟိုင် ထိုကဲ့သို့ ညီးညူလိမ့်မယ်လို့ ထင်မထားခဲ့ပေ။ ဒါပေမယ့် ပြန်တွေးကြည့်ပြီးသည့်နောက် ဆန်းရှောင်ဟိုင်ပြောတာတွေမှန်တယ်လို့ ယွမ်ချန်းကွေ့ ခံစားလာရတော့သည်။

တောင်ပေါ်မှာ သစ်‌ရွက်တွေဟာ အဝါရောင်ထပ်ပြောင်းလာပြီး လေပြည်လေဖြူးလေးကလည်း တရူးရူးတိုက်ခတ်လို့နေသည်။ အချိန်တွေကုန်တာလည်း မြန်ဆန်သလို နောက်ထပ်တစ်နှစ်လည်း ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

တောင်ပေါ်မှာရှိတဲ့သူတွေလည်း မြို့ပေါ်ကိုသွားကာ ဝယ်စရာခြမ်းစရာရှိသည်များကို ဝယ်ကြခြမ်းကြတော့မည့် အချိန်အခါသမယလည်းဖြစ်ပေသည်။

ယွမ်မိသားစုဟာ ညစာစားနေကြသည်။ လျူရှင်းဟွာက ထမင်းစားနေရင်းဖြင့် ယွမ်ချန်းရှန်အား
"ချန်းရှန်၊ ဒီနှစ်လည်း မြို့ကိုသွားပြီး လိုအပ်တာလေးတွေ ဝယ်ပေးဦး"
ဟု ပြောလိုက်သည်။

ယွမ်ချန်းရှန်က ခေါင်းညိတ်ကာ
"ကောင်းပြီ။ ဒါပေမယ့် အဖေရော ကျွန်တော်နဲ့အတူတူလိုက်ခဲ့ရမယ်"
ဟု ယွမ်ကျီကောင်းကို အဖော်စပ်လိုက်ပြန်သည်။

ယွမ်ချီကျီက
"ဘာလို့ အဖေ့ကိုပါ ခေါ်သွားမှာလဲ။ အဖေက အသက်အရွယ်ရနေပြီ၊ ခရီးက‌လည်း ဝေးနေတာကို"
ဟု ဝင်ပြောလိုက်သည်။

ထိုအခါ ယွမ်ချန်းရှန်လည်း လည်ချောင်းရှင်းလိုက်ပြီး ကိုယ်ဟန်အနေအထားကိုပြင်ကာ
"ဘာလို့ အဖေ့ကို ခေါ်ချင်ရတာလဲဆိုတော့ သတို့သမီးကို‌သွားတွေ့ရအောင်လို့ပဲ"
ဟု ပြောချလိုက်တော့သည်။

ယွမ်ချန်းရှန်၏စကားတွေကြောင့် ထမင်းစားဝိုင်းတစ်ဝိုင်းလုံး တိတ်ဆိတ်သွား၏။

တခဏကြာမှ လျူရှင်းဟွာက
"ချန်းရှန်။ စကားကို လျှောက်မပြောရဘူး"
လို့ မာန်မဲလိုက်သည်။

ယွမ်ချန်းရှန်က ပုခုံးတွန့်ကာ
"ဘယ်မှာ လျှောက်ပြောနေလို့လဲ။ ကျွန်တော်က အမှန်အတိုင်းပဲ ပြောပြတဲ့ဟာကို"

ယွမ်ချီကျီက
"အဲ့ဒီမိန်းကလေးက အရင်တုန်းက မင်းကို လာတွေ့တဲ့ အနီရောင်ဝတ်စုံနဲ့မိန်းကလေးလား။ သူ့ရဲ့ဇာတိကလည်း တုန်းဖန်မြို့ကလား"
ဟု မေးလိုက်သည်။

ယွမ်ချန်းရှန်လည်း ခေါင်းညိတ်ကာ
"ဟုတ်ပါတယ်။ သူမက တုန်းဖန်မြို့ပါ"

ယွမ်ကျီကောင်းလည်း ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ။ ငါမင်းနဲ့ လိုက်ခဲ့မယ်"
ဟု ယွမ်ချန်းရှန်ကို ပြောလိုက်တော့သည်။

ထို့နောက် ထမင်းစားဝိုင်းတစ်ခုလုံး ဝမ်းသာပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ကြတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now