Chapter 63

723 86 0
                                    

Chapter 63
August 9, 2023 by Yamin Aung
အပိုင်း - ၆၃

ယွမ်ရိတို့တတွေဟာ မုန့်ဆိုင်မှာမု့န်စားပြီးတာနဲ့ ယွမ်ဟောင်ဘင်းလေးအား အိမ်သို့ ပြန်ပို့ပေးလိုက်ကြ၏။ ယွမ်ဟောင်ဘင်းအား အိမ်ပြန်ပို့ပေးပြီးသွားသည့်နောက် သူတို့မောင်နှမငါးယောက်သား ကျောင်းကို ထွက်လာခဲ့ကြတော့သည်။

ကျောင်းပေါက်ဝကိုရောက်တော့ ကျောင်းဝင်ပေါက်ဘေးမှာ ဆေးလိပ်ကို မာန်ပါပါခဲရင်း ထိုင်နေသည့် ရူကျောင်းအားတွေ့လိုက်ရ၏။ ဘေးမှာလည်း သူ့သူငယ်ချင်းတွေက စက်ဘီးတွေပေါ်မှာ ထိုင်နေကြသည်။

ယွမ်ရိကတော့ ထိုလူတွေကို လျစ်လျူရှုပြီး ပုံမှန်အတိုင်းအေးအေးဆေးဆေးဖြစ်နေပေမယ့် ယွမ်ကျဲကတော့ ရူကျောင်းတို့အဖွဲ့အား ကြောက်ရွံ့သည့်အလား ယွမ်ရိအနားသို့ တိုးကပ်သွားတော့သည်။

သူမစိတ်ထဲမှာတော့ ရူကျောင်းတို့အဖွဲ့အား လူကြမ်းတွေအဖြစ် သတ်မှတ်ထားတာကြောင့် ကြောက်ရွံ့နေရခြင်းဖြစ်ပေသည်။

ယွမ်ချန်းရှန်သည်လည်း ဖန်းမင်းတောင်ပေါ်မှာ လူကြမ်းတစ်ယောက်ဖြစ်ပေမယ့် ဦးလေးနဲ့တူမဆိုသည့် သွေးသားဆက်နွယ်ချက်ရှိနေ၍ ယွမ်ကျဲတစ်ယောက် ကြောက်ရွံ့မှုကိုမခံစားရခြင်းဖြစ်ပေသည်။

ဒါပေမယ့် ရူကျောင်းကိုတော့ သူမစိတ်ထဲကနေပါ အလိုလိုရှိန်ကာ ကြောက်ရွံ့‌လို့နေ၏။

ကျောင်းဝန်းထဲကိုရောက်လို့ သူမ၏မြင်ကွင်းအတွင်း ရူကျောင်းတို့အဖွဲ့ပျောက်ကွယ်သွားမှ ယွမ်ကျဲလည်း သက်ပြင်းချနိုင်သွားတော့သည်။
စာသင်ခန်းထဲကိုရောက်တော့ ယွမ်ကျဲက ယွမ်ရိနားကိုကပ်ကာ
"အမ၊ ခုနတုန်းက ဟို‌လူတွေက ညီမတို့ကို စိုက်ကြည့်နေကြတာလေ။ ညီမဖြင့် ကြောက်လိုက်တာ တအားဘဲ။ အခုတောင်မှာ ကြောက်စိတ်မပြေသေးဘူး"
ဟု ပြောလိုက်၏။

ယွမ်ရိက ပြုံးလိုက်ပြီး
"ရှောင်ကျဲ၊ အဲ့လူတွေကို ကြောက်စရာမလိုဘူး။ သူတို့က ငါတို့ကို ဘာမှလာလုပ်မှာမဟုတ်ဘူးလေ။ သူတို့စိုက်ကြည့်လည်း ဘာဖြစ်လဲ။ ကိုယ့်ဘက်က အာရုံမစိုက်ဘဲလျစ်လျူရှုထားလိုက်ရင် ပြီးတာဘဲ မဟုတ်ဘူးလား"
ထိုအခါ ယွမ်ကျဲက မျက်မှောင်ကြုတ်ကာ
"ဒါပေမယ့် အမ၊ သူတို့က ညီမတို့လျစ်လျူရှုတာကိုမကြိုက်ဘဲ ညီမတို့ကို ပြဿနာလာရှာရင်ရော"
ဟု သူမစိုးရိမ်တာကို ထုတ်ဖော်မေးမြန်းလိုက်၏။

ယွမ်ရိက ကျောင်းစာအုပ်အား ထုတ်နေရင်းဖြင့်
"အဲ့တာတွေတွေးပြီး စိတ်ပူမနေနဲ့။ တကယ်လို့ပြဿနာလာရှာရင်လည်း ဘာဖြစ်လဲ။ သူတို့က ကလေးတွေဘဲဟာကို"

"‌ကလေးတွေဟုတ်လား။ ဘယ်နားက ကလေးနဲ့သွားတူလိုက်တာတုန်း။ သူတို့တွေအကုန်လုံးက အထက်တန်း ဒုတိယနှစ်က လူတွေနော်"
ယွမ်ကျဲက ပြန်ပြောလိုက်၏။

"သူတို့တွေက တကယ် ပြဿနာမရှာရဲပါဘူးဟယ်။ ဒီနေရာကဘယ်လိုနေရာလည်းဆိုတာကို သတိထားဦးလေ။ ဒါက စစ်တပ်နယ်မြေလေ။ ဘယ်လောက်ပဲ  စစ်တပ်ထဲက အကောင်းကြီးတစ်ကောင်ရဲ့သားဖြစ်ပါစေဦးတော့ ဒီနယ်မြေထဲမှာ ပြဿနာမရှာရဲပါဘူး"

ယွမ်ကျဲသည်လည်း ယွမ်ရိ၏အမျိုးမျိုးသောနှစ်သိမ့်မှုတွေအောက်မှာ သူမ၏စိုးရိမ်ပူပန်မှုတွေလျော့ကျသွားရတော့သည်။

ဒီနေ့ဟာ ကျောင်းစဖွင့်သည့်ပထမဆုံးနေ့ဖြစ်၍ စာတွေကို ဖိမသင်သေးချေ။ နေ့ခင်းပိုင်းတွင် စာခဏမျှသင်ပြီးသည့်နောက် ကျောင်းဖွင့်သည့်အနေဖြင့် ကျောင်းသားကျောင်းသူများစုဝေးပွဲကျင်းပမည်ဖြစ်၏။
(ကျွန်တော်တို့ကျောင်းတက်တုန်းကတော့ အစမ်မလီစီတယ်လို့ဘဲ ခေါ်တယ်ဗျ။ ရှင်းရှင်းပြောရရင် 'နိုင်သံတော်သီချင်း'ကို ဆိုမယ်၊ ဆရာ၊ ဆရာမတွေကမိန့်ခွန်းပြောမယ်။ တစ်ပတ်ကိုနှစ်ရက် အစမ်မလီစီရတယ်။ ဒီမှာတော့ စုဝေးပွဲလို့ဘဲ သုံးလိုက်ပါ့မယ်ဗျ)

ဒါ့ကြောင့် ယွမ်ရိတို့လည်း ဆရာမတွေ၏ကြပ်မတ်မှုအောက်မှာ နှစ်ယောက်တစ်တွဲတွက်လျက် စုဝေးပွဲကျင်းပမည့် အားကစားခန်းမထဲကို ရောက်လာတော့သည်။ အားကစားခန်းမထဲကို ရောက်တော့ သင့်တော်မည့်နေရာတစ်ခုမှာ ယွမ်ကျဲနဲ့အတူဝင်ထိုင်လိုက်၏။
မကြာခင်မှာဘဲ အားကစားခန်းမအတွင်း လူစုံသွားကာ ဆရာကြီးဆရာမကြီးများက အဖွင့်အမှာစကားတွေပြောကြတော့သည်။

ယွမ်ကျဲဟာ ဒီလိုမျိုး အခမ်းအနားအား ပထမဆုံးအကြိမ်ကြုံတွေရတာဖြစ်၍ စိတ်ဝင်တစားဖြင့် နားထောင်နေခဲ့၏။ ယွမ်ရိသည်လည်း ယွမ်ကျဲဘေးမှာထိုင်ရင်း ‌ဆရာ၊ ဆရာမတွေပြောနေသည့် ဆုံးမစကားများအား နာခံနေ၏။

ရုတ်တရက် သူမပုခုံးအား တစ်စုံတစ်ယောက်ပုတ်လိုက်တာကို ယွမ်ရိခံစားလိုက်ရ၏။ ဒါ့ကြောင့် နောက်ကိုလှည့်ကြည့်လိုက်သည့်အခါ သူမတို့နောက်မှာ ရူကျောင်းတို့အုပ်စုရောက်နေတာကို မြင်လိုက်ရတော့သည်။

ရူကျောင်းက ယွမ်ရိအား ပြုံးပြလိုက်ပြီး
"မင်းနာမည်က ယွမ်ရိမလား။ ငါက ရူကျောင်းပါ။အထက်တန်း ဒုတိယနှစ်က"
ဟု ပြောရင်း ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်၏။


ယွမ်ရိကတော့ ဘာမှ ပြန်မပြောခဲ့ပေ။ သူမစိတ်ထဲမှာတော့ ထိုလူတွေအား ကျောင်းစည်းကမ်းမလိုက်နာဘူးဟုသာ သတ်မှတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် အထက်တန်းကျောင်းသားတွေ ဖြစ်ပါလျက် ကျောင်းချိန်ကြီးမှာ စာမသင်ဘဲ အလယ်တန်းကျောင်းကို လာပြီး အလေလိုက်နေကြလို့ဘဲဖြစ်ပေသည်။

ယွမ်ကျဲသည်လည်း အသံကြား၍ လှည့်ကြည့်ရာ ရူကျောင်းတို့တတွေအား မြင်လိုက်ရပြီး တစ်ကိုယ်လုံးတောင့်တင်းသွား၏။ ထို့နောက် အရှေ့သို့ ဖြည်းညင်းစွာပြန်လှည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိလိုက်တော့သည်။
ယွမ်ရိဟာ ရူကျောင်းအား လျစ်လျူရှူထားလိုက်ပြီး  ရူကျောင်းဘေးမှ တစ်ယောက်အား
"ဟေး၊ နင့်နာမည်ဘယ်လိုခေါ်လဲ"
ဟု မေးလိုက်၏။

ပထမတော့ ထိုကောင်းလေးဟာ အံ့အားသင့်ကြောင်အသွား၏။ တစ်ခဏကြာမှ ပြုံးလိုက်ပြီး
"ချန်းဝေ့တုန်းပါ"
ဟု သူ့ကိုယ်သူလျင်မြန်စွာဖြင့် မိတ်ဆက်လိုက်၏။

"အင်း။ တွေ့ရတာဝမ်းသာပါတယ်"
ယွမ်ရိက နှုတ်ဆက်လိုက်၏။

ချန်းဝေ့တုန်းသည်လည်း စပ်ဖြဲဖြဲဖြင့်
"ငါရောဘဲ"

ရူကျောင်းသည် လျစ်လျူရှုခံထားရ၍ မဲမှောင်သောမျက်နှာထားဖြင့် ချန်းဝေ့တုန်အား စိုက်ကြည့်လိုက်သည်။ ဒါ့ကြောင့် ချန်းဝေ့တုန်းလည်း စပ်ဖြဲဖြဲရယ်နေရာမှ အမြန်အရှိန်သတ်လိုက်ရတော့သည်။

ယွမ်ရိသည်လည်း ‌ထိုလူတွေနဲ့ စကားဆက်မပြောတော့ဘဲ ရှေ့ကိုလှည့်ကာ အမှာစကားပြောကြားနေတာကို ဆက်နားထောင်လိုက်၏။

အတန်းအသီးသီး၏ယောက်ျားလေးကိုယ်စားလှယ်များ အဖွင့်အမှာစကားပြောကြားနေချိန်တွင် အားကစားခန်းမတစ်ခုလုံး လေးလံထိုင်းမှိုင်းပြီး ပျင်းရိခြင်းအငွေ့အသက်များ ထုံလွှမ်းလို့နေသည်။ မိန်းကလေးကိုယ်စားလှယ်များ အဖွင့်အမှာစကားပြောကြားချိန်မှာတော့ အားကစားခန်းမတစ်ခုလုံး တက်ကြွလာကြ၏။

အထူးသဖြင့် အမှာစကားပြောကြားရန်အတွက် စင်မြင့်ပေါ်သို့ရဲ့ချူးဝမ်တက်လာချိန်မှာ အားကစားခန်းမအတွင်းမှာ လူတွေအကုန်နီးပါးဟာ တစ်ခဲနက် အော်ဟစ်အားပေးကြတော့သည်။

ရဲ့ချူးဝမ်၏မျက်နှာဟာ တောက်ပသည့်အလင်းရောင်ကြောင့် အလွန်လှပလို့နေ၏။ သူမ၏မိန့်ခွန်းပြောကြားသံဟာလည်း ကြည်လင်ပြတ်သားစွာဖြင့် ပျံ့လွင့်လို့နေ၏။

ရှေ့ဆုံးတန်းမှာထိုင်နေသည့် ယွမ်ချူးယန်ဟာ စင်မြင့်ထက်ပေါ်မှ ရဲ့ချူးဝမ်ကိုကြည့်ရင်း အလွန်အမင်းစိတ်လှုပ်ရှားနေတော့သည်။

သူမက နောက်သို့လှည့်ကာ ယွမ်ရိနဲ့ယွမ်ကျဲအား
'မြင်လား။ အမချူးဝမ်သည်သာ အဆင်းရော၊ အချင်းပါ ပြီးပြည့်စုံနေတဲ့မိန်းကလေးဘဲ'
ဟု ပြောဖို့ကြိုးစားလိုက်၏။
ဒါပေမဲ့ သူမနောက်ကို လှည့်လိုက်သည့်အချိန်မှာဘဲ ယွမ်ရိနဲ့ယွမ်ကျဲအနားမှာ ရူကျောင်းနဲ့ချန်းဝေ့တုန်းတို့အုပ်စုထိုင်နေတာကို မြင်လိုက်ရ၏။
ဒါ့ကြောင့် သူမက မပျော်မရွှင်ဖြင့်ပင် ရှေ့ကိုပြန်လှည့်လိုက်ရတော့သည်။

တစ်ခဏကြာမှ ခါးကိုဆန့်ကာ ခေါင်းကော့ရင်မော့လျက် စုမန်မန်ဘက်ကို လှည့်ပြီး
"မန်မန်၊ ငါ့အမချူးဝမ်က အရမ်း အရည်အချင်းရှိတယ်နော်။ သူမနဲ့ဘယ်သူမှ ယှဉ်လို့မရဘူး"
ဟု ဂုဏ်ယူဝံ့ကြွားစွာဆိုလိုက်၏။

စုမန်မန်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်တယ်။ နင့်အမက တကယ် ထူးချွန်လွန်းတယ်"

ရဲ့ချူးဝမ်သည် အမှန်တကယ်လည်း အဘက်ဘက်က ထူးချွန်နေသူတစ်ဦးဖြစ်ပေသည်။ ကျောင်းမှာဆိုရင် သူမပါမှ ပိုပြီးပွဲစည်လေ့ရှိသည်။အဘယ်ကြောင့်ဆိုသော် ကျောင်းသားကျောင်းသူတိုင်း၏ရင်ထဲမှာ ရဲ့ချူးဝမ်အား စံပြတစ်ဦးအဖြစ် သတ်မှတ်ထားကြလို့ဘဲ ဖြစ်‌ပေသည်။
ဒါ့ကြောင့် ဆရာ၊ ဆရာမတွေကလည်း ဒီအချက်ကိုသိ၍ ပွဲတိုင်းမှာ ရဲ့ချူးဝမ်အား ပါဝင်ခိုင်းကြ၏။

ရဲ့ချူးဝမ်သည် စကားပြောပြေပြစ်၏။ ယွမ်ရိကျောင်းမတက်ခင်တုန်းက ကျောင်းမှာအလှဆုံးမိန်းကလေးဖြစ်ကာ လူအများနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပေသည်။

ယွမ်ချူးယန်က
"တချို့လူတွေကတော့ ရုပ်သာလှတာ အရည်အချင်းကျတော့ တစ်စက်မှမရှိကြဘူး"
ဟု ပြောလိုက်၏။

စုမန်မန်လည်း ယွမ်ချူးယန် ဘာကိုဆိုလိုချင်လည်း သိ၍ မသိစိတ်အရ နောက်ကိုလှည့်ကြည့်မိလိုက်တော့သည်။ ထိုအခါ ယွမ်ရိနဲ့ယွမ်ကျဲအပြင် ယွမ်ရိနဲ့ယွမ်ကျဲတို့၏အနီးမှာထိုင်နေသည့် ရူကျောင်းတို့အဖွဲ့ကိုပါ မြင်တွေ့လိုက်ရတော့သည်။

ယွမ်ချူးယန်ဟာ ရူကျောင်းကို တိတ်တခိုးသဘောကျနေကြောင်း စုမန်မန်သိ၏။ ဒါ့ကြောင့် ယွမ်ချူးယန်တစ်ယောက် ယွမ်ရိနဲ့ယွမ်ကျဲအား မနာလိုကာ စိတ်အလိုမကျဖြစ်နေပုံရပေသည်။

ရူကျောင်း၏မိသားစုနောက်ခံမှာ ကျောင်းမှာအမြင့်ဆုံးဘဲဖြစ်သည်။ ဒါ့ကြောင့် ဆရာ၊ ဆရာမတွေကလည်း ရူကျောင်းအား ဆေးလိပ်သောက်တာတွေ၊စည်းကမ်းမလိုက်နာ‌တာတွေ ရှိပေမယ့် ဘာမှမပြောရဲဘဲ လွှတ်ထားရခြင်းဖြစ်သည်။
ဒါ့အပြင် ရူကျောင်းတို့၏မိသားစုဟာ အရမ်းချမ်းသာကြတာမို့ ရူကျောင်းအား လက်ထပ်နိုင်မည့်သူဟာ နောင်ရေးအတွက် စိတ်အေးရပြီဖြစ်သည်။
စုမန်မန်ဟာ ထိုသို့တွေးမိပြီး
"ငါသာ အရမ်းလှရင် ကောင်းမှာဘဲ"
ဟု နှုတ်မှ အလိုအလျောက် ရေရွတ်မိသွားတော့သည်။

ယွမ်ချူးယန်ဟာ စုမန်မန်၏ရေရွတ်သံကို ကြားလိုက်ရ၍ စုမန်မန်အား စိုက်ကြည့်လိုက်၏။

ထိုအခါမှ စုမန်မန်လည်း မျက်နှာကိုလက်ဖြင့်အုပ်ကာ အရှက်ပြေ‌ရယ်မောရင်း ယွမ်ချူးယန်အား အာရုံလွှဲလိုက်ရတော့သည်။
စင်မြင့်ပေါ်မှာတော့ ရဲ့ချူးဝမ်က ရှည်လျားသောမိန့်ခွန်းအား ပြောကြားနေဆဲပင်။

ရူကျောင်းက
"ရဲ့ချူးဝမ်ကို နင့်မိဘတွေက မွေးစားထားတာဆို ဟုတ်သလား"

"ဟုတ်တယ်။ ငါ့မိဘတွေက အရမ်းစိတ်ထားကောင်းတော့ သူမကို ပြုစု‌ပျိုးထောင်ပေးခဲ့ကြတယ်လေ"
ဟု တည့်တိုးပြန်ဖြေပေးလိုက်၏။

"ဪ၊ ဒါနဲ့ နင့်ကိုကျတော့ တောင်ပေါ်ကျေးလက်ဒေသမှာ ငယ်ကယ်လေးကတည်းက ထားခဲ့တာဆို။ အဲ့တာရော ဟုတ်သလား"
‌ရူကျောင်းက ထပ်မေးမြန်းလိုက်၏။

ဒီတစ်ကြိမ်မှာတော့ ယွမ်ရိက နောက်ပြန်လှည့်ကာ
ဟု ပြန်မေးလိုက်တော့သည်။

ရူကျောင်းက ပြုံးလိုက်ပြီး
"ဒါက ဟိုလူ့မေး၊ ဒီလူမေးနဲ့ သိသွားတာပါ"

"နင့်ဘာသာနင် တခြားလူတွေမေးရုံမကလို့ စုံစမ်းလည်း စိတ်မဝင်စားဘူး။ အဓိက,က ငါက ပညာသင်ဖို့ကျောင်းလာတာဖြစ်တဲ့အတွက် လူဆိုးတွေနဲ့သူငယ်ချင်းမလုပ်ချင်ဘူး"
ယွမ်ရိက ပြတ်ပြတ်သားသားပြောဆိုလိုက်၏။

ထိုအခါ ရူကျောင်းက အံ့အားသင့်သွားသောလေသံဖြင့်
ဟု ပြန်မေးလိုက်၏။

ယွမ်ရိလည်း ရူကျောင်း၏မျက်လုံးတည့်တည်ကိုစိုက်ကြည့်လျက်
"ကျောင်းသားတန်မဲ့ ဆေးလိပ်တွေသောက်တယ်။ ကျောင်းချိန်တွေလစ်ပြေးတယ်။ ရန်ဖြစ်တယ်။ ဒီလိုမျိုးတွေလုပ်မှတော့ အဲ့တာ လူဆိုးမဟုတ်ဘူးလား"

ရူကျောင်း : "........"

သူတို့ နှစ်ယောက်စကားကောင်းနေကြချိန်မှာဘဲ ရဲ့ချူးဝမ်တစ်ယောက် မိန့်ခွန်းပြောလို့ပြီးသွားကာ စင်မြင့်ပေါ်ကနေ ဆင်းသွားတော့သည်။

ရဲ့ချူးဝမ်ဆင်းသွားတာနဲ့ စင်ပေါ်သို့ ကောင်လေးတစ်ယောက်တက်လာတော့သည်။

စင်အောက်ကနေလည်း လူအများက ထိုကောင်လေး၏နာမည်အား ခေါ်လျက် အားပေးနေကြတော့သည်။

ယွမ်ရိဟာ ထိုကောင်လေး၏နာမည်ကိုကြားတော့ မျက်ခုံးများပင့်သွား အလိုအလျောက်ပင်နှုတ်မှ ရေရွတ်မိလိုက်၏။
"လုယွမ်ကျန်း"

ယွမ်ရိ၏ရေရွတ်သံကြောင့် ရူကျောင်းက
"ဟေးးး အဲ့ကောင်မှာ ကောင်မလေးရှိပြီးသာနော်။သွားကြိုက်မနေနဲ့ဦး"
ဟု ပြောလိုက်၏။

ယွမ်ရိလည်း နောက်ပြန်လှည့်ကာ ရူကျောင်းကိုကြည့်လိုက်၏။

ရူကျောင်းက ဆက်လက်ပြီး
"သူ့ကောင်မလေးက ခုနက မိန့်ခွန်းပြောသွားတဲ့ နင့်အမလေ"
ဟု ထပ်ပြောလိုက်၏။

တကယ်တော့ ယွမ်ရိလည်း လုယွမ်ကျန်းနဲ့ရဲ့ချူးဝမ်တို့နှစ်ယောက်က သူငယ်ချင်းအဆင့်ထက် ပိုနေမှန်း သိပေ၏။ မူရင်းဇာတ်ကြောင်းအရ သူတို့နှစ်ယောက်ဟာ အစပိုင်းမှာ ပြိုင်ဘက်တွေ ဖြစ်ကြပေမယ့် နောက်ပိုင်းမှာ ရင်းနှီးသွားကြပြီး ချစ်သူများဖြစ်သွားကြပေသည်။

ယွမ်ရိလည်း ရူကျောင်းကို ကြည့်ကာ
"နင်ကဘယ်လိုလုပ်ပြီး သိနေရတာလဲ"
ကျောင်းမှာ သမီးရည်းစားထားတာကို ခွင့်ပြုမထားသည့်အတွက် ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့ဟာ ဆင်ဆင်ခြင်ခြင်နေခဲ့ကြသည်။ ဒါ့ကြောင့် သူတို့နှစ်ယောက်အကြောင်းကို အခြားလူသိဖို့ဆိုတာက မဖြစ်နိုင်လုနီးပါးပင်။

အကယ်၍ လူအများသာ သိသွားကြပါက ရဲ့ချူးဝမ်၏ပုံရိပ်ကောင်းဟာလည်း ပျက်စီးသွားနိုင်ပေသည်။

ရူကျောင်းက ပြုံးလိုက်ပြီး
"ဒီကျောင်းမှာ ငါသိချင်တာမှန်သမျှ လွယ်လွယ်လေးနဲ့သိနိုင်ပါတယ်"
ဟု ပြန်ပြောလိုက်သည်။

"သူတို့နှစ်ယောက်က သာမန်သူငယ်ချင်းတွေလည်း ဖြစ်နိုင်တာဘဲလေ"
ဟု ထပ်ပြောလိုက်၏။

ရူကျောင်းက ပုခုံးတွန့်ကာ
"သူတို့ဘာသာ သူငယ်ချင်းတွေဖြစ်ဖြစ်၊ မဖြစ်ဖြစ် နင်ကတော့ လုယွမ်ကျန်းနဲ့ ပေါင်းလို့မရဘူးနော်"
ဟု ချုပ်ချယ်လိုက်သည်။

ယွမ်ရိလည်း ရူကျောင်းအား မျက်လုံးပင့်ကြည့်ကာ
"နင်နဲ့ငါက သိတောင်မသိတဲ့ဟာကို၊ ငါ့ကို ဟိုလူနဲ့မပေါင်းရဘူး ဒီလူနဲ့မပေါင်းရဘူးလို့တားဆီးလို့မရဘူးလေ။ ငါခင်ချင်ခင်မယ်။ ပေါင်းချင်ပေါင်းမယ် ငါ့သဘောလေ"
ထိုအခါ ရူကျောင်းက ခါးဆန့်လျက် ယွမ်ရိအား
"ဒါဆိုလည်း ငါနဲ့အပေါင်းအသင်းလုပ်လေ။ ငါဆိုရင် လုယွမ်ကျန်းထက် အစစအရာရာသာနေတဲ့ဟာကို။ ဒီမယ် ငါနဲ့သူငယ်ချင်းဖြစ်ဖို့အတွက် လူဘယ်လောက်များများက ဆန္ဒရှိကြလဲ နင်သိလား"
ဟု မေးလိုက်၏။

"ငါမှ အဲလိုလူမျိုးမဟုတ်တာ"
ဟု ပြန်ပြောလိုက်၏။

ရူးကျောင်းက ခဏမျှတိတ်ဆိတ်သွားပြီးမှ
"နင်က အရမ်းထူးဆန်းတာဘဲ။ နင့်လိုလူမျိုးကို ငါတစ်ကြိမ်တစ်ခါမှ မတွေ့ဖူးဘူး"
ဟု ပြောလိုက်တော့သည်။

ယွမ်ရိလည်း ရူကျောင်းနဲ့စကားဆက်မပြောတော့ဘဲ ရှေ့ကိုပြန်လှည့်လာလိုက်တော့သည်။

စင်မြင့်ပေါ်မှာတော့ လုယွမ်ကျန်းက မိန့်ခွန်းပြောနေဆဲပင်။
မူရင်းဇာတ်ကြောင်းက သူမရောက်လာကတည်းက ပြောင်းလဲသွားပြီဖြစ်၍ ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းတို့ကြားမှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ‌ဂဃဏနမသိတော့ချေ။ သိဖို့အတွက်လည်း စိတ်မဝင်စားချေ။
မိန့်‌ခွန်းပြောတာတွေပြီးသွားသည့်နောက်မှာ ယွမ်ရိတို့လည်း စာသင်ခန်းအသီးသီးသို့ ပြန်လာခဲ့ကြရတော့သည်။

အတန်းချိန်နှစ်ချိန်ခန့်သင်ပြီးချိန်မှာတော့ ကျောင်းဆင်းချိန်ရောက်လာခဲ့ပြီ ဖြစ်ပေသည်။
အိမ်ပြန်လမ်းမှာ ယွမ်ကျဲက
"အမ ရဲ့ချူးဝမ်နဲ့လုယွမ်ကျန်းဆိုတဲ့တစ်ယောက်နဲ့က တကယ်ကြီး ရည်းစားတွေဖြစ်နေကြတာလား"
ဟု မေးလိုက်၏။

ယွမ်ရိက ခေါင်းယမ်းကာ
ဟုသာ ‌ပြန်ဖြေပေးလိုက်တော့သည်။
ယွမ်ကျဲက မျက်မှောင်ကြုတ်ရင်းဖြင့်
"တကယ်လို့ သူတို့နှစ်ယောက်က ရည်းစားတွေဖြစ်နေကြတာဆိုရင် မကောင်းဘူး။ မမရဲ့ချူးဝမ်က လူရှေ့မှာ မိန့်ခွန်းပြောတော့ ရည်းစားမထားရဘူးတဲ့။ သူကိုယ်တိုင်ကျတော့ ရည်းစားထားနေပြီးတော့။ သူမက လူတွေ သိသွားမှာ မစိုးရိမ်ဘူးလားမသိဘူးနော်"

ယွမ်ရိက ပြုံးကာ
"ရှောင်ကျဲရယ်။ ငါတို့ဒီကိုစရောက်ကတည်းက အကုန်လုံးဆီကနေ ဖုံးကွယ်တာတွေ၊လိမ်ညာ‌တာတွေကို ကြုံလာရတာဘဲဟာ။ ပြီးတော့ ရဲ့ချူးဝမ်က သူ‌ ရည်စားထားသွားတာပေါ်သွားရင်တောင် ဖြုံမှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ သူ့ဘက်ကို အမေတစ်ယောက်လုံးက ရပ်တည်ပေးမှာမို့လို့လေ"

ထိုအခါမှ ယွမ်ကျဲလည်း ခေါင်းညိတ်ကာ
"အင်း၊ ရဲ့ချူးဝမ်က တကယ့်ကို မျက်နှာနှစ်ဖက်နဲ့မိန်းကလေးဘဲ"
ဟု ပြောလိုက်တော့သည်။

နှစ်ယောက်သား စကားတပြောပြောဖြင့် လမ်းလျှောက်နေချိန်မှာဘဲ နောက်ကနေ ရူကျောင်းတို့အုပ်စုလိုက်ပါလာတာကို သတိထားမိလိုက်၏။
ရူကျောင်းက ယွမ်ရိကို မှီသွားတာနဲ့
"အတူတူပြန်ကြမလား"
ဟု မေးလိုက်၏။

ယွမ်ရိက ခေါင်းယမ်းကာ
"ရပါတယ်။ အရင်ပြန်နှင့်ကြပါ"
ဟု အလိမ္မာသုံးကာ နှင်လိုက်၏။

ဒါပေမဲ့ ရူကျောင်းတို့က မသွားကြဘဲ ယွမ်ရိတို့အနားမှာဘဲ စကားတပြောပြောဖြင့် ကပ်လိုက်လာကြသည်။

တစ်ဖက်မှာလည်း ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်ဟာ လက်ချင်းတွဲလို့ လမ်းလျှောက်လာကြ၏။ သူတို့ညီအမနှစ်ယောက်သည်လည်း ပြန်လည်သင့်မြတ်သွားကြပြီဖြစ်သည်။

ယွမ်ချူးယန်က မလှမ်းမကမ်းမှာရှိတဲ့ ယွမ်ရိတို့အား မေးငေါ့ပြကာ
"အမ၊ အဲ့မှာမြင်လား။ ကျောင်းတက်တာဘယ်လောက်မှမရှိသေးဘူး မြှူဆွယ်ချက်ကတော့ တကယ် လက်လံ‌တယ်နော်"
ဟု ရဲ့ချူးဝမ်အားပြလိုက်၏။

ရဲ့ချူးဝမ်သည်လည်း ယွမ်ချူးယန်ပြရာသို့ကြည့်လိုက်ရာ ယွမ်ရိနဲ့ယွမ်ကျဲတို့အား ရူကျောင်းတို့အုပ်စုနဲ့အတူတွေ့လိုက်ရ၏။

သူမက
"ချူးယန်၊ ယွမ်ရိအကြောင်း ခေါင်းထဲထည့်မနေပါနဲ့လို့ အမပြောထားတယ်မလား"
ဟု ပြန်ပြောလိုက်၏။

"ဟုတ်ကဲ့ပါ အမ"
ယွမ်ချူးယန်က ပြန်ပြောလိုက်သည်။

ဒါပေမဲ့ ရူကျောင်းတို့ဖြင့် ပျော်ရွှင်စွာစကားပြောနေသော ယွမ်ရိနဲ့ယွမ်ကျဲကိုကြည့်ကာ သူမစိတ်ထဲ မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ချေ။

တစ်ခဏကြာတော့ သူမက ရဲ့ချူးဝမ်အား
"အမ၊ ညီမနဲ့ယွမ်ရိတို့ကလေ တစ်အူထုံဆင်း ညီအမအရင်းတွေဆိုပေမယ့် ဘာလို့များ ယွမ်ရိကဘဲ အရမ်းလှနေရတာလဲ"

ထိုစကားကြောင့် ရဲ့ချူးဝမ်၏ခန္ဓာကိုယ်လေးဟာ တောင့်တင်းသွားရတော့သည်။ တကယ်တော့ သူမသည်လည်း ယွမ်ရိအပေါ်မှာ ယွမ်ချူးယန်ထက်မပိုသော မနာလိုခြင်းများ ဖြစ်တည်နေပေ၏။

ယွမ်ရိရောက်မလာခင်တုန်းက သူမသည်သာ ကျောင်းမှာအလှဆုံးမိန်းကလေးဖြစ်ကာ လူအများ၏အာရုံစိုက်ရာ ဖြစ်ခဲ့၏။ ဒါပေမယ့် ယွမ်ရိရောက်လာပြီးနောက်ပိုင်း ထိုအရာတွေက သူမထံကနေ ပျောက်ကွယ်သွားရတော့သည်။

သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး
ဟု ‌ယွမ်ချူးယန်အား ဆုံးမလိုက်၏။

ယွမ်ချူးယန်သည်လည်း လေးလေးနက်နက် ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အမပြောတာမှန်တယ်"
ဟု ထောက်ခံလိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now