Chapter 35-1

1.3K 178 0
                                    

အပိုင်း - ၃၅.၁

မိုးဟာသုံးရက်ကြာသည့်တိုင် မရပ်မနားရွာသွန်းခဲ့၏။အဖိုးဆောင်းအား သင်္ဂြိုလ်ပြီးသည့်အချိန်ထိတိုင်အောင် ရွာသွန်းခြင်းကနေ မရပ်တန့်ခဲ့ချေ။

ယွမ်ရိဟာ မိုရေနည်းနည်း စိုနေသည့် အင်္ကျီရယ်၊ကောက်ရိုးဦးထုပ်‌တစ်လုံးရယ်ကို စောင်းလျက် ဝမ်းနည်းစိတ်မကောင်းခြင်းများစွာဖြင့် အဖိုးဆောင်း၏ အိမ်ဘက်ကိုပြန်လာခဲ့သည်။

ယွမ်ချီကျီဟာလည်း ယွမ်ရိအနားကို မြန်မြန်လျှောက်လာကာ ယွမ်ရိ၏ စိတ်များအား သက်သာစေလိုငြား လက်ကိုဆုပ်ကိုင်ပေးထား၏။

သူမက ယွမ်ရိဘယ်လောက်တောင် စိတ်ထိခိုက် ခံစားနေရလဲဆိုတာကို မြင်နိုင်ပေသည်။ ဒါ့ကြောင့် စကားဖြင့် ပြောခြင်းထက် အမူအရာဖြင့်သာ နှစ်သိမ့်ပေးလိုက်ခြင်းဖြစ်သည်။

ယွမ်ရိဟာလည်း မျက်လုံးများ နီရဲလျက် ရှေ့ကို ဆက်လျှောက်လာခဲ့၏။

အဖိုးဆောင်းမှာ ဆွေးမျိုးတွေမရှိတဲ့အပြင် အိမ်ထောင်မပြုခဲ့တာကြောင့် မျိုးဆက်လည်းမရှိပေ။ ဒါ့ကြောင့် အဖိုးဆောင်း၏ ဇာပနပွဲအား ယွမ်ရိ၊ယွမ်ချီကျီနဲ့ ယွမ်ချန်းရှန်တို့သုံးယောက်ကပဲ ဦး‌စီးဦးဆောင်ပြုပေးခဲ့ရသည်။ အနီးအနားမှာရှိသည့် ရွာတွေက လူတချို့ကလည်း အဖိုးဆောင်းကွယ်လွန်သွားသည့် အတွက် အလွန်ပင် စိတ်မကောင်းဖြစ်နေကြတော့သည်။

ယွမ်ချန်းရှန်ဟာလည်း ယွမ်ရိ၊ ယွမ်ချီကျီတို့နောက်ကို အမြန်ပြေးလိုက်လာ၏။ မှီသွားတာနဲ့ သူက
"အခု အ‌ဖိုးဆောင်းအိမ်ကိုသွားမလို့လား။ဒါမှမဟုတ် အိမ်ပြန်ကြမလို့လား"
လို့မေးလိုက်၏။

ယွမ်ချီကျီက နောက်ပြန်လှည့်ကာ ယွမ်ချန်းရှန်အားကြည့်လျက်
"လောလောဆယ် အဖိုးဆောင်းအိမ်ကိုဘဲ သွားလိုက်ဦးမယ်။ ဟိုမှာ ရှင်းလင်းစရာလေးတွေ ကျန်နေသေးလို့"

"ကောင်းပြီလေ။ ဒါဆိုရင် ကျွန်တော်ပဲ အိမ်ကို အရင်ပြန်နှင့်လိုက်တော့မယ်"
ယွမ်ရိနဲ့ ယွမ်ချီကျီတို့နှစ်ယောက်ကတော့ အဖိုးဆောင်း၏အိမ်ကိုပဲ တန်းတန်းမတ်မတ်ထွက်လာကြတော့၏။

အဖိုးဆောင်း၏ ပစ္စည်းတွေကို အဖိုးဆောင်းနဲ့အတူ မြုပ်နှံသင်္ဂြိုလ်လိုက်ပြီဖြစ်၍ အဖိုးဆောင်းရဲ့အိမ်ဟာအခန်းလွတ်ကြီးတစ်ခုလို ဖြစ်နေပြီဖြစ်သည်။

ယွမ်ရိဟာ အဖိုးဆောင်း၏ အငွေ့အသက်တွေပြည့်နေသည့် နေရာတွေကိုကြည့်ရင်း ဝမ်းနည်းမျက်ရည် ကျလာတော့သည်။
ယွမ်ချီကျီဟာလည်း သက်ပြင်းအသာချရင်း တစ်အိမ်လုံးကို ကြည့်လိုက်မိသည်။
အချိန်ခဏကြာမှာ နှစ်ယောက်သား အပေါ်မှာဝတ်ထားသည့် မိုးကာဝတ်စုံနဲ့ ကောက်ရိုးဦးထုပ်ကို ချွတ်ကာ အိမ်၏ အတွင်းနဲ့ အပြင်အား သန့်ရှင်းရေးစလုပ်ကြတော့၏။
"ဒီရက်ပိုင်း အဖိုးဆောင်းရဲ့ကြောင်ဝါကြီးကို မတွေ့ဘူးနော်။ ဘယ်တွေများသွားနေလဲမသိဘူး"
ယွမ်ချီကျီ၏ စကားကို‌ နားထောင်ရင်းဖြင့် ယွမ်ရိက ကုတင်အောက်အား တံမြက်စည်းလှည်းလိုက်သည်။ထိုအခါ အနည်းငယ်လေးလံသည့် အရာတစ်ခုဟာ တံမြက်စည်းနဲ့အတူ ကုတင်အပြင်သို့သို့ လှည်းယူခြင်းခံလိုက်ရတော့သည်။
ထိုအရာကိုမြင်တာနဲ့ ယွမ်ရိ အထိတ်တလန့်‌ဖြစ်သွား၏။ ထိုအရာကတော့ တောင့်တောင့်ကြီးဖြစ်နေသည့် အဖိုးဆောင်း၏ကြောင်ဝါကြီးဖြစ်နေတာကို သူမ တွေ့လိုက်ရလို့ပင်။
ယွမ်ချီကျီကလည်း ယွမ်ရိ၏ အထိတ်တလန့်အော်သံကြောင့် ယွမ်ရိအနားကို မြန်မြန်ပြေးလာခဲ့သည်။ ထိုအခါ သူမလည်း သေဆုံးနေပြီဖြစ်သည့် ကြောင်ဝါကြီး၏ရုပ်အလောင်းကို တွေ့မြင်လိုက်ရတော့သည်။

"ဒီကောင်ကြီးက အဖိုးဆောင်းအပေါ် သံယောဇဉ်တော်တော်ကြီးတဲ့ပုံပဲ။ ဒါ့ကြောင့်လည်း အဖိုးဆောင်းကွယ်လွန်သွားတာနဲ့ အစာအငတ်ခံပြီး အသေခံသွားတာထင်တယ်ကွယ်"
လို့ ခံစားချက်များပြည့်နေသောလေသံဖြင့် ရေရွတ်လိုက်တော့သည်။

ယွမ်ချီကျီအနေနဲ့ ကြောင်ဝါကြီးဟာ ဘာလို့အစာအငတ်ခံပြီး သေသွားကြောင့် ပြောနိုင်ရတာဆိုတော့ ကြောင်ဝါးကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ဒဏ်ချက်တွေရှိမနေလို့ပင်။

ယွမ်ရိကတော့ ဘာမျှ မပြောဘဲ ကြောင်ဝါကြီး၏ရုပ်အလောင်းအား နေရာတစ်ခုမှာ ဖယ်ထားလိုက်သည်။

သူမက အိမ်ကိုပဲ ဆက်လက်သန့်ရှင်းရေးလုပ်နေခဲ့သည်။

အိမ်တစ်အိမ်လုံး သန့်ရှင်းလေးလုပ်ပြီးသွားတာနဲ့ သူမက ကြောင်ဝါကြီး၏အလောင်းကို ဝါးခြင်းတောင်းတစ်ခုအတွင်း သေချာထည့်လိုက်သည်။ ပြီးတာနဲ့ အဖိုးဆောင်း၏ အရိုးပြာမြှုပ်ထားသည့် သင်္ချိုင်းသို့ထွက်လာခဲ့တော့သည်။

သင်္ချိုင်းကိုရောက်တာနဲ့  ဖိုးဆောင်း၏အုတ်ဂူလေးဘေးမှာ ကျွင်းတစ်ခုအား ဇောက်နက်နက်တူးလျက် ကြောင်ဝါကြီးအားမြုပ်နှံပေးလိုက်တော့သည်။
အဖိုးဆောင်းကွယ်လွန်ပြီးသည့်နောက် အဖိုးဆောင်း၏အိမ်တံခါးလေးဟာလည်း လုံးဝ ပိတ်သွားတော့သည်။

ယွမ်ချီကျီဟာလည်း ထိုနောက်ပိုင်းတွေမှာ အပ်ချုပ်တာကို ယာယီရပ်နားလိုက်ပြီး စိုက်ခင်းတွေထဲမှာပဲ  အလုပ်ဆက်လုပ်နေခဲ့သည်။

ယွမ်ရိကတော့ ရွှေသရဖူရွာကို မကြာခဏသွားကာ အဖိုးဆောင်း၏ခြံဝန်းထဲ သွားထိုင်လေ့ရှိ၏။

ဒါပေမဲ့ သူမ၏အချိန်အများစုကို လင်းယောင်နဲ့အတူတူ စာဖတ်လိုက်၊ ဝက်တွေကို ထိန်းကျောင်းလိုက်ဖြင့် ဖြတ်သန်းခဲ့သည်။ သူမက အချိန်ကာလတစ်ခုအထိ နေ့ရက်တွေကို စိတ်ပေါ့ပါးစွာဖြင့် ဖြတ်သန်းဖို့စီစဉ်ထား၏။

လင်းယောင်နဲ့‌အတူတူရှိနေပါက သူမအတွက် စိတ်အပေါ့ပါးဆုံးဖြစ်၍ နေ့တိုင်းလင်းယောင်နဲ့အတူတူ အချိန်အများစုကိုဖြတ်သန်းနေရခြင်းဖြစ်ပေသည်။

ယွမ်ရိနဲ့လင်းယောင်တို့နှစ်ယောက်ဟာ တောင်စောင်းမှာထိုင်းရင်း ဝက်တွေကို စောင့်ကြည့်နေခဲ့သည်။

လင်းယောင်က နို့သကြားလုံးနှစ်ခုပါလာ၍ ယွမ်ရိအား တစ်လုံးပေးလိုက်သည်။ ယွမ်ရိနဲ့လင်းယောင်တို့ဟာ နို့သကြားလုံးတွေကို ပါးစပ်အတွင်း ထည့်ငုံလိုက်ကာ ကောင်းကင်ကြီးကို တဖန်မော့ကြည့်လိုက်ကြ၏။

အခုချိန်မှာ ကောင်းကင်ကြီးဟာ တိမ်ကင်းစင်နေပြီဖြစ်ကာ အဖိုးဆောင်းကွယ်လွန်ခဲ့သည့်နေ့ရက်များကလို မိုးအုံ့ဝာာမျိုး မရှိတော့ချေ။

ယွမ်ရိဟာ သူမပါးစပ်အတွင်းမှာ ငုံထားသည့် နို့အရသာ သကြားလုံးလေးကုန်ခါနီးမှာဘဲ အဝေးကနေ သူမ၏နာမည်ခေါ်သံကိုကြားလိုက်ရ၏။

ဒါ့ကြောင့် သူမလည်း အသံကြားရာကို လှည့်ကြည့်လိုက်ကာ သူမတို့ထံပြေးလာနေသည့် ယွမ်ကျဲကို မြင်တွေ့လိုက်ရသည်။

ယွမ်ကျဲဟာ သူမတို့အနီးကိုရောက်တာနဲ့
"အမ၊ အဖိုးဆောင်းရဲ့အမျိုးလို့ပြောတဲ့လူတစ်ယောက် ရောက်လာပြီး အိမ်မှာ အမကိုလာရှာနေတယ်"
လို့ အမောတကော‌ ပြောလိုက်သည်။

ဒါကိုကြားတော့ ယွမ်ရိ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် အမြန်ထရပ်လိုက်ကာ လင်းယောင်ကို နှုတ်ဆက်၍ ယွမ်ကျဲနဲ့အတူ အိမ်ကို ခပ်သွက်သွက်လေးပြန်ခဲ့ကြတော့သည်။

လင်းယောင်ကလည်း ယွမ်ရိနဲ့ယွမ်ကျဲတို့ ပြန်သွားတာနဲ့ ဝက်တွေကို မိုးပျံမျှော်စင်ဘက် ပြန်မောင်းခဲ့၏။ ဝက်တွေကို ဝက်ခြံထဲ သေချာသော့ပိတ်ခဲ့ပြီးသည့်နောက် လင်း‌ယောင်က ယွမ်အိမ်ဘက်သို့ လိုက်သွားတော့သည်။
ယွမ်ရိနဲ့ယွမ်ကျဲတို့ အိမ်ပြန်ရောက်သည့်အခါ ဆံပင်တွေဖြူဖွေးနေသည့်အဒေါ်ကြီးတစ်ယောက်နဲ့ သက်လတ်ပိုင်းလူနှစ်ယောက်ထိုင်နေတာကို မြင်လိုက်ကြသည်။


ဆန်းရှောင်ဟိုင်က သူမအိမ်ဘက်သို့ တန်းတန်းမတ်မတ်ထွက်သွား၏။ သူမအိမ်ထဲရောက်မှသာ ခေါင်းလေးအသာပြူထွက်ရင်း အခြေအနေကို‌ ချောင်းကြည့်နေခဲ့သည်။

ယွမ်ကျီကောင်းက ယွမ်ရိဘေးမှာရပ်ရင်း ထိုလူသုံးယောက်ကို အကဲခတ်လိုက်သည်။

လျူရှင်းဟွာကလည်း အိမ်ထဲကနေထွက်လာကာ ယွမ်ကျီကောင်းအား
"သူတို့သုံးယောက်က သူတို့ကိုယ်သူတို့ အဖိုးဆောင်းရဲ့ အမျိုးတွေလို့ပြောတယ်" လို့ ပြောလိုက်သည်။

ထိုလူသုံးယောက်ထဲမှ အဒေါ်ကြီးက ယွမ်ရိကို သေချာကြည့်ကာ
"မင်းက ယွမ်ရိဆိုတဲ့ တစ်ယောက်လား" လို့ မေးလိုက်သည်။

ယွမ်ရိလည်း ခေါင်းညိတ်ကာ
"ဟုတ်ကဲ့။ သမီးက ယွမ်ရိပါရှင့်" လို့ ပြန်ဖြေလိုက်သည်။

ထိုအခါ အဒေါ်ကြီးရဲ့အမူအရာက မာနကြီးတဲ့ပုံပေါက်သွားကာ လေသံကလည်း မာရေကျောရေဖြစ်လာလျက်
"အေး။ အဲ့တော့ရှင်းရှင်းပဲပြောမယ်။ ငါတို့ကို အဖိုးဆောင်းရဲ့ခြံတံခါးသော့ ပြန်ပေး။ ဘာပဲဖြစ်ဖြစ် ငါတို့က သူ့ရဲ့အမျိုးတွေပဲလေ။ သူ့ခြံတံခါးသော့ကို သူစိမ်းလက်ထဲမှာထက် အမျိုးတွေလက်ထဲထားတာက ပို‌ပြီးမကောင်းပေဘူးလား"

ယွမ်ချီကျီဟာ ထိုလူသုံးယောက်က စရောက်ကတည်းက သေချာစောင့်ကြည့်အကဲ‌ခတ်နေခဲ့၏။
အဖွားကြီး၏စကားဆုံးတာနဲ့ သူမက
"အဒေါ်က အဖိုးဆောင်းနဲ့ ဘယ်လိုမျိုးတော်စပ်တာလဲ" လို့ ချက်ချင်းကောက်မေးလိုက်သည်။

ထိုအခါ အဒေါ်ကြီး၏မျက်နှာက မသိမသာလေး ပျက်ယွင်းသွား၏။
ထို့နောက် သူမကပျက်ယွင်းနေသည့် မျက်နှာထားကိုအမြန်ပြင်လိုက်ကာ
"ငါ့အဖွားနဲ့ အဖိုးဆောင်းနဲ့က တစ်ဝမ်းကွဲလို့ပြောလို့ရတယ်။ ငါတို့နဲ့ကျတော့ နည်းနည်းအမျိုးဝေးသွားပေမယ့် ဘာပဲဖြစ်ဖြစ် အမျိုးတော်တာပါပဲလေ"

ထိုအခါမှ ယွမ်ချီကျီလည်း‌ သေချာသဘောပေါက်သွားတော့သည်။ ဒီလူသုံးယောက်က အဖိုးဆောင်းနဲ့အမျိုးစပ်မည်ဆိုပါက တော်တော်လေးသွေးဝေးနေပြီဖြစ်သည်။

ထို့နောက် သူမက ပြုံးလိုက်ပြီး
"ဆွေမျိုးဆိုတော့လည်း ဆွေမျိုးပေါ့ရှင်။ ဒါနဲ့ နေပါဦး အဖိုးဆောင်းရဲ့ဇာပနတုန်းက ဘာလို့ရောက်မလာကြတာများလဲရှင်" လို့ မေးချလိုက်တော့သည်။


ယွမ်ချီကျီဟာ ယွမ်ရိ၏ရှေ့မှာ ကာရပ်လိုက်ရင်း ဆံဖြူအဒေါ်ကြီးအား
"ဒီမှာ ရှင့်အနေနဲ့ ပါးစပ်ကပဲ အပြောချည်းလုပ်မနေနဲ့။ ရှင့်အနေနဲ့ သတ္တိရှိရင် ရွာလူကြီးဝမ်နဲ့အရင်သွားတွေ့လိုက်ဦး"
ထိုစကားကြောင့် ဆံဖြူအဒေါ်ကြီးလည်း‌ ကျောတွန့်သွားတော့သည်။ သူမအနေနဲ့ ရွာလူကြီးဝမ်နဲ့ အမှန်တကယ်ပင် မတွေ့ဆုံလိုချေ။ ဒါ့ကြောင့်လည်း ယွမ်အိမ်သို့တန်းလာကာ ‌အဖိုးဆောင်း၏ခြံသော့ကို ချက်ချင်းလာတောင်းခြင်း ဖြစ်သည်။

ယွမ်ကျီကောင်းဟာ တိတ်တဆိတ်ဖြင့် ဆံဖြူအဒေါ်ကြီးနဲ့ သူမ၏သားနှစ်ယောက်ကို ကြည့်နေခဲ့သည်။ တခဏကြာတော့ သူ့လက်ထဲက ပေါက်ပြားကိုပစ်ချကာ အိမ်ထဲဝင်သွားသည်။
မကြာခင်မှာပဲ ရိုင်ဖယ်တစ်လက်ကို ကိုင်ကာ အိမ်ထဲကနေပြန်ထွက်လာခဲ့သည်။
သူက ရိုင်ဖယ်ဖြင့် ဆံဖြူအဒေါ်ကြီးနဲ့သူမ၏သားနှစ်ယောက်ရှိသည့် ဘက်ကိုချိန်လျက်
"ထွက်သွား" လို့ တစ်ခွန်းတည်းပြောလိုက်သည်။

သေနတ်ဖောက်သံကြောင့် ဆံဖြူအဒေါ်ကြီးဟာ ကြောက်လွန်းသဖြင့် မြေပြင်ပေါ် လဲကျလုနီးပါဖြစ်သွားရသည်။ သူမ၏သားနှစ်ယောက်ဟာလည်း ကြောက်စိတ်ကြောင့် ခြေတွေ၊ လက်တွေပါ တုန်နေကြသည်။

တစ်ဖက်မှ ဆန်းရှောင်ဟိုင်သည်လည်း ကြောက်လန့်ကာ ရင်တုန်ပန်းတုန်ဖြစ်သွား၏။

ကြောက်လန့်လွန်း၍ ဆွံ့အနေကြသည့် သားအမသုံးယောက်ကိုကြည့်ရင်း ယွမ်ကျီကောင်းက
"သွားမှာလားး မသွားဘူးလားး" လို့ ထပ်မေးလိုက်သည်။

ထိုအခါ သားအမိသုံးယောက်လုံး တုန်လှုပ်သွားကာ ဆံဖြူအမျိုးသမီးက ချက်ချင်းပင်
"သွားပါတော့မယ်။ ကျွန်မတို့ အခုပဲသွားပါတော့မယ်"
လို့ပြောကာ သူမ၏ သားနှစ်ယောက်အား ခေါ်လျက် ယွမ်အိမ်ကနေ အဝေးကို ထွက်သွားတော့သည်။

သူတို့သုံးယောက်ထွက်သွားမှာ ယွမ်ကျီကောင်းလည်း အိမ်ထဲကိုဝင်လိုက်တော့သည်။ သူက ရိုင်ဖယ်သေနတ်အား စားပွဲပေါ်တင်ရင်း
"ဘယ်လိုဟာတွေမှန်းကိုမသိဘူး။ ငါတို့ ယွမ်မိသားစုကို လွယ်လွယ်အနိုင်ကျင့်လို့ရတဲ့ဟာတွေများ မှတ်နေကြတာလားမသိဘူးကွာ"

ယွမ်ချန်းရှန်က ယွမ်ရိအား
"ဒါနဲ့ အဖိုးဆောင်းက သူ့ရဲ့အမွေတွေအကုန်လုံး မင်းကိုပေးခဲ့တာလား"

ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်"
လို့ပြန်ဖြေလိုက်သည်။

ယွမ်ချန်းရှန်က နည်းနည်းနှာကစ်နေသည့်လေသံဖြင့်
"ဒီအဖိုးကြီးက ဒီလောက်တောင် မင်းအပေါ် ကောင်းလိမ့်မယ်လို့ ငါလုံးဝ ထင်မထားဘူး"

"ဒီမယ် ငါ့မြေး။ အဖိုးဆောင်းပေးခဲ့တဲ့ အမွေတွေကို မပျောက်မ‌ပျက်အောင် ကောင်းကောင်းထိန်းသိမ်းရမယ်နော်"
"ဟုတ်ကဲ့ပါအဖိုး။ သမီးတန်ဖိုးထားပြီး ကိုင်တွယ်မှာပါ" လို့ ယွမ်ရိက ပြန်ပြောလိုက်သည်။
လင်းယောင် ယွမ်အိမ်ကိုရောက်ချိန်မှာ ဆူဆူပူပူဖြစ်နေ၍ ကြည့်နေကြသည့် လူတစ်စုကိုမြင်လိုက်ရသည်။ မကြာခင်မှာပဲ အဖိုးယွမ်က သေနတ် တစ်ချင်ဖောက်ကာ သူစိမ်းသုံးယောက်အား မောင်းထုတ်နိုင်လိုက်တာကို မြင်ပြီးသည့်နောက် လူတွေအကုန်လုံး ရပ်ကြည့်နေကြရာကနေ လူစုခွဲလိုက်ကြတော့သည်။
ယွမ်ချန်းကွေ့၊ ယွမ်ရွယ်ဂျင်းနဲ့ ယွမ်ရဲဟွာတို့ သားအဖသုံးယောက်လည်း သူတို့အိမ်ကိုပြန်လာခဲ့ကြသည်။
"နင်သာ နှစ်ဝက်လောက်ထပ်ပြီး သည်းခံခဲ့မယ်ဆိုရင် ငါတို့ရဲ့အခြေအနေတွေ ဒီထက်ပိုကောင်းလာမှာ"
လို့ ငြီးတွားလိုက်သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now