Chapter 36

1.6K 199 2
                                    


အပိုင်း - ၃၆


ပုံမှန်အားဖြင့် ယွမ်ချန်းရှန်ဟာ မြို့ထဲကို နေ့တဝက်အတွင်း ရောက်မှာဖြစ်ပေမယ့် သူ့ကျောပေါ်မှာ လူတစ်ယောက်တင်ပြီး လမ်းလျှောက်ရသည့်အတွက် ခရီးလမ်းလေးဖင့်သွားရသည်။ကံကောင်းတာက သူတင်ခဲ့သည့် လူငယ်၏ ကိုယ်ခန္ဓာဟာပေါ့ပေါ့ပါးပါးဖြစ်‌တာမို့ သူမှန်းထားသည့် အချိန်ထက် နည်းနည်းဘဲနောက်ကျပြီးမှ တုန်းဖန်းမြို့သို့ရောက်လာတော့သည်။

မြို့ထဲကို ဝင်ခါနီးမှာဘဲ လူငယ်က ယွမ်ချန်းရှန်၏ ကျောပေါ်ကနေ ခုန်ဆင်းလိုက်သည်။ ပြီးတာနဲ့ သူ့အိတ်ကို သေချာပွေ့ကိုင်ကာမြို့ထဲကို ဝင်ဖို့ပြင်လိုက်တော့သည်။

ယွမ်ချန်းရှန်လည်း လူငယ်အနားသို့ ခပ်သွက်သွက်လေးလျှောက်သွားကာ

"အခု မင်းနာမည်‌ပြောလို့ရပြီလား။ မင်းရဲ့အိမ်ကရော ဘယ်မှာလဲ"

လူငယ်က ယွမ်ချန်းရှန်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး

"ငါ့နာမည်က ချန်ခွန်း။ ငါ့အိမ်ကတော့ ဒီမြို့ထဲမှာဘဲ" လို့ လိုရင်းကိုတန်းပြောလိုက်သည်။

"ခွန်းကငွေများများရှာသည်ဆိုတဲ့အဓိပ္ပာယ်မလား"

ယွမ်ချန်းရှန်က ထပ်မေးလိုက်သည်။

'ဝါးးးဒီကောင် နာမည်နဲ့လူနဲ့တော်တော်လိုက်တာဘဲကွာ။ဒါ့ကြောင့်လည်း ပစ္စည်းပစ္စယတွေရောင်းရင်း ငွေရှာနေတာပဲ ဖြစ်ရမယ်' လို့ သူက စိတ်ထဲကနေ တွေးလိုက်မိ‌သေး၏။

ချန်ခွန်းကတော့ ယွမ်ချန်းရှန်၏ မေးခွန်းကိုပြန်မဖြေခဲ့ပဲ မေးခွန်းတစ်ခုကိုသာ ပြန်မေးခဲ့၏။

"မင်းရဲ့နာမည်ကရော။ ပြီးတော့ ဘယ်မှာနေတာလဲ။မြို့ပေါ်ကို ဘာလို့ရောက်လာရတာလဲ"

ယွမ်ချန်းရှန်လည်း အသက်ကိုဝအောင်ရှုလိုက်ပြီး

"မျိုးရိုးက ယွမ်၊ နာမည်ကတော့ ချန်းရှန်ပဲ။ မြို့ကိုရောက်လာရတဲ့ အကြောင်းအရင်းကတော့ ဝယ်စရာခြမ်းစရာလေးတွေရှိနေလို့ကွာ"

"ဝယ်စရာ ခြမ်းစရာလေးတွေဟုတ်လား"

ချန်ခွန်းက ထိုစကားကြောင့် စိတ်ဝင်စားသွား၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now