1st Anniversary

1K 35 2
                                    

''1970ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး''

-မိတ်ဆက်-

ယွမ်ရိသည်‌ခေတ်မှီတိုးတက်နေသောအချိန်ကာလမှဒီဇိုင်နာတစ်ဦး‌ဖြစ်‌၏။မမျှော်လင့်ဘဲသူမသေဆုံးသွားခဲ့ကာစာအုပ်တစ်အုပ်အတွင်းသို့သူမနဲ့နာမည်တူအရံအမျိုးသမီးဇာတ်ကောင်နေရာသို့ကူးပြောင်းသွားခဲ့တော့သည်။

မူလယွမ်ရိရဲ့ဖခင်ဟာစစ်တပ်အတွင်းမှအရာရှိတစ်ဦးဖြစ်၍စစ်တပ်အတွကင်းမှာဘဲနေထိုင်ရပါသည်။သူမ၏မိခင်ကလည်းသူမအဖေနဲ့အတူစစ်တပ်အတွင်းသို့လိုက်ပါသွားခဲ့သည်။

သူမကိုတော့ငယ်ရွယ်သေး၍အဖိုးအဖွားတွေနဲ့ထားခဲ့ကာစစ်တပ်အတွင်းခေါ်ဆောင်မသွားခဲ့ပေ။

ဒီစာအုပ်အတွင်းမှအမျိုးသမီးဇာတ်လိုက်မဟာစစ်တပ်ခေါင်းဆောင်၏သမီးဖြစ်ကာထိုလူကျဆုံးသွားပြီးနောက်စစ်တပ်ထဲမှာဘဲကြီးပြင်ခဲ့လေသည်။

မူလယွမ်ရိအသက်ဆယ့်ခြောက်နှစ်ပြည့်၍စစ်တပ်အတွင်းသို့မိဘများကခေါ်ဆောင်လာချိန်မှာသူမအတွက်ပြဿနာများစလေတော့သည်။မူလယွမ်ရိ၏မထုံတတ်သေးအမူအရာတွေ၊အူတူတူအတတ‌တွေကြောင့်ဇာတ်လိုက်မနဲ့တွေ့သည့်အခါအလိုအလျောက်ဘဲရုပ်ဆိုးမလေးဖြစ်သွားတော့သည်။

ဒါ့အပြင်စစ်တပ်အတွင်းမှလူအများကလည်းသူမတို့နှစ်ယောက်ကိုနှိုင်းယှဉ်ကြပီ့းသူမကိုမသိမသာရှုံ့ချကြ၍မူလယွမ်ရိစိတ်ထဲအငုံစိတ်တွေဖြစ်ပေါ်လာတော့သည်။

လှောင်ပြောင်မှုများကိုသည်းမခံနိုင်တော့သည့်အဆုံးမူလယွမ်ရိ၏အငုံစိတ်များပေါက်ကွဲထွက်ပေါ်လာတော့သည်။သူမကဇာတ်လိုက်မထံကနေအမျိုးသားဇာတ်လိုက်အပါအဝင်အရာအားလုံးကိုလုယူဖို့ဆုံးဖြတ်ခဲ့သည်။သူမဟာအောင်မြင်လုနီးပါးဖြစ်ခဲ့ပြီးစာအုပ်အတွင်းအကောင်းဆုံးအမျိုးသမီးဇာတ်ရံ‌တစ်ယောက်ဖြစ်ခဲ့ပေမယ့်နောက်ဆုံးမှာတော့ကျရှူံးခဲ့ပြီးဆိုးဝါးစွာဇာတ်သိမ်းခဲ့ရသည်။

စာအုပ်အတွင်းကူးပြောင်းလာပြီးနောက်ယွမ်ရိဟာမျက်နှာကျက်ကိုမော့ကြည့်ရင်းမျက်စိကိုပြန်မှိတ်လိုက်တော့သည်။

'စိတ်အေးအေးထား။ဒီကိုကူးပြောင်းလာလဲငါ့ရဲ့အပ်ချုပ်တတ်တဲ့ပညာနဲ့ဆိုအနာဂတ်မှာဝင်ငွေတွေရလာပြီးဘဝကိုအဆင်ပြေပြေနဲ့ဖြတ်သန်းနိုင်သွာမှာပဲ။ဒါ ဒါပေမယ့်လောလောဆယ်အပ်ချုပ်စက်လေးတစ်လုံးတော့အရေးပေါ်လိုနေပါပြီနော်!!!!'

-------------
ဟဲလို ဟဲလို Clover Novel Collection Pageလေး ဖွင့်တာ 1နှစ်ပြည့်တဲ့အနေနဲ့ Promotionလေးလည်း ရှိပါတယ်ရှင့်။Promotionလေးကတော့ 1970 GPလေးထဲဝင်ရင် ယခင်စျေးကို 20% Discountလေးနဲ့ ဝင်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်ရှင့်။ဒါကြောင့်

☘ဒါလေးကို (123+Chapter) 4,000ကျပ်ကိုမှ 20%Discountနဲ့မို့ 3,200ကျပ်တည်းနဲ့ ဝင်လို့ရမှာပါရှင့်☘

စာဖတ်သူအားလုံး သာယာချမ်းမြေ့တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်🤍

စာဖတ်သူအားလုံး သာယာချမ်းမြေ့တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်🤍

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now