part-1(U+Z)

6.3K 123 0
                                    

##Unicode##

တချို့ဇာတ်လမ်းတွေက လက်တွေ့ဆန်ချင်မှဆန်လိမ့်မယ်ဒါပေမယ့် လက်တွေ့မဆန်တဲ့ဇာတ်လမ်းတွေမှာလဲ
နာကျင်ရတာရှိတယ်။ ဥပမာ ကြွေတို့ဇာတ်လမ်းပေါ့။
ဘယ်လိုမှလက်တွေ့မဆန်ပေမယ့်
ခံစားရတာကတော့ ရင်နဲ့မဆံ့အောင်ပါဘဲ။

ရပ်ဝန်းငယ်  " ဆရာမ ‌ကြွေဆင်းခ နာမည်နဲ့လိုက်အောင်ကိုကြွေဆင်းရပါသည်။ ဆရာမရဲ့ အပြုအမူအပြောအဆိုတွေကိုစွဲလမ်းခဲ့ရပါသည်။ ဆရာမရဲ့မာယာတွေအောက်မှာလဲ ဗေဒါလိုရေစုန်မျောခဲ့ရပါသည်။
ဆရာမရဲ့ပါးချိုင့်နက်တွေထဲကရုန်းမထွက်နိုင်အောင်လဲ နစ်ဝင်ခဲ့ရပါသည်။
ဆရာမရဲ့ရင်ခွင်မှီအရပ်ကြောင့် ရင်ခွင်ထဲဆွဲသွင်းထားချင်ပေမယ့် ဆရာမက တခြားသူရင်ခွင်မှာမှီပြီးထားနင့်ပြီတဲ့ ဆရာမဟာ အရမ်းကို ရက်စက်လွန်းပါသည် ။ ငယ့်လက်ကိုကမ်းတဲ့ဖိတ်စာမှာ ငယ့်နာမည်မပါခဲ့ပါ ။သူချစ်တဲ့သူနဲ့ ကျင်းပမည့်မင်္ဂလာပွဲမှာ ငယ်က သတို့သမီးအရံတဲ့ ။ တမင်များနှိပ်စက်နေသလား ငယ့်အချစ်ကို လျစ်လျူရှုထားနိုင်တဲ့အထိ
ဆရာမ ဟာသိပ်ကိုပြတ်သားလွန်းပါသည်။
မပြတ်သားနိုင်တဲ့ငယ်ကတော့ အားလုံးကိုအရှုံးပေးထွက်သွားပါတော့မည်။ သိပ်ချစ်ရသူနဲ့ ပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေ... "

ကြွေဆင်းခ "ကျမက လေ မောင့်ကိုချစ်ပါတယ်။
ဒါပေမယ့် သမီးငယ်ကိုလဲသိပ်သနားတယ်
မောင့်ကိုချစ်တဲ့စိတ်ထက် ငယ့်ကိုသနားတဲ့စိတ်လေးကပိုနေခဲ့တယ်။ ဒါကြောင့် ငယ့်ကိုမရွေးချယ်နိုင်ခဲ့ရင် မောင့်ကိုလဲ မရွေးချယ်ချင်ဘူး မရွေးချယ်ရက်ဘူး။
ငယ့်ကိုအားနာတယ် သနားတယ်။ မောင်ရယ်
တောင်းပန်ပါတယ် "

ယုယပိုက်ထွေး"နှလုံးသားမှာ အမြဲနေရာယူထားတဲ့အမျိုးသမီး ကဒေါ်ကြွေဆင်းခတဲ့။ဘဝဆက်တိုင်းသူမတစ်ဦးထဲကိုဘဲချစ်မြတ်နိုးသွားမည်။
သူမကိုပိုင်ဆိုင်နိုင်မည့်အချိန်ထိ
အချိန်ဘယ်လောက်ကြာကြာစောင့်မည်။
နိဗ္ဗာန္မရောက်ချင်သေး။
သံသရာမှာ အန်တီနဲ့ပေါင်းဖက်ချင်သေးသည်။"

ကြွေဆင်းခ။    ။ 9.6.1980 ဖွား
ရပ်ဝန်းငယ်။    ။5.9.1988
ယုယပိုက်ထွေး။2.3.2006

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now