part-10(U+Z)

1.5K 61 0
                                    

##Unicode##

နှစ်နှစ်ဆယ်ကြာပြီးနောက်

"ဟဲ့ ယုယ"

သူငယ်ချင်းဖြစ်သူ ဆု ရဲ့ ခေါ်သံကြောင့်
ယုယ ေနကြ​​ာစေ့ စားရင်း ပြန်ထူးလိုက်သည်။

'ပြော'

"နင်ကျောင်းမတက်တာသေချာလား"

"လုံးဝအသေချာဘဲ"

"ဘာလို့လဲ"

"ပျင်းလို့ "

" ဒါဖြင့် နင်ဘာလုပ်စားမလဲ "

"တောင်းစားမှာလေ ခွက်ကတော့နင်ဝယ်ပေး"

"အမလေးအံ့ဩပါ့"

"ဆုရယ် ကျောင်းတက်တော့ကော ဘာရလဲ အ‌‌ခြေနေက ကောင်းတာမဟုတ်ဘူး ဗုံးမှန်ပြီးဘယ်ချိန်လစ်မလဲမသိ သူများတွေတောင်အသက်ပေးပြီးတိုက်ပွဲ‌ဝင်နေတဲ့ချိန် နင်က မအလ ဘောမ ချင်သေးတာလား "

"အဲ့လိုလဲမဟုတ်ပါဘူးဟာ ငါ့အမေက အတင်းတက်ခိုင်းလို့သာ"

"နင့်ကိုတော့ မပြောတော့ပါဘူး နင့်မားသားကြီးကလဲ ဘယ်စိတ်နဲ့ စစ်တပ်ထောက်ခံနေလဲမသိဘူး"

"ဒါကတော့ ငါ့အဘိုးကစစ်သားဆိုတော့ဟာ"

"ထားပါထားပါ နင်ငါ့ကိုပြောစရာရှိတယ်စိုတာဒါလား"

"အင်း ဟုတ်တယ် နောက်ပြီး ကျောင်းအုပ် ကိစ္စရယ်"

"ကျောင်းအုပ်..."

"အင်း"

"အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ"

"ဆိုင်တာတော့ မဆိုင်ပါဘူး ခုကျောင်းအုပ်က
ငါ့အိမ်မှာလေ ပြီးတော့ ငယ်ငယ်ချောချောလေး တော်ကြာနင့်မပြောဘူးဖြစ်နေမှာစိုးလို့ "

"အဲ့ဒါငါကဘာလုပ်ရမလဲ အရေးမပါတာ
သူ့ဟာသူငယ်ပြီးချောရုံမကလို့ ဘာကြီးဘဲဖြစ်နေပါစေ စိတ်မဝင်စားဘူးNon- CDM တွေ"

"နင်ကလဲ သူလဲ သူ့အခက်ခဲနဲ့သူမို့ လုပ်ရတာနေမှာပါ ဘယ်သူကတော့ ဒါကိုလုပ်ချင်ပါ့မလဲ ငါ့လိုပေါ့ ဖိအားတစ်ခုကြောင့်"

"ထားပါ ငါ့ကိစ္စလဲမဟုတ်ဘူး သူများ အတင်းတုပ်ရတာလဲဝါသနာမပါဘူး ငါလစ်တော့မယ် တော်ကြာ ငါ့ဖားသားက ကြာလို့ကောနေအုံးမယ်"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now