##Unicode##
"ဆု"
"အင်းပြောလေ "
"ငါလေ ဘာဖြစ်နေလဲမသိဘူး "
"ဘာဖြစ်လို့လဲနင်က "
"ငါအစက အန်တီကို လက်စားချေချင်လို့ ချစ်ခဲ့တာ။ ဒါပေမယ့်
ငါမလုပ်ရက်ဘူးဖြစ်နေတယ်။ဒေါ်လေးသေတာ သူ့ကြောင့်မဟုတ်ဘူးလို့ဘဲ ငါဖြည့်တွေးနေမိတယ်။ အဖြစ်မှန်ကိုလဲငါအရမ်းသိချင်နေမိတယ်။ငါ့ကိုပြောပြနိုင်မယ့်သူတစ်ယောက်လောက် မရှိဘူးလားဟင်။""အင်း ငါ့ဒေါ်လေးရှိတယ်လေ။ နင့်အဒေါ်နဲ့သူငယ်ချင်းတွေဘဲ။"
"အေးဟုတ်တယ်နော်။လာလာ နင့်အဒေါ်ဆီသွားမေးကြမယ်။"
ယုယ ဆုလက်ကိုအတင်းဆွဲထသည်။
"အေးပါဟယ်။ယုယ တို့ကလေ သိချင်ပြီဆိုလဲဇွတ်တော်။"
"နင်ကလဲ။"
ဆုရဲ့အဒေါ် သိမ့်သိမ့်ဆီရောက်တော့
"ဒေါ်လေးသိမ့် ကျနော့်ကိုပြောပြပါနော် ကျနော့်ဒေါ်လေးတို့အကြောင်း ကျနော်အကုန်သိချင်တယ် ပြောပြပါနော်။"
"ဘယ်လိုပြောရမလဲကွယ်။တကယ်တော့ သမီးဒေါ်လေးသေတာ ဆရာမကြွေနဲ့ မသက်ဆိုင်ပါဘူး။သူလဲဒီလိုဖြစ်စေချင်တာမှမဟုတ်ဘဲ။"
သိမ့်သိမ့်လဲ ယုယကိုအားလုံးပြောပြလိုက်တော့သည်။
"ဒါဆို ဒေါ်လေးကိုသတ်တဲ့သူကော။"
"သူခုချိန်ထိ ထောင်ကမထွက်ခဲ့သေးပါဘူး။ သူကထောင်ဒဏ်အနှစ်သုံးဆယ်ကျခဲ့တယ်လေ။"
"အနှစ်သုံးဆယ်ထဲလား နည်းလိုက်တာ လူတစ်ယောက်လုံးသေတာမှ အနှစ်သုံးဆယ်ဘဲလား။
ဒါနဲ့ ဒေါ်လေးသိမ့် ဒေါ်လေးတို့သူငယ်ချင်း ဒေါ်ဇင်ဦးကော ဘယ်ရောက်နေလဲ။ ""သူက အခု ရှမ်းပြည်မှာ ကော်ဖီဆိုင်ဖွင့်ထားတယ်။
ရပ်ဝန်းငယ်ရဲ့အိမ်မက်ပေါ့။ ရပ်ဝန်းငယ်ကလေ ကိုယ်ပိုင်ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှမ်းပြည်မှာဖွင့်ချင်ခဲ့တာ ဒေါ်လေးသိမ့် တို့ကိုလဲ ခနခနပြောပြတတ်တယ်။ ဒါပေမယ့် သူ့အိမ်မက်တွေ မြဖစ်မြောက်သွားခဲ့ဘူးကွယ်။"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။