##Unicode##
ယုယနဲ့ကမ္ဘာလေး ပြေးကစားနေရင်းအန်တီက
"ယုယ"
"ဟုတ်အန်တီ"
"ညနေစောင်းပြီ။မပြန်သေးဘူးလား။"
"အန်တီကနှင်တာလား။"
"မဟုတ်တာကွယ်။အိမ်ကစိတ်ပူနေမှာစိုးလို့ပါ။"
"မပြန်ချင်သေးဘူး။မီးမီးနဲ့ဆော့အုံးမယ်။"
"သဘောပါ။"
"မီးမီးရေ။ဒီမှာ တီတီဆီလာပါအုံး။"
ဆိုကာလှမ်းခေါ်တော့
ကမ္ဘာလေးက ယိုင်တိယိုင်နဲ့လေးနဲ့ ယုယဆီလာသည်။
"မီးမီးကချစ်ဖို့ကောင်းလိုက်တာကွာ။တီတီအိမ်တောင်
မြပန်ချင်တော့ဘူး။မီးမီးနဲ့ဘဲနေတော့မယ်။""ခ်ခ်"
ကမ္ဘာလေး က နားလည်လို့လားမသိ ရယ်သည်။
"သမီး။ကမ္ဘာလေး။မာမီဆီလာပါအုံး။"
အန်တီကခေါ်တော့ ကမ္ဘာလေးက အန်တီဆီပြေးသွားသည်။
အန်တီကကလေးကိုပွေ့ချီလိုက်ပြီးနမ်းရှိုက်နေသည်။
ယုယသူမတို့နှစ်ယောက်ကိုပြုံးကြည့်နေမိသည်။
"ကမ္ဘာလေးရေ။တီတီပြန်တော့မယ်နော်။နောက်ရက်မှ မီးမီးနဲ့ထပ်လာဆော့မယ်။အဲ့တော့မှ အရုပ်တွေကော
မုန့်တွေကော ဝယ်ခဲ့မယ်နော်။"ကမ္ဘာလေး ယုယလက်ညိုးလေးကိုစုပ်ကိုင်ထားသည်။မပြန်စေချင်ဘူးထင်ပါရဲ့။
"အာချစ်စရာလေးကွာ။မွ။"
"ယုယ။"
"ဟုတ်အန်တီ။"
"ညနေစာ စားသွားပါလားတခါတည်း။"
"အာ ရပါတယ်အန်တီ။အိမ်ရောက်မှဘဲ။"
"ဘာလဲ။တို့ချက်တာ မစားချင်လို့လား။"
"မဟုတ်တာ။"
"ဒါစိုစားသွား။တို့ကကျွေးရင်စားမှကြိုက်တာ။"
"ဟုတ်ပါပြီဗျာ။စားစိုလဲစားပါ့မယ်။"
"တို့သွားပြင်လိုက်အုံးမယ် သမီးလေးနဲ့ နေခဲ့အုံး။"
"ဟုတ်အန်တီ။"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။