##Unicode##
"ဒါနဲ့ ဒီကလေးနာမည်က"
ဖေဖေ့အမေးကြောင့်ယုယမီးမီးလေးကိုချီထားရင်းဘဲ။
"လွမ်းကမ္ဘာမောင်တဲ့"
"နာမည်လေးကလှသားဘဲ လာပါအုံးမီးမီးလေး ဖိုးဖိုးဆီကို။"
လောင်းရိပ်ဦး ကလေးကိုပွေ့ကာချော့မြူနေတော့
"ဟဲ့နင့်အဖေ ခုထိအလုပ်မသွားသေးဘူးလား။
ဒါကဘယ်သူ့ကလေးတုန်း။"မီးဖိုထဲကထွက်လာတဲ့မေလှိုင်က ယုယကိုမမြင်မိဘူးထင်ပါရဲ့။
"မေလှိုင်။"
ယုယလှမ်းခေါ်လိုက်တော့
"ဟင် ယုယသမီး ညကဘယ်တွေလျှောက်သွားနေတာတုန်း။မေလှိုင်ကော သမီးအဖေကောစိတ်ပူနေကြတာ။"
"ကျောင်းမှာအိပ်လိုက်တာ။"
"ဒါနဲ့ဒီကလေးက။"
"ကိုတို့မြေး။"
"ဟင်ဘယ်လို။"
မေလှိုင်ကနားမလည်ဟန်။
"သမီးလေးကမွေးစားမလို့တဲ့။လှိုင်ရယ်လာကြည့်ပါအုံးကလေးကချစ်မွှေးပါတယ်။"
မေလှိုင် လောင်းရိပ်ဦးလက်ထဲက ကလေးကိုသွားကြည့်တော့
"ဟုတ်ပါ့ချစ်စရာလေးနော်။နာမည်ကဘာတဲ့လဲ။"
"လွမ်းဘာ...။"
ဖေဖေကမေ့နေသည်မို့ ယုယလဲ
"လွမ်းကမ္ဘာမောင်။"
"အော်အေ။သမီးပြောသလိုဘဲ။"
"နာမည်ကရှည်လိုက်တာ။ဘယ်သူမှည့်ထားတာတုန်း။"
"အန်တီမှည့်ပေးထားတာ။"
"ဒါဆိုဒီကလေးက။"
"ဟီးအန်တီ့တူမ။"
"အော်။မီးမီးလေးရေ။လာပါအုံးဖွားဖွားဆီကို။"
ယုယပြုံးမိသည်။ ဖိုးဖိုးနဲ့ဖွားဖွားတဲ့ ။ဟီး။ကြည်နူးစရာပါဘဲ။
ယုယသူတို့မြေးဖွားသုံးေယာက်ကိုထားခဲ့ကာ ရေချိုးဖို့ထွက်ခဲ့တော့သည်။ဖေဖေလဲအလုပ်သွားုဖသ်တော့မည်မထင်။
ယုယရေချိုးနေရင်း။
အန်တီမှာအိမ်ထောင်မရှိဘူးတဲ့။ငါ့အတွက်အခွင့်ရေးရှိနိုင်ပါသေးတယ်ဟီး..။အန်တီရေ ဒီတစ်ခါတော့အန်တီကိုယုယလုံးဝလက်မလွှတ်တော့ဘူး။
ကျနော့်ကိုချစ်သေးရဲ့လား။အန်တီသာချစ်နေသေးရင်
အန်တီကိုကျနော်အပိုင်သိမ်းပြမယ်။
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။