##Unicode##
"အန်တီ.."
မောင် အန်တီလှဲနေတဲ့ကုတင်ဆီအပြေးသွားလိုက်ရင်း အန်တီကိုတင်းကျပ်စွာဖက်ထားမိသည်။
မောင်နဲ့လွမ်းက လွမ်းတို့ကျောင်းရဲ့ လေ့လာရေးခရီးအတွက် သွားနေခြင်းကြောင့် ခုမှပြန်ရောက်လာခြင်းပင်။ခုလိုပြန်ရောက်လာရတာကလဲ အန်တီနေမကောင်းဘူးဟု ဆိုသောကြောင့်ပင်။
"မောင်ရောက်လာပြီလား"
မောင် အန်တီအိပ်နေရာမှ ထဖို့ပြင်နေသည်မို့ ကူတွဲပေးလိုက်ရင်း..
"တောင်းပန်ပါတယ် နောက်ကျသွားတဲ့အတွက် "
"ရပါတယ် မောင်ရယ်။ မောင် သမီးလေးကော.."
အန်တီက သမီးလေးကိုမမြင်သဖြင့် မေးခြင်းကြောင့်
မောင် အပြင်မှာရှိနေတဲ့ လွမ်းကိုလှမ်းခေါ်လိုက်သည်။"ရှိပါတယ်။လွမ်း.."
သမီးလေးရောက်လာတော့အန်တီက လက်လှမ်းကာ..
"လွမ်း လာပါအုံးမာမီဆီ"
လွမ်း မာမီနားသွားလိုက်ပြီး မာမီရင်ခွင်ထဲမှာ မာမီကိုတိုးညင်းစွာခေါ်လိုက်သည်။
"မာမီ..."
"ရှင်.."
"မာမီဘာဖြစ်တာလဲဟင်။"
ကြွေကိုစိုးရိမ်တကြီးမေးလာသော သမီးလေးကြောင့် ကြွေကျလုကျချင်ဖြစ်နေသော မျက်ရည်များကို ထိန်းထားရသည်။
"ဘာမှမဖြစ်ပါဘူးကွယ်။ လွမ်း အပြင်မှာခဏသွားနေနော်။ မာမီ သမိးဒယ်ဒီကိုပြောစရာလေးရှိလို့"
"ဟင့်အင်း လွမ်းမာမီနားဘဲနေမယ်"
အန်တီဆီအတင်းဖက်တွယ်နေသော သမီးလေးကို မောင်ကပွေ့ချီကာ..
"သမီးကလိမ်မာပါတယ်။ခဏသွားနော် ။မာမီ ဒယ်ဒီကိုပြောပြီးတာနဲ့ ခေါ်လိုက်မယ်နော်"
မောင့်စကားကြောင့် သမီးလေးကလျက်လျော့ကာ အပြင်သို့ထွက်သွားခဲ့သည်။
"ဟုတ်"
လွမ်းအပြင်ထွက်သွားတော့မှ အန်တီက..
"မောင်"
"ပြောလေအန်တီ.."
"အန်တီတောင်းပန်ပါတယ်မောင်ရယ်။"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။