##Unicode##
"အန်တီ.."
"ပြောလေမောင်"
"မနက်ဖြန် မောင် မန်းလေးဆင်းဖို့ရှိတယ်။ဘာမှာအုံးမလဲ။"
"မန်းလေးထိုးမုန့်.."
"ဟုတ်ပြီ။ပြီးတော့ကော။"
"မောင့်အနမ်းချိုချို.."
"ဟာအန်တီ!!အသဲယားလိုက်တာဗျာ"
"ဟီး.."
"အနမ်းကတော့ပြန်လာမှမဟုတ်ဘူး။ခုလဲပေးနိုင်တယ်။လာထား မွ.."
မောင်ပြောရင်းအန်တီ့ညာဘက်ပါးလေးကိုနမ်းလိုက်သည်။
"ဒီဘက်ကော"
အန်တီကဘယ်ဘက်ပါးပါ ထက်နမ်းခိုင်းသည်မို့ မောင်နမ်းလိုက်သည်။
"အွန်းမွ!!.."
"နဖူးကော"
"မွမွ!!"
"နှာခေါင်းလေးကော..."
"မွ!!"
"မေးစေ့လေးကော"
"မွ!!..."
"ဟီး"
"တစ်နေရာကျန်သေးတယ်"
"ဟင်!!"
မောင်အန်တီမေးလေးကိုဆွဲယူကာ အန်တီနှုတ်းခမ်းလေးကိုနမ်းရှိုက်လိုက်သည်။
ခနကြာတော့ သူမဆီကတုံ့ပြန်အနမ်းတို့ရရှိခဲ့သည်။
မိနစ်နှစ်ဆယ်လောက်ကြာတော့အသက်ရှူကျပ်လာသည်မို့ လွှတ်ပေးလိုက်သည်။
"ချစ်တယ်အန်တီ.."
"တို့လဲချစ်တယ်"
စောနက ပြတ်တောက်သွားတဲ့အနမ်းကို
ထပ်မံစတင်လိုက်သည်။အတော်ကြာတော့ မီးမီးလေးရဲ့ငိုသံကြောင့် အနမ်းတို့ရပ်တန့်သွားရြပန်သည်။
မောင်ကော အန်တီပါ ကမ္ဘာလေးအနားပြေးသွားလိုက်သည်။
"မီးမီးလေးဘာဖြစ်တာလဲ။ဘာလို့ငိုနေတာလဲ။"
"သမီးဘာဖြစ်တာလဲ မာမီဘာလုပ်ပေးရမလဲ "
အန်တီကော မောင်ပါပြာယာခတ်နေတော့မှ
မီးမီးလေးကအငိုတိတ်ကာ တခစ်ခစ်ရယ်သည်။"ဟာ ဒီကလေးကတော့ လူကြီးတွေကိုနောက်တယ်"
"ဟုတ်ပါ့ဟယ်"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။