##Unicode##
ယုယနိုးလာတော့ အနားတွင် အန်တီကော မီးမီးလေးပါမရှိတော့။ယုယနာရီလှမ်းကြည့်တော့ ၇ခွဲနေပြီ။
မျက်နှာသစ်ဖို့ရေကန်ဘက်ကိုလာတော့ အန်တီက သွားတိုက်တံ သွားတိုက်ဆေးပြင်ထားပေးပြီးစောင့်နေသည်။"ရော့ ဒီမှာသွားတိုက်တံ။"
"ကျေးဇူးအန်တီ။ဒါနဲ့ကမ္ဘာလေးကော။"
"စောနက ကျောင်းသူတွေနဲ့ဆော့နေတာဘဲ။"
"ဟင်အစောကြီးကျောင်းသားတွေရောက်ပြီလား။"
"နာရီကိုလဲ သေချာပြန်ကြည့်အုံး မစောတော့ဘူးအစ်မရဲ့။"
"၇ခွဲဘဲရှိပါသေးတယ်။"
"ကဲကဲစကားများမနေနဲ့ မျက်နှာသစ် ပြီးရင်သမီးလေးကိုသွားခေါ်ပေး မနက်စာပြင်ထားပေးမယ်။"
"ဟုတ်အန်တီ။"
အန်တီက ပြောကာထွက်သွားသည်။
ယုယလဲ မျက်နှာသစ်ပြီး အဝတ်စားလှဲတော့
မနေ့ကအဝတ်တွေမို့ အနံ့အသက်ကသိပ်မကောင်းချင်။
ပြီးမှဘဲအိမ်ပြန်လဲလိုက်တော့မယ်။
ယုယ အန်တီ့မှန်တင်ခုံကရေမွှေးယူကာနဲနဲဖျန်းလိုက်သည်။ ပုံမှန်စိုယုယက ရေမွှေးမသုံးဘူး။
ယုယက အနံ့တွေကိုမကြိုက်ဘူး။မွှေးတာဖြစ်စေ နံတာဖြစ်စေ လုံးဝမကြိုက်ဘူး။ဒါကြောင့်ရေမွှေးမသုံးဖြစ်ဘူး။skin care ရင်တောင် အနံ့မပါတာတွေဘဲရွေးသုံးတတ်သူ။ဒါမယ့်ခုတော့ အနဲငယ်သုံးလိုက်သည်။
အန်တီသုံးတဲ့ရေမွှေးကအပျင်းစားမဟုတ်လို့တော်တော့သည်။ယုယကစားကွင်းဘက်လျှောက်လာတော့ အန်တီ့ကျောင်းသားတွေက ယုယကိုအထူးအဆန်းကြည့် ကြသည်။ သူတို့အနေနဲ့တော့ ယုယကစိမ်းနေမှာဘဲ။
ယုယကအရင်လိုယောက်ျားပုံစံမဟုတ်ပေမယ့်။
ယောက်ျားတော့ဆန်နေသေးသည်။ ဝတ်တာစားတာက
Daddy type ပုံစံပင်။ဆံပင်ရှည်သွားတာတစ်ခုပင်။ယုယကမ္ဘာလေးကိုတွေ့တော့လှမ်းခေါ်လိုက်သည်။
"ကမ္ဘာလေးရေ။"
ယုယခေါ်လိုက်တော့ ကျောင်းသူတွေနဲ့ဆော့နေတဲ့သူမက ယုယကိုလှမ်းကြည့်လာသည်။
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။