part-12(U+Z)

1.3K 60 1
                                    

##Unicode##

သူမနဲ့ရင်းနှီးအောင်ကြိုးစားရမည်။
သူမဆီ နေ့တိုင်းသွားမည် အကြောင်းမရှိ အကြောင်းရှာလို့ပေါ့။တစ်ရက်မှာကျောင်းက အုပ်ထိန်းသူအစည်းဝေးခေါ်သည်မို့ယုယသွားခဲ့သည်။

သူမကိုမြင်တော့ ယုယနောက်ကလှမ်းခေါ်လိုက်သည်။

"အန်တီကျောင်းအုပ် "

သူမလှည့်လာပြီး ယုယကိုမြင်​တော့ မျက်မှောင်ကြုတ်သွားသည်။

"မင်း!!"

"ဟုတ်ပါတယ် ကျနော် ပါ"

"မင်းဘာလာလုပ်တာလဲ"

"အန်တီဘဲ အုပ်ထိန်းသူ အစည်းဝေးခေါ်ထားပြီး"

"မင်းက ဘယ်သူ့အုပ်ထိန်းသူလဲ"

"နှစ်တန်းမှာကျ‌နော့် မောင်ရှိတယ်"

"အော်။ "

*သူက သမီးငယ်နဲ့တူလိုက်တာ သူ့အပြုံး‌ေတွက သမီးငယ်နဲ့တစ်ထပ်တည်းဘဲ သူ့မှာ သမီးငယ်လို ပါးချိုင့်နှစ်ထပ်လဲရှိတာဘဲ။
သမီးငယ်နဲ့ မတူတာက သမီးငယ်ကမိန်းကလေးဆန်တယ် ခု သူက ယောက်ျားလေးလိုဘဲ ။ဝတ်စားထား‌တာကော နေပုံထိုင်ပုံကော။ တကယ်လို့သမီးငယ်သာရှိအုန်းမယ်စိုရင် ခုချိန် သူ့ထက်တော့ ကြီးနေလောက်ပြီလေ သမီးငယ်တော့ မဖြစ်နိုင်ပါဘူး ။

...

ယုယတစ်ယောက် ပြာယာခတ်နေပါပြီ။

ငါသူ့ဖုန်းနံပါတ်ရအောင်ဘယ်လိုလုပ်ရမလဲ
စဉ်းစားစမ်း ဖုန်းကျန်ခဲ့လို့အိမ်ကိုဖုန်းဆက်ချင်လို့ဆိုပြီးဖုန်းငှားရမလား ဒါမှမဟုတ် ဖုန်းပျောက်သွားလို့ဆိုပြီး ဖုန်းငှားရမလား
မဖြစ်သေးပါဘူးလေ အဲ့လိုစို အရမ်းသိသာသွားမှာ။ ယုယစဉ်းစားမရတော့ပေ။

အစည်းဝေးပြီးတော့ လိုအပ်ရင် ဖုန်းဆက်ရအောင်ဆိုပြီးကြွေ က ယုယဖုန်းနံပါတ်ကိုတောင်းတာနဲ့ ယုယလဲပေးလိုက်သည်။

"ဒါဆို ကျမ အကူညီလိုရင် ဖုန်းဆက်လို့ရအောင် စောနက သမီးရဲ့ဖုန်းနံပါတ်လေးပေးခဲ့နော်"

"ကျနော်လား"

"အင်းလေ"

ယုယဖုန်းနံပါတ်ပေးပြီးတော့

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now