##Unicode##
ယုယတို့ အဆောင်ပြန်ရောက်တော့ မီးမီးလေးကငိုနေသည်။သူ့အဖေကိုကြောက်လို့ထင်ပါရဲ့
ယုယ ကမ္ဘာလေးဆီပြေးကာပွေ့ချီလိုက်သည်။
"မီးမီးလေး ဘာလို့ငိုနေတာလဲ။မငိုပါနဲ့ကွာ တိတ်တော့နော်။တိတ်..တိတ်...ကျွတ်ကျွတ်..!!"
ယုယခနလောက်ချော့မြူလိုက်တော့ အငိုတိတ်သွားခဲ့ပြီ။ ယုယသူမကိုဖက်ကာနမ်းရှိုက်လိုက်သည်။
"မွ...မမရဲ့ ညီမလေး။ကမ္ဘာလေး..။"
ကြွေသူမတို့ကိုကြည့်ကာ ပီတိဖြစ်ရသည်။
အစ်ကိုဖြစ်သူကိုကြည့်လိုက်တော့ ဝမ်းနည်းရိပ်တွေသန်းနေသည်။သူနှင့်ကလေးကနေမှမနေဘဲ။"အစ်ကို..ကမ္ဘာလေးကိုလာခေါ်တာလား။"
အန်တီအမေးကြောင့် မောင်ထိုလူကိုကြည့်လိုက်တော့ ထိုလူကခေါင်းရမ်းပြသည်။
"မဟုတ်ပါဘူး။လာနှုတ်ဆက်တာ အစ်ကို ပြင်သစ် ကိုအပြီးပြောင်းသွားတော့မယ်။ကလေးကို ညီမလေးနဲ့ထားခဲ့လို့ဖြစ်လား မဖြစ်ရင်လဲခေါ်သွားလိုက်မယ်။"
"ဖြစ်တာပေါ့။ညီမလေးတို့နဲ့ဘဲထားခဲ့ပါ။"
"ကောင်းပါပြီ။သူ့အတွက်လိုအပ်တာရှိရင် အစ်ကို့ကိုဖုန်းဆက်။ "
"ဟုတ်ကဲ့ပါ။ "
"အစ်ကိုပြန်တော့မယ်။ယုယဦးကို ခွင့်ပြုပါအုံး။"
"ဟုတ်ကဲ့အန်ကယ်...ယောက်ဖ..။"
"ဟာမောင်!!။"
"ဟားဟား ရပါတယ်ညီမလေးရာ။ယောက်ဖဆိုတော့လဲယောက်ဖပေါ့။ဘယ်တော့စားရမလဲ။"
"ဒါကတော့ အစ်ကို့ညီမကိုဘဲမေးရလိမ့်မယ်။"
"ဟာမောင်နော်။"
ကြွေ မောင့်နောက်ကိုအတင်းကွယ်ေနမိသည်။
"ရှက်နေတာ။"
"ကဲကဲသင့်သင့်မြတ်မြတ်နေကြနော်။သမီးလေးကိုလဲစိတ်ချမယ်။သွားပြီ။သမီးလေးဖေဖေသွားပြီနော်။"
ထိုလူက သမီးလေးနားပင်မကပ်ရဲ ကပ်သည်နှင့် ကလေးကငိုသည်ကိုး။
ထိုလူကိုအပြင်ထိလိုက်ပို့လိုက်ကြသည်။
ထိုလူထွက်သွားတော့ မောင် မီးမီးလေးကိုပွေ့ထားရင်းပင် အန်တီလက်ကိုတွဲကာ အဆောင်ထဲြပန်ဝင်ခဲ့သည်။
ESTÁS LEYENDO
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Historia Cortaအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။