##Unicode##
ယုယ ကျောင်းရောက်တော့ အန်တီက ရုံးခန်းထဲတွင် အလုပ်ရှုပ်နေသည်။ ယုယနဲ့ကမ္ဘာလေးရောက်သည်ကိုပင်မသိချေ။ကမ္ဘာလေးကိုလက်တွဲကာ ယုယ
အန်တီနားတိတ်တိတ်လေးသွားလိုက်ပြီး။"အန်တီ!!.."
အန်တီကိုခြောက်လိုက်တော့..
"အမလေးယုယ..ငါနဲ့ရ။"
အန်တီကယောင်တာတောင် ယုယနဲ့ဘာတဲ့။
"ဟင်အန်တီ။"
"ဟာ ယုယပိုက်ထွေး။ဘာလို့နောက်တာလဲ။နှလုံးရောဂါရှိရင် နှလုံးရပ်သွားနိုင်တယ်သိလား။"
အန်တီကရင်ဘတ်လေးဖိကာ ရေတစ်ခွက်ယူသောက်ရင်းဆိုသည်။
"ဟို..ချစ်လို့ပါအန်တီကလဲ။ "
"ဟမ်။"
ကြောင်တောင်တောင်လေးကြည့်လာတဲ့ အန်တီကအသဲယားစရာအတိ။
"ထားပါ။အန်တီစောနကဘယ်လိုယောင်လိုက်တာ။"
"ငါ့ဟာငါဘယ်လိုယောင်ယောင်ပေါ့။"
အန်တီကမဟုတ်တာလုပ်သူတစ်ယောက်လို ဂနာမငြိမ်ချင်တော့။
"အန်တီ။"
"ဘာလဲ။"
"ကမ္ဘာလေးကိုလာပို့တာ။"
"ဟင် နင်ပြောတော့နင်ထိန်းမယ်စို။"
"နောက်မှထိန်းပေးတော့မယ်။
ကျနော် သွားစရာရှိသေးတယ်။""ဘယ်လဲ။"
"ဆုဆီသွားမလို့။"
"အော်ခေါ်သွားလဲြဖစ်တာကို။ဒီမှာငါအလုပ်တွေရှုပ်နေတာ။မကြည့်အားဘူး။နင်မခေါ်သွားချင်လဲ ဆရာမတစ်ယောက်ယောက်ကို ခနထိန်းခိုင်းထားလိုက်။"
"ဟာမဖြစ်ပါဘူး။သူများအားနာစရာကြီး။"
"အမယ်။"
"တော်ပါပြီဆုဆီမသွားတော့ဘူး။ဒီမှာဘဲကမ္ဘာလေးနဲ့ဆော့တော့မယ်။"
"သဘော။"
"ဒါပေမယ့်။"
"ဒါပေမယ့် ဘာလဲ။"
"ကလေးထိန်းခတော့ပေးရမယ်နော်။"
"အမလေး။မထိန်းချင်လဲမထိန်းပါနဲ့ဟယ်။"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။