part-19(U+Z)

1.2K 53 0
                                    

##Unicode##

မသွားတော့ဘူးလို့တွေးထားတဲ့နေရာတစ်ခုကို ယုယရောက်နေလေရဲ့ ။ ထိုနေရာကတော့ အန်တီရှိတဲ့ရပ်ဝန်းလေးပေါ့။

"ဟင်ငယ်!!.."ယုကိုမြင်တော့အံ့သြနေတဲ့အန်တီ့မျက်ဝန်း..သို့သော် ယုယကြောင့်မဟုတ်ဘဲ ဒေါ်လေးကြောင့်...

"အန်တီ"

"ယုယလား။"

"ကျ​နော့်ကိုထားခဲ့တော့မှာလားဟင်။ ကျ​နော့်ကိုမချစ်တော့ဘူးလား။"

"မင်းဘယ်လိုလုပ် ဒီပုံစံပြောင်းသွားတာလဲ။"

"အန်တီကဒီပုံစံကိုသဘောကျတယ်မဟုတ်လား။ ဒေါ်လေးရဲ့ပုံစံကိုအန်တီချစ်တယ်မဟုတ်လား။ အန်တီ့ဆီက အချစ်ခံရဖို့ ဒီလိုပြောင်းကြည့်တာပါ။"

"မင်းဘယ်လိုပုံစံဘဲပြောင်းပြောင်း တို့စိတ်ကတော့ပြောင်းမှာမဟုတ်ဘူး။"

"ပြောင်းနိုင်တာပေါ့အန်တီရယ်။ အစကအန်တီကျ​နော့်ကိုချစ်ခဲ့တာဘဲလေ။ ကျ​နော့်ရဲ့လက်စားချေချင်စိတ်ကိုကြောက်လို့သာ
အန်တီမချစ်ရဲတာမဟုတ်လား။"

"မဟုတ်ဘူး ။တို့မင်းကို ဘယ်တုန်းကမှမချစ်ခဲ့ဘူး။ မင်းချစ်နေလို့ တို့ကအချစ်ခံနေရုံဘဲ။ တို့မင်းကိုဆံချည်တစ်မျှင်မျှတောင်မချစ်ဘူးယုယပိုက်​ထွေး။"

"ဟင့်အင်းလိမ်တာ။အန်တီလိမ်နေတာ။ အန်တီက ကျနော့်ကိုမချစ်လို့ ဘယ်သူ့ကိုချစ်မှာလဲ။"

"တို့ရင်ထဲမှာ တစ်စုံတစ်ယောက်အတွက်ဘဲနေရာရှိတယ်။ အရင်ကလဲသူဘဲ ။အခုလဲသူဘဲ။ နောင်လဲသူဘဲ။ သူနဲ့တူလို့ မင်းကိုစိတ်ယိုင်မိခဲ့ရုံကလွဲလို့ မင်းအပေါ်တို့ ဘာခံစားချက်မှမရှိဘူး။
ပြီးတော့ သူနဲ့တူတယ်စိုတာကလဲ အဲ့လိုတူအောင်ဘဲ မင်းကတမင်လုပ်ယူခဲ့တာတွေလေ။ သူ့အပြုအမူ အပြောအဆိုတွေကို မင်းကကော်ပီယူခဲ့တာ။ဟမ်း.အဲ့တော့ မင်းကိုတို့က ဘယ်လိုစိတ်နဲ့ ထပ်ချစ်ရမလဲယုယ။"

"အန်တီအချစ်ကိုရဖို့ ဒေါ်လေးနည်းလမ်းတွေကိုသုံးခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အန်တီကို ကျ​နော်က ဒေါ်လေးထက်မပိုရင်တောင် ဒေါ်လေးအောက်မလျော့တဲ့ ချစ်ခြင်းမျိုးနဲ့ချစ်တာပါ။ဒါကိုတော့ယုံကြည်ပေးပါအန်တီ။ "

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now