part-22(U+Z)

1.4K 59 0
                                    

##Unicode##

မကြာမီ မင်္ဂလာပွဲစတင်တော့မည် သူမရောက်မလာသေး။မျှော်သာမျှော်ရတာပါ။သူမ လာလဲ ဘာမှထူးမည်မဟုတ်။

ခနကြာသော် သူမရောက်လာခဲ့သည်။
သို့သော်သူမဘေးတွင် သက်ဆိုင်သူလဲပါနေ၏။
သူမတို့ဧည့်စားပွဲတွင်ဝင်ထိုင်ပြီး ‌‌ကြွေ တို့အားကြည့်နေခဲ့ကြသည်။ ‌သူမ သည် ကြွေ့အား ဆွေးရိပ်သန်းနေသောမျက်ဝန်းများဖြင့်ကြည့်နေခဲ့သည်။ဘာတစ်ခုမှတော့စကားမဟ ခဲ့။ငြိမ်သက်လျက်ပင်။
ဘိက်သိတ်ဆရာ ဘိက်သိတ်သွန်းပြီးသည်ထိ
သူမ တိတ်ဆိတ်နေဆဲ။ မင်္ဂလာလက်ထက်လက်စွပ်အပြန်အလှန်ဝတ်ကြတော့မည်အချိန်တွင်...

ငယ့်တုန်းကလို မင်္ဂလာပွဲကိုရပ်လိုက်ပြီး ခံစားချက်တွေဖွင့်ထုတ်ပြချင်သော်လည်း
ခု ယုယ ဘေးမှာက ဆိုင်သူနဲ့။ကြွေချစ်တဲ့သူကိုရှေ့ထားပြီး ကိုယ်သဘောမကျတဲ့သူကိုလက်ထက်ရတော့မည်။ဒါကလဲ ကြွေကိုယ်တိုင်ရွေးချယ်ခဲ့သည့်လမ်းပင်မဟုတ်လား။ကြွေဆက်လျောက်ရမှာပေါ့။

ကြွေလက်စွပ်ဝတ်ပေးတော့မည့်ဆဲဆဲတွင်
သတို့သားမှထရပ်လိုက်သည်။
ထိုအချိန် ကောင်လေးတစ်ယောက်ရောက်လာခဲ့ပြီး သတို့သား လက်ကိုဆွဲကာ အတူပြေးထွက်သွားကြသည်။ကြွေ ကော အားလုံးကပါ ကြောင်အ နေခဲ့သည်။အဖြစ်အပျက်တွေကမြန်ဆန်လွန်းသည်မဟုတ်လား။အားလုံးရဲ့တီးတိုးသံတွေက ဆူညံလာခဲ့ပြီ။  ကြွေ့မိဘတွေက သတို့သားမိဘတွေကို မေးတော့ သူတို့လဲ ဘာတွေ ဖြစ်သွား မှန်းမသိခဲ့။ဒီလိုနဲ့ဘဲ ကြွေ့ မင်္ဂလာပွဲပျက်သွားခဲ့ရသည်။
သတို့သားမိဘတွေကတောင်းပန်ရှာသည်။
ကြွေက ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ မဟုတ်လျှင် ကြွေ့ဘက်ကစပြီး ဖျက်ဖြစ်လိမ့်မည်။ဒီမင်္ဂလာပွဲကို ကြွေလဲ ရပ်တန့်ပြစ်ချင်ခဲ့သည်မဟုတ်လား။

ယုယ တို့ ကြွေ့အနားကိုရောက်လာခဲ့သည်။

"အစကတော့ဂုဏ်ပြုပေးဖို့လာတာ ။ခုတော့ စိတ်မကောင်းပါဘူးလို့ဘဲပြောရတော့မယ်ထင်တယ်။"

"မလိုပါဘူး။တို့လဲဒီမင်္ဂလာပွဲကို စိတ်သိပ်ပါတာမဟုတ်ဘူး။ပျက်သွားတော့ လဲအေးတာဘဲ။"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Où les histoires vivent. Découvrez maintenant