part-20(U+Z)

1.3K 54 0
                                    

##Unicode##

တစ်လခန့်ကြာသော်...

ကြွေ တိကျတဲ့အဖြေတစ်ခုကိုရခဲ့ပြီ ။ ဒါကတော့ယုယကို ကြွေချစ်နေပြီ။ ယုယပိုက်ထွေးဆိုတဲ့ဖြစ်တည်မှုကို ကြွေလက်ခံနိုင်ပြီ။ဒါကြောင့် သူမလေးရှိတဲ့ ရှမ်းပြည်ကို ကြွေ လိုက်သွားခဲ့သည်။ သူမက ငယ့်အိမ်မက်တွေကို ဖြည့်ဆည်းဖို့ ရှမ်းပြည်မှာဇင်ဦးဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာ အလုပ်လုပ်နေသည်တဲ့။

ကြွေ သူမတို့ဆိုင်လေးကိုရောက်​ခဲ့​ြပီ။..

"ကျွန်မ ဒီဆိုင်က ယုယပိုက်ထွေး နဲ့တွေ့ချင်လို့ပါ။"

"ရှင် ဟို သူ့အခန်းထဲမှာရှိမယ်ထင်တယ်။ ဝင်သွားလိုက်နော်။"

ဆိုင်ကဝန်ထမ်းလေးလမ်းညွှန်ပြတဲ့အတိုင်း သူမအခန်းရှိရာသို့ရောက်လာခဲ့သည်။

ဒေါက်ဒေါက်!!.

ကြွေတံခါးခေါက်လိုက်​တော့

"ဘယ်သူလဲ!!.."

ပြန်ထူးတဲ့အသံက သူမ အသံမဟုတ်

"တို့က ဒေါ်ကြွေဆင်းခပါ ဝင်ခဲ့လို့ရမလား.."

"ဟုတ် ဝင်ခဲ့လေ။"

ကြွေအထဲဝင်သွားတော့ ဇင်ဦးကိုတွေ့ရသည်။

"လာလေဆရာမကြွေ ထိုင်ပါအုံး။ ရောက်လာသေးသားဘဲနော်။"

"ယုယပိုက်ထွေးကော။"

ကြွေ ခုံတစ်ခုမှာဝင်ထိုင်လိုက်ပြီးမေးတော့
ဇင်ဦးကပြန်မဖြေသေးဘဲ ကြွေအတွက် ကော်ဖီတစ်ခွက်လာချပေးသည်။ ထို့နောက် ကြွေ့ရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။

"ဒီကိုဘာအတွက်လာတာလဲ။"

"ယုယကိုလာရှာတာ။ "

"ဘာလဲထပ်ပြီး သတ်အုံးမလို့လား။ ရပ်ဝန်းငယ်လို ထပ်ပြီး သေခိုင်းအုံးမလို့လား။"

"မဟုတ် မဟုတ်ပါဘူးကွယ်။တို့က..."

"တော်စမ်းပါ။ ဒေါ်ကြွေဆင်းခရယ်။ ရှင်က ကျမဆရာမဖြစ်နေလို့တာပေါ့။ မဟုတ်ရင် ရှင့်ကို ဒီနေရာကနေ ကျမမောင်းထုတ်ပြစ်တယ်သိလား။"

"ဘာတွေဖြစ်နေကြတာလဲ ..။"

ယုယဆူညံသံကြားလို့ အိပ်ယာကထလာပြီး ဒေါ်ဒေါ်က လူတစ်ယောက်နဲ့ စကားပြောနေ​တာတွေ့လို့ မေးလိုက်တော့..။စောနက ကျောပေးထိုင်ထားတာမို့ သူမဘယ်သူမှန်းမသိပေမယ့် ရှေ့ကိုရောက်လာတော့ သူမ..သူမလား။

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now