part-2(U+Z)

2.7K 89 0
                                    

##Unicode##

"ရပ်ဝန်းငယ်"

ငယ်တစ်ယောက် အခန်းထဲဝင်မည်အလုပ် အနောက်က ဆရာမရဲ့ ခေါ်သံကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။ငယ်လှည့်ကြည့်လိုက်တော့ငယ်တို့အတန်းပိုင်ဆရာမပင်။

'ဟုတ်ကဲ့ '

"ဒီနေ့ အထက်တန်းပြဆရာမတွေ ဒီမှာစာလာစစ်လိမ့်မယ်။ မင်းသူငယ်ချင်းတွေကိုလဲ စာကြည့်ထားဖို့ ပြောလိုက်။ငါ့ကျူရှင်က လူတွေကတော့ မနေ့တည်းက လုပ်ခိုင်းထားပြီးပြီ။"

ဆရာမကလူယုတ်မာပြုံးလေးပြုံးကာနေသည်။

'အနီးကပ်မှ အသိပေးတာတော့ မလွန်ဘူးလားဆရာမ'

"ဘယ်လိုဘဲဖြစ်ဖြစ် ငါ့ကျူရှင်တော့နာမည်အပျက် မခံနိုင်ဘူးလေ။"

ဆရာမက မဲ့ကာရွဲ့ကာဆိုသည်။အမြင်ကပ်လိုက်လေခြင်း တစ်ခုခုလုပ်ပစ်ချင်မိသည်။ဆရာမဖြစ်နေလို့သာပေါ့။

'ဘာရှင့်'

"မင်းအခုငါနဲ့ ပြိုင်ပြောနေမယ့်အစား စာသွားလုပ်တာပိုကောင်းမယ်ထင်တယ်နော်"

ဒေါ်သီတာမြင့် တဲ့ အမြဲအမြင့်မှာဘဲနေချင်တဲ့ ငယ်တို့အတန်းပိုင်ကြီးပေါ့။

'ကျစ် ခွင့်ပြုပါအုံး'

ငယ်တို့ သူ့ကျူရှင်မတက်လို့ ဆရာမကငယ်တို့ကိုမကြည်ဘူး။ ငယ်တို့က အတန်းပိုင်ဆီကျူရှင်မတက်ဘဲ တခြားဆရာဆီတက်တော့ တစ်ကျောင်းလုံးကဆရာမတွေကော ကျောင်းသားတွေပါ ဆရာနဲ့ငယ်တို့ ဆယ့်နှစ်ယောက်ကို ရန်သူလို ပြိုင်ဘက်လို ဆက်ဆံနေကြတာ ။ငယ်တို့ကတော့ ဂရုမစိုက်ဘူး။
ဒါပေး ဒါကျက်ပြီးအောင်တာထက်စာရင်ကြိုးစားပြီးမှရလာတဲ့ အောင်မြင်မှုကိုပိုမက်မောသည်​ေလ။ ဆရာကအသင်အပြကောင်းတာကြောင့်ဆရာ့ကျူရှင်မှာတက်တာငယ်တို့မမှားဘူးလို့ထင်မိသည်။
ကျူရှင်ကွဲသည့် ကိစ္စနဲ့ပတ်သတ်ပြီးကျောင်းမှာ နှစ်ဖက်ကွဲပြီး အပြိုင်အဆိုင်တွေဖြစ်နေကြသည်။ငယ်တို့ကပြိုင်တာမဟုတ်ပေမယ့် ငယ်တို့လုပ်နိုင်ကြောင်းတော့ပြချင်ခဲ့သည်။
ဒါကြောင့်နေ့ည မနား ကြိုးစားခဲ့ကြသည်။
သူများတွေထက်နောက်ကျမှအိပ်ပြီး ေစာစောထရသည်။ သူများတွေ နားချိန်တွေလဲမနားခဲ့ရပါ။ ဟိုဘက်ကျူရှင်က စာမေးပွဲ‌ဖြေတိုင်းမေးခွန်းရ၏။ငယ်တို့ကတော့ဘာမှမသိရ။ဆရာပြောဖူးသည့်စကားရှိသည် ကိုယ့်ဘက်ကသာperfectဖြစ်နေရင် သူတို့ဘယ်လောက်ဘဲမေးခွန်းသိနင့်ပါစေ ကိုယ်တွေမရှုံးနိုင်ဘူးတဲ့ ကိုယ်သာနံပါတ်တစ်ဖြစ်နေရင် ဘယ်သူနဲ့မှပြိုင်စရာမလိုဘူးတဲ့ ဒါပေမယ့်အဲ့လို‌ဖြစ်ဖို့ဆိုတာ ပြောသလောက်မလွယ်ဘူးလေ။ကိုယ့်အ‌ဖြေတွေမှန်နေခဲ့ရင်တောင်စာစစ်တဲ့သူအပေါ်လဲမူတည်နေသည် မဟုတ်လား။

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Där berättelser lever. Upptäck nu