##Unicode##
ဆရာမက စာသင်ချိန်ဘဲငယ့်အနားရှိနေပေးနိုင်ပြီး ငယ့်ကိုရှောင်လာသည်။တခြားသူတွေလိုဘဲ ငယ့်ကိုဆက်ဆံလာသည်။တခြားသူတွေထက်ကိုပိုသူစိမ်း ဆန်လာပါသည်လေ။
ငယ်တစ်ယောက် ဆရာမစာသင်နေချိန် စာကို အာရုံမရချေ။ သူမ အနားရှိနေတုန်းလေး သူမကိုအပြည့်အဝငေးချင်သည်။ သူ့မျက်နှာလေးကနေအကြည့်မလွှဲချင်ခဲ့။စာသင်ချိန် 45မိနစ်လေးဘဲ သူ့ကိုကြည့်ခွင့်ရမည် မဟုတ်လား။
ငယ်အဲ့လိုကြည့်နေတော့ ဆရာမက သတိထားမိလို့ထင်ရဲ့ ငယ့်အနားလျှောက်လာသည်နဲ့ ငယ်အပြင်ကိုအကြည့်လွှဲလိုက်ရသည်။ဆရာမက ငယ့်ဘေးနားရပ်ကာ သူမလက်ဖျားနဲ့ ငယ့်နဖူးကို ထိပြီးနောက်ကိုအသာတွန်းသည်။
"စာမကြည့်ဘဲဘယ်တွေငေးနေတာလဲ ။ ဟင် မှန်းစမ်း"
ကြွေ လက်ဖျားတွေကငယ့်နဖူးကနေ ပါး
ပါးကနေ လည်ပင်းထိလိုက်စမ်းနေသည်။"ကိုယ်တွေပူခြစ်နေတာဘဲ နေမကောင်းဘူးလား"
'အင်း'
သူမကြောင့်ဘဲလေ ငယ်နေမကောင်းတာ
အရင်လိုမှဂရုမစိုက်ပေးဘဲ ပြစ်ထားတာကို ငယ်နေမကောင်းဖြစ်ပြီပေါ့ ဟွန့် နေမကောင်းပေမယ့် ငယ်ကျောင်းမပျက်ချင်တာကြောင့်ပေပြီးလာခဲ့တာ"ဆေးသောက်ထားလား"
'ဟင့်အင်း'
"နေမကောင်းတာကိုဘာလို့ဆေးမသောက်ထားတာလဲ ခန ဆရာမ ဆေးသွားယူပေးမယ်"
'ရတယ်မလိုဘူး'
ငယ့်အပြောကိုဂရုမစိုက်ဘဲသူမထွက်သွားခဲ့သည် ။ခနကြာတော့သူမရောက်လာသည်။ငယ့်ဘေးနားဝင်ထိုင်လိုက်ပြီး ဆေးနဲ့ရေပြင်ပေးသည်။
"ရော့သမီးငယ်ဒီဆေးလေးသောက်လိုက်။ အော်ဒါနဲ့ ဘာစားထားလဲ"
'ဟင့်အင်း ဘာမှမစားဘူး'
"ဘာ!!! ကျစ် နေမကောင်းတာကို ဘာလို့ ဘာမှမစားတာလဲ ဘာလို့ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရတာလဲဟမ်"
သူမရဲ့ဂရုစိုက်မှုတွေကိုလိုချင်တာ သူမ မသိတာလား
"သမီး သိမ့်သိမ့် ရုံးခန်းထဲက ဆရာမထမင်းချိုင့်လေးသွားယူပေးပါအုံး"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။