part-16(U+Z)

1.2K 50 0
                                    

##Unicode##

ယုယ အိမ်ကိုပြန်ရောက်တော့ ကြွေ ကယုယအိမ်မှာရောက်နေလေရဲ့။

"ဟင်အန်တီဘယ်လိုရောက်။"

"ဒါတကယ်လား ။ ဒါတကယ်ဘဲလားလို့။"

"ဘာကိုလဲအန်တီ။"

"မင်းက မင်းအဒေါ်အတွက်ငါ့ကိုကလဲ့စားချေချင်တာပေါ့။"

"ဟင်အန်တီဘယ်လို။"

"ငါကတော့ မင်းအချစ်တွေကိုယုံလိုက်ရတာ။.အချစ်ခံနေရတယ်ဆိုပြ​ီးပျော်နေလိုက်ရတာ မင်းကတော့ ငါ့ကိုအတုအယောင်တွေနဲ့လှည့်စားသတဲ့လား။"

"မဟုတ်ဘူးအန်တီ ကျနော့်အချစ်ကအတုယောင်လုံးဝမဟုတ်ဘူး။ကျနော်အန်တီကိုတကယ်ချစ်တာပါ။"

"တော်ပါတော့ ယုယပိုက်ထွေးရယ် တော်ပါတော့!!
တို့ကိုဘယ်ချိန်ထိ ညာနေအုံးမှာလဲဟင် မင်းဖေဖေပြောလို့တို့အားလုံးသိပြီးပါပြီ။ မင်းကတို့ကိုလက်တုံ့ပြန်ချင်လို့ချစ်နေတာ​​။ချစ်ဟန်ဆောင်နေတာ ။အားလုံးမလွန်ခင် တို့နောက်ဆုတ်လို့ရအောင် မင်းဖေဖေ ပြောပေးတာ ကျေးဇူးတင်ရမယ်။မဟုတ်ရင်ဒီက ငတုံး ငအမ ကြီးကလေ မင်းလိမ်ညာသမျှကို အဟုတ်ကြီးထင်နေမိတာ။"

"မဟုတ်ပါဘူးအန်တီရယ် ကျနော်ရှင်းပြပါ့မယ်"

ယုယ ကြွေ့လက်ကိုဆွဲကိုင်​လိုက်သည်။

"မင်းငါ့အသားကိုမထိစမ်းနဲ့!!"

ကြွေ ယုယရဲ့လက်ကိုပုတ်ထုတ်လိုက်၍သွားမည်လုပ်သည်။

"ကျနော်ပြောတာကိုခနလေးဘဲနားထောင်ပါအုံး
တကယ်တော့ ကျနော်အန်တီကိုအရင်က ကလဲ့စားချေချင်ခဲ့တာမှန်ပါတယ်။ ဒါကလဲ ကျနော် အဖြစ်မှန်တွေကိုမသိခဲ့လို့ပါ။
ခုကျနော်အဖြစ်မှန်တွေအားလုံးသိရပြီ ။ အန်တီကို ကျနော်အမြင်မှားခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်။
အန်တီအပေါ်ထားတဲ့ကျ​နော်ရဲ့အချစ်တွေက စစ်မှန်တယ်စို​တာကိုတော့အန်တီယုံပေးပါ။"

"မင်းသာတို့အပေါ်အချစ်စစ်မှန်ရင် အစတည်းက မင်းအဒေါ်အတွက်တို့ကိုလက်စားချေဖို့တွေးခဲ့မှာမဟုတ်ဘူး တို့ရဲ့ကောင်းခြင်းဆိုးခြင်း တွေကိုနားလည်လက်ခံပေးနိုင်ခဲ့မှာ။မင်းအချစ်တွေမစစ်မှန်လို့ တို့ကိုခွင့်မလွှတ်နိုင်ခဲ့တာ။"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now