မုန်းရတဲ့ ခဗျားရယ် -1(U+Z)

1.6K 55 5
                                    

##Unicode##

ကြွေနဲ့ယုယတို့သမီး လွမ်းကမ်ဘာမောင်ရဲ့ ဇာတ်လမ်းလေးပါနော်။ခုနှစ်ကိုတော့အတိအကျမမှတ်တော့ဘူး ။အဆင်ပြေသလိုဘဲမှတ်လိုက်ကြတော့နော်။ခုနှစ်မှတ်ရင် 2030ကျော်သွားလောက်မယ်။

လွမ်းကမ္ဘာမောင် လိုင်းသုံးနေစဥ် Gp တွင် တခြားသူများမှ ကောင်မလေးကိုယ်စီနဲ့roနေသောအခါ အားကျရပြီး ကောင်မလေးအသည်းအသန်ရှာဖွေနေပါပြီ။အကောင့်ထဲက မီးစိမ်းပြထားတဲ့သူမှန်အမျှ အကုန်ပတ်ကြူးရင်း အမှတ်မထင် ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမကPfမှာ cute type ပုံစံ​လေးမို့ ကြူးဖို့ စာပို့လိုက်သည်။

"hi.."

"hi par"

တစ်ဖက်ကချက်ချင်းစာပြန်တာမို့..

"ဘယ်က"

"Mogokကပါ"

ဟိုက်!!မိုးကုတ်သူလား ကိုယ့်မြို့သူအချင်းချင်းဆိုတော့မကြူးရဲပေ။သူမaccထဲဝင်မွေကြည့်မိသည်။
သူမပုံတွေတင်ထားသည်မှာ အားလုံးကcuteလို့နေသည်။သူမက မောင့်ထက်ငယ်လိမ့်မည်။rsမချိတ်ထားတာကြောင့် စိတ်အေးသွားခဲ့ရသည်။

"ခင်မယ်နော်"

"အ​ွန်း"

မောင်က အင်း၊အွန်း၊အမ်း ပြောတာသဘောမကျပေ။
ဖားသံတွေမို့။သို့သော်လည်း သူမကအဲ့လိုဘဲပြောတတ်သည်မို့ မောင့်ကိုတောင် အဲ့လိုဘဲ ပြောဖို့ပြောသေးသည်။

"နာမည်က"

"acc nameဘဲ"

သူမနာမည်က မဒီနန်းနွယ်တဲ့။

"ဟုတ်ကဲ့ နန်းလို့ ​ခေါ် လို့ရလား"

"အွန်းရတယ်။နင့်ကိုကောဘယ်လိုခေါ်ရမလဲ"

"လွမ်းကမ္ဘာမောင်ပါ။တခြားသူတွေကတော့ မောင်လို့ခေါ်ကြတယ်။နန်းလဲ အဲ့လိုဘဲခေါ်ပေါ့။"

"အင်းပါ။"

"နန်းအသက်ဘယ်လောက်လဲ"

"18"

"အော် တူတူဘဲပေါ့။"

"အွန်း နင်လဲ18လား"

"ဟုတ်တယ်။"

သူမကvdတစ်ခုshareလာသည်။သို့သော်မောင် ဝင်ကြည့်လို့မရဖြစ်နေတာနဲ့ ပြန်မေးရသည်။သူမကssရိုက်ပြသည်။သူငယ်ချင်းတွေ အရမ်းခင်ကြတာဖြစ်လိမ့်မည်။

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now