##Unicode##
ယုယစာရင်းတွေလုပ်ပြီးတော့
"ပြီးပြီအန်တီ။ပေးတော့။"
"ဟဲ့ဘာတုန်း။"
ယုယစာအုပ်တွေချကာ အန်တီကိုယ်ကို သိမ်းကြုံးဖက်လိုက်သည်မို့ ကြွေ လန့်ဖြန့်သွားရသည်။
"အန်တီဘဲကူလုပ်ပေးရင် အာဘွားပေးမယ်စို။"
"ပြောမိလို့လား။"
"ဟာအန်တီနော်။လူကြီးဖြစ်ပြီး ကတိမတည်ဘူး။"
"ဟောရှင်။"
"ရတယ်လေအန်တီမပေးလဲ ဒီစာရင်းတွေအကုန်ဖြဲစုတ်ပလိုက်မယ်။"
ယုယ ကြွေ့ကိုဖက်ထားရာမှလွှတ်လိုက်ပြီး
စားပွဲပေါ်ကစာအုပ်ကိုဆွဲယူလိုက်သည်။
ကြွေ ယုယကိုဆွဲကာ အတင်းတားနေသည်။"ဟဲ့ဟဲ့မလုပ်နဲ့လေ။"
"လုပ်မှာဘဲ။"
ယုယပြောပြီး စာအုပ်တွေကိုစုတ်ဖြဲမလိုလုပ်တော့ အန်တီကအတင်းပြန် ဆွဲလုသည်။
"ယုယ မလုပ်နဲ့လေ လွှတ်။ ဘာလို့ကလေးဆန်နေရတာလဲ။"
"မသိဘူး။ကျနော်က လုပ်ပေးထားရပြီး အန်တီက ကတိမှမတည်တာ။"
"ကျစ်! ယုယ။လွှတ်လို့ ဒါနဲ့ပြဲကုန်တော့မယ်။"
"ပြဲအောင်ဖြဲမှတော့ ပြဲပါစေပေါ့။"
"နင်လွှတ်မလားမလွှတ်ဘူးလား။"
ယုယစာအုပ်ကိုလွှတ်ချလိုက်သည်။ထို့နောက် အန်တီကိုဆွဲဖက်ထားလိုက်သည်။ရုန်းလေ တင်းအောင်ဖက်လေဘဲ။
"ဘာလုပ်တာလဲလွှတ်။"
"အန်တီစာအုပ်ကိုလွှတ်ခိုင်းတာ
အန်တီကိုဖက်ထားတာလွှတ်လိုက်လို့မဟုတ်လား။ဒါကြောင့်အန်တီကိုပြန်ဖက်ပေးတာလေ။""ဟာဒီကလေးတော့ ငါလုပ်လိုက်ရ။"
ကြွေ သူမအောက်နှုတ်ခမ်းလေးကိုဖိကိုက်ကာ ဆိုလိုက်သည်။အနမတီဒေါသထွက်တာလေးကချစ်စရာအတိ။
"ဘာလုပ်မှာလဲ။လုပ်လေ ကျနော်ကအလုပ်ခံချင်နေတာ။"
"ယုယပိုက်ထွေး!!"
ယုယစကားကြောင့် ကြွေ အော်လိုက်မိသည်။
ဒါလူကြီးတစ်ယောက်ကိုပြောရမယ့်စကားလားဒီကလေးမတော့လေ။
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။