part-6(U+Z)

1.7K 59 1
                                    

##Unicode##

ကြွေ အတန်းပြီးတော့ သူမကိုလာကြည့်သည် အိပ်နေလိုက်တာများ ချစ်ဖို့ကောင်းလိုက်တာ။အပြစ်ကင်းစင်လိုက်ပုံများ ။ကြွေ သူမကိုပုံခိုးရိုက်ထားလိုက်မိသည် ။

မင်းဟာလေ တို့စိတ်တွေကိုဖမ်းစားနေသလားကွယ်။မင်းကြောင့်နဲ့ တို့ဟာ တစ်စုံတစ်ယောက်အပေါ်အပြစ်တွေကျူးလွန်မိနေသလား။စဉ်းစားရခက်လိုက်တာ တို့စိတ်တွေဘယ်လိုများဖြစ်နေသလဲကွယ်။

အတော်လေးကြာတော့ သူမကိုနိုးလိုက်သည်။ကျောင်းလဲဆင်းပြီလေ။

"သမီးငယ်ထတော့လေ  ကျောင်းဆင်းပြီ"

ကြွေလှုပ်နိုးတော့ လူးလွန့်လာတဲ့သူမလေးကအသဲယားစရာပင်။သူမမျက်လုံးကိုပြူးပြဲဖွင့်နေသည်။

'အင်းဟင်း ဆရာမ ရောက်နေပြီလား
ကျောင်းဆင်းပြီလား '

"အင်းဟုတ်တယ် ဒီမှာ သမီးငယ်အတွက် ဆရာမ ဒီနေ့သင်တဲ့ စာတွေကူးထားပေးတယ်။"

သူမလက်ထဲစာအုပ်တွေထည့်ပေးလိုက်သည်။

'ကျေးဇူးပါဆရာမ'

"သက်သာလား ငယ်"

'ရှင် '

"ဖျားတာသက်သာပြီလားလို့"

"ဟုတ် သက်သာပါတယ်။
ဆရာမ.."

"ရှင်.."

'ခနက ငယ့်ကိုဘယ်လိုခေါ်လိုက်တာလဲ'

"ငယ်လို့ခေါ်လိုက်တာလေ ဘာလို့လဲ။
ရှင်လဲ ကိုယ့်ကိုယ်ကိုယ်ငယ်လို့ဘဲ
သုံးနေကျမဟုတ်လား ။"

'ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့် ဆရာမခေါ်လိုက်တော့ တစ်မျိုးဘဲ ဟီး'

"ဘာလဲငယ်က မကြိုက်လို့လား"

'မဟုတ်ပါဘူး ကြိုက်ပါတယ်'

"ဒါစို ရင်ခုန်သွားတာလား"

'အာမဟုတ်ပါဘူး ဆရာမကလဲ'

"တို့ကစတာပါ ကဲပြန်ကြမယ်လေ ထ"

'ဆရာမကိုယ့်ကိုယ်ကိုယ် တို့ လို့ သုံးလိုက်တာကလဲ  ဆရာမနဲ့အရမ်းကိုလိုက်ဖက်တယ်။ သဘောကျတယ်။'

"ဟင်"

'ဆရာမအဲ့လိုသုံးနှုန်းတာကို ငယ်သဘောကျတယ်လို့'

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now