part-8(U+Z)

1.4K 56 0
                                    

##Unicode##

ဒီလိုနဲ့ ညတိုင်း ဆရာမနဲ့စာလုပ်ပြီးတိုင်း စကားတွေပြောဖြစ်ခဲ့ကြသည်။ ဆရာမနဲ့ဆက်ဆံရေးတွေအတော်လေးကောင်းခဲ့သည်။
တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာခဲ့သည်။ဒါပေမယ့် အကုန်တော့မဟုတ်ဘူးပေါ့။တရက်မှာ ငယ် Fb ပြန်သုံးမိသည် ငယ်သတင်းတချို့ကြားမိတာကြောင့်ပေါ့ ။

ဆရာမကိုကတိပေးထားပြီး မတည်နိုင်တာတော့ခွင့်လွှတ်ပါ မဖြစ်မနေမို့သုံးရတာပါ ဒီတစ်ခါပါဘဲ။

ငယ်ဆရာမအကောင့်ထဲဝင်ကြည့်တော့ အမှန်ဘဲ ယောက်ျား တစ်ယောက်ရဲ့ Tapတွဲတင်ထားတဲ့ ပိုစ့်တစ်ခု ။သူ့အကောင့်ထဲဝင်ကြည့်တော့ အရင်ဆုံးတက်လာတာက လေးနှစ်ပြည့် တဲ့လေ ငယ့်ရင်တွေကွဲရပါပြီဆရာမရယ်။ငယ်ချက်ချင်းဘဲ ဆရာမလဲလိုင်းပေါ်ရှိနေတာနဲ့ စာပို့လိုက်သည်။

'ဆရာမ'

"သမီးငယ်လား"

'ဟုတ်တယ်'

"ဘယ်လိုဖြစ်ပြီး"

'အဲ့ဒါထားပါ ဆရာမကလျိုတယ်နော် ကောင်လေးရှိတာငယ့်ကိုမပြောဘူး လေးနှစ်တောင်ပြည့်ပြီတဲ့'

"ဘာလို့ လိုက်စပ်စုရတာလဲ အဲ့လိုမျိုးတွေ မကြိုက်ဘူးသိလား"

'စပ်စုတာမဟုတ်ဘူးလေ တင်ထားတာတွေ့တာကို '

"တင်တာတွေ့တယ်စိုတာရှင်ခုလို လိုင်းပြန်သုံးလို့ လေကတိပေးထားပြီး  လိုင်းပြန်သုံးတာက ဒီလိုစပ်စုဖို့ဘဲမဟုတ်လား"

'စိတ်မဆိုးပါနဲ့ဆရာမရယ် နောက်ခါ စပ်မစုတော့ပါဘူး ဆရာမအကြောင်းနဲ့ပတ်သတ်ပြီး ဘာမှလဲ စိတ်မဝင်စားတော့ပါဘူး တကယ်လို့ သိထားတာတွေရှိရင်လဲ မသိချင်ဟန်ဆောင်နေပါ့မယ် ဆရာမကို လာမမေးတော့ပါဘူး
စိတ်မဆိုးပါနဲ့ နောက်တစ်ခါမစပ်စုတော့ဘူးစိတ်ချ'

"ခုစိတ်ဆိုးနေတာက ရှင်လား ကျမ လား"

'ဆရာမလေ'

"သေချာအောင်ကိုယ့်ကိုယ်ကိုယ်ပြန်မေး
ဘယ်သူကစိတ်ဆိုးနေတာလဲလို့ "

'ငယ်ကဘာလို့စိတ်ဆိုးရမလဲ'

"စိတ်ဆိုးလို့ မစပ်စုတော့ဘူးတွေဘာဘူးတွေပြောတာပေါ့"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now