part-4(U+Z)

1.8K 68 0
                                    

##Unicode##

အဲ့တစ်ကြိမ်ပြီးတော့ ဆရာမကြေွက ထပ်မလာတော့။ ငယ်လဲစာတွေလုံးပန်းနေရတာနဲ့ ဆရာမဆီလဲမရောက်ဖြစ်။ဆရာမသတင်းတော့အမြဲကြားနေရပါသည် ။နာမည်နဲ့လိုက်အောင် ကြွေဆင်းရလောက်တဲ့ အဆင်းရှိသည့်ဆရာမကို ပုရိသတွေ ဘယ်လိုပိုးပန်းနေကြသည်ဆိုတာကိုပေါ့။

အဲ့မှာအများဆုံးကြားရတဲ့ဆရာမရဲ့သ‌တင်းကတော့ ရုပ်ချောသလောက်မာနကြီးသည်ဆိုဘဲ ငယ်ရယ်ချင်လိုက်တာ မာနကြီးသည်ဆိုတဲ့အမျိုးသမီးက ငယ့်ကို တော့ စနောက်တတ်သည်မဟုတ်လား။တစ်ခါတလေလမ်းမှာတွေ့ဖြစ်ရင်လဲ လိုက်စတတ်လို့ ငယ့်မှာရှက်သွေးဖြာရတာအခါခါ ။

အဲ့ဒီအမျိုးသမီးကလေ မာနကြီးတာမဟုတ်ဘူး မာယာများတာ ငယ့်ကို သူ့မာယာတွေအောက် ကျရှုံးစေလိုတာ။ငယ်ကတော့ သူမမာယာတွေကြား ဗေဒါလိုရေစုန်မျောရချည်ရဲ့။

ငယ်တို့ကိုးတန်းနှစ်မှာ အဲ့ဒီအမျိုးသမီးနဲ့တွေ့ရပြီပေါ့။ ဒီနှစ်လဲ ငယ်တို့အတန်းမှာ ဘိုင်အိုရယ် ဝိဇ္ဇာရယ်ဆိုပြီးနှစ်ဖက်ကွဲပြန်ရော။ငယ်တို့ ခြောက်ယောက်ဘဲ ဘိုင်အို ကျန်တာတွေက ဝိဇ္ဇာယူကြသည် ။အကြောင်းကတော့ ရှုပ်ထွေးပါသည်။ မနှစ်က ‌ကျောင်းသားတွေက ဝိဇ္ဇာတွေဘဲယူကြတာမို့ အောင်ချက်ကောင်းခဲ့သည် ။ဒါကြောင့်ကျောင်းအုပ်က ဒီနှစ်လဲအကုန်လုံးကို ဝိဇ္ဇာဘဲယူစေလိုတာ ။ဝိဇ္ဇာနဲ့ဘာများလုပ်လို့ရမလဲနော်။ဆရာမကြီးတွေ ဆရာမတွေနဲ့အတိုက်ခံလုပ်ပြီး ငယ်တို့ခြောက်ယောက်ကတော့ ဘိုင်အိုကို မရရအောင်ယူခဲ့သည်။စိန်ခေါ်မှုက ပြင်းလိုက်တာ သူတို့ထုတ်တဲ့မေးခွန်းမှာ 100အပြည့်ရမှ ယူခွင့်ပြုမည်တဲ့​ေလ​။
အဲ့ဒီမှာ ဆရာရဲသွေးခန့်နဲ့ ဆရာမကြွေဆင်းခတို့က ငယ်တို့ဘက်ကနေ အတိုက်ခံလုပ်ပေးခဲ့သည် ။ ငယ်တို့ကိုသူတို့တာဝန်ယူပြသပေးမှာမို့ ဘိုင်အိုယူခွင့်ပြုဖို့တောင်းဆိုတော့ ကျောင်းအုပ်ကလဲကိုယ့်ဇာတ်ကိုယ်နိုင်အောင်ကဆိုပြီး လက်ခံပေးလိုက်သည် ။
ဒါပေမယ့် ငယ်တို့ အမှတ်ကောင်းနဲ့အောင်ရမည်တဲ့။မအောင်ခဲ့ရင်လဲ ဒီကျောင်းမှာဆက်တက်ခွင့်မရှိတော့ဘူး။ ဘဝကလေ အမြဲတမ်းစိန်ခေါ်မှုတွေနဲ့ဘဲပြည့်နက်နေတာ။

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now