##Unicode##
ကြွေ အဖြူစိမ်းလှဲပြီး သနပ်ခါးလူးနေတော့
ယုယကြွေ့အနားရောက်လာကာ
ကုတင်ပေါ်ထိုင်လိုက်သည်။"အန်တီ.."
"အင်း"
"ကမ္ဘာလေးရဲ့အဖေက ဒီကိုလိုက်မလာဘူးလား။"
"ဘာလို့လဲ။သူလဲသူ့အလုပ်နဲ့သူမအားဘူးလေ။"
"ကျနော်မြင်ဖူးချင်လို့ပါ။"
"မြင်ဖူးတော့မင်းကဘာလုပ်မှာလဲ။"
"ဒီလိုပါဘဲ။ ကျနော့်ထက်ကံကောင်းတဲ့သူကိုတွေ့ဖူးချင်ရုံပါ။"
"ဘယ်လို။"
"ဟုတ်တယ်လေ။ဒီလိုချစ်စရာကောင်းတဲ့သမီးလေးရထားတာ ဘယ်လောက်ကံကောင်းလဲ။ အန်တီလဲကံကောင်းတယ်နော်။ ခုအန်တီလိုချင်တဲ့သာယာပျော်ရွှင်တဲ့မိသားစုဘဝကို အန်တီဦးနှောက်နဲ့ရွေးချယ်မှုကြောင့်ပိုင်ဆိုင်နိုင်သွားခဲ့ပြီ။"
"မင်းဘာတွေပြောနေတာလဲ။"
ယုယပြောနေတာ ကြွေတစ်ခုမှနားမလည်ပါ။
"ခုအန်တီမှာချစ်စရာကောင်းတဲ့သမီးလေးရယ်။အန်တီအားကိုးလို့ရမယ့်ယောက်ျားရယ်ရှိနေပြီလေ။ အန်တီပျော်လို့ရပြီပေါ့။"
"ငါ့ယောက်ျား ဘယ်မှာလဲ ငါ့ယောက်ျား။"
မသိသလိုမေးခွန်းပြန်ထုတ်နေတဲ့အန်တီကို
တစ်ခုခုလုပ်ပြစ်လိုက်ချင်တယ်။
စိတ်ကိုလာဆွနေတာဘဲ။"ဘယ်သိမလဲ။အန်တီယောက်ျားဘယ်မှာလဲ အန်တီဘဲသိမှာပေါ့။အန်တီယောက်ျား ကမ္ဘာလေးရဲ့ဖေဖေ။"
"ဟယ်မိုးကြိုးတွေတော့ပစ်ကုန်တော့မှာဘဲ။"
"ဟင်ဘာလို့လဲ။"
"ကမ္ဘာလေးအဖေက ငါ့ယောက်ျားမဟုတ်ဘူးဟဲ့။ ငါ့အစ်ကို။ကမ္ဘာလေးကငါ့တူမ။ငါ့မရီး ဆုံးသွားလို့ ငါ့အစ်ကို က ကမ္ဘာလေးကိုမစောင့်ရှောက်နိုင်လို့
ငါကခေါ်မွေးစားထားတာ။နင်လဲတကယ်ပါဘဲ။""ဟမ်။ဒါစို။အန်တီအိမ်ထောင်မကျသေးဘူးလား။"
"ဘယ်ကသာ ကျရမှာလဲ။အပျိုကြီးရှင့်
အပျိုကြီး။"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။