part-18(U+Z)

1.2K 45 0
                                    

##Unicode##

"ဒေါ်ဒေါ်"

"ပြောလေ"

"ကျ​နော့်ကို ဒေါ်ဒေါ်နဲ့ ဒေါ်​ေလးအကြောင်းပြောပြပါလား"

"မင်းကဘာလို့သိချင်တာလဲ"

"စိတ်ဝင်စားလို့ပါ။"

"မင်းကရပ်ဝန်းငယ်ဘဲလေ မင်းမမှတ်မိဘူးလား"

"ဟာ ဒေါ်ဒေါ်ကလဲ ကျနော်ကယုယပါဆို
ဒေါ်လေးမဟုတ်ဘူး
ကျ​နော်ဘာမှမသိဘူး။"

"ဟုပါပြီ တို့ပြောပြပါ့မယ်။
မင်းကဘာသိချင်တာလဲ။"

"ဒေါ်ဒေါ် က ဒေါ်လေးကိုဘယ်ချိန်က
စသဘောကျခဲ့တာလဲ။"

"အမ်း တို့လဲသေချာမသိဘူး
ဘယ်ချိန်ကစ သဘောကျလဲတော့။
ဒါပေမယ့် တို့သူ့ကိုချစ်မိသွားတာတော့
တို့ရှစ်တန်းနှစ်မှာ..
ဒီအကြောင်းကိုအစကပြန်ပြောရမယ်ဆိုရင်
တို့တွေစတွေ့တဲ့နေ့ကိုပြောရမယ်ထင်တယ်။
တို့တွေမူကြိုတုန်းက ငယ်က တို့မူကြိုကိုအသစ်ပြောင်းလာတဲ့ကျောင်းသူလေးပေါ့။
သူကအနေအေးတယ်။ လူကြောက်တယ်။ဘယ်သူနဲ့မှမကစားဘူး။ သူများအနိုင်ကျင့်ရင်လဲငိုဘဲငိုတတ်တာ။
အဲ့တုန်းတည်းက တို့ဆီအတွေးတစ်ခုဝင်လာတာက ငယ့်ကိုတို့ကာကွယ်ပေးချင်စိတ်။သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး သူအားကိုးရတဲ့သူဖြစ်ချင်ခဲ့တာ။အဲ့လိုဖြစ်အောင်လဲတို့ ကြိုးစားခဲ့တယ်။ ခုနှစ်တန်းနှစ်ထိပေါ့။ တို့ရှစ်တန်းနှစ်မှာတော့ ပြဿနာမျိုးစုံတက်ခဲ့တယ်။ကျောင်းမှာကော အိမ်မှာကော
အဆင်မပြေမှုတွေများတော့
တို့ငယ့်အတွက်ရှိနေမပေးနိုင်ဘူး ငယ့်ကိုမကာကွယ်ပေးနိုင်ဘူး ငယ့်ကိုမစောင့်​​ေရှာက်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲ့အချိန်မှာငယ်က တို့ကိုတလှည့်ပြန် စောင့်ရှောက်ခဲ့တယ်။ တို့အတွက်ရှိနေပေးခဲ့တယ်။တို့ကိုအားပေးတယ်နှစ်သိမ့်တယ် ဒါကြောင့်တို့သူ့ကိုချစ်မိသွားတာထင်တယ်။ တို့ကလေ သူ့အတွက်စို ရန်လဲ​ြဖစ်ရဲတယ်ကျောင်းလဲလစ်ရဲတယ်။ အဲ့လိုဘဲ သူကလဲတို့အတွက်လုပ်ပေးနိုင်ခဲ့တယ်။ဒါပေမယ့် ကိုးတန်းနှစ်မှာ သူကဆရာမကြွေမှဆရာမကြွေဖြစ်သွားခဲ့တာ။ တို့ထက် ဆရာမကြွေကို ပိုအားကိုးသွားတယ်။ တို့ခံစားရပေမယ့် မြိုသိမ့်ခဲ့ရတယ်။ ဘာလို့စို သူပျော်နေခဲ့တယ်လေ ။သူပျော်ဖို့ကအဓိကဘဲမဟုတ်လား။တို့တွေကျောင်းပြီးသွားတော့ တို့ကို ဆရာမကြွေထက်ပိုအားကိုးလို့ရကြောင်းပြချင်လို့ တို့သင်တန်းတွေတက်ပြီး အလုပ်တွေလုပ်လုပ်ခဲ့တယ် ။ မထင်မှတ်ဘဲ သူမဆုံးတဲ့သတင်းကြားလိုက်ရချိန်မှာတော့ တို့အိမ်မက်တွေရိုက်ချိုးခံလိုက်ရသလို ပါဘဲ။ ဒါပေမယ့် သူနဲ့အတူမက်ခဲ့တဲ့အိမ်မက်ကိုအလွယ်တကူမဖျက်ပစ်နိုင်တာမို့ တို့တစ်ယောက်ထဲ အကောင်ထည်ဖော်ခဲ့တယ်။

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now