part-17(U+Z)

1.2K 51 0
                                    

##Unicode##

"​ကျမ ဒီဆိုင်ပိုင်ရှင် ဒေါ်ဇင်ဦးနဲ့ တွေ့ချင်လို့ပါ"

ယုယ ဆိုလိုက်တော့ သူမယုယကိုလှည့်ကြည့်လာသည်။
အံသြနေသော မျက်ဝန်းများဖြင့် သူမနှုတ်ကထွက်ပေါ်လာသောနာမ်စား ထိုနာမ်စားဟာငယ် တဲ့လား။
အန်တီဆီကလဲဒီနာမ်စားကိုကြားခဲ့ရသည်မဟုတ်လား။

"ဟင် ငယ်"

"ရှင် ဘယ်သူ့ကိုပြောတာလဲရှင့် "

"ရပ်ဝန်းငယ် နင်ဘယ်လို"

ဒေါ်လေးဟုထင်နေပုံရသည်။ထင်ရင်လဲ ထင်ချင်စရာပါလေ ယုယကလဲ ပုံစံချိန်းထားသည်ကိုး။

"ဟီး ဒေါ်လေးမဟုတ်ပါဘူးရှင့် ကျမကသူ့တူမ ယုယပိုက်ထွေးပါ.."

"ဟင် ယုယပိုက်ထွေး ။အစ်ကိုလောင်းရိပ်ဦးရဲ့သမီးပေါ့။ "

သူမကသိဟန်ပြုပြီး နောက်​တော့

"သိမ့်သိမ့်ကတော့ပြောပါတယ်။ ငယ့်တူမကငယ်တဲ့သိပ်တူတဲ့
တို့အစက မယုံခဲဘူး။ ခုမှဘဲယုံတော့တယ်။မင်းကတကယ့်ငယ်မှငယ်ဘဲ။"

"အခုမှတူသွားတာပါဒေါ်ဒေါ် ။
အရင်က ကျ​နော် ကယောက်ျားလေးလိုနေတာ ။"

"မင်းဒီကို ဘာအတွက်လာတာ။"

"ဒေါ်လေးရဲ့အိမ်မက်ကို ကျနော်လဲ အကောင်ထည်ဖော်ပေးချင်လို့ပါ။"

"ဆိုတော့က။"

"ဟုတ်ကဲ့ ကျနော် ဒီဆိုင်မှာအလုပ်လုပ်ချင်ပါတယ် ။ကျနော့်အတွက်အလုပ်တစ်ခုလောက်ရှိမလား။"

"ရှိတာပေါ့။မင်းကတို့နဲ့အတူ ဒီဆိုင်ကိုဦးစီးရမယ်လေ။"

"ဟင့်အင်းအဲ့လိုတော့မလုပ်ချင်ဘူးဒေါ်ဒေါ်။
ကျနော်က ကျောင်းတောင်မပြီးသေးတော့ ဆိုင်တစ်ဆိုင်ကိုဦးစီးဖို့အရည်အချင်းကျနော့်ဆီမှာမရှိသေးပါဘူး။ဒါကြောင့်ကျနော် အောက်ခြေကနေဘဲစလုပ်ချင်ပါတယ်။"

"မင်းသဘောပါလေ။ "

"ဟီးဟုတ်ကဲ့ကျေးဇူးပါ"

"နေတာတော့တို့နဲ့အတူနေမယ်မဟုတ်လား"

"နေခွင့်ရှိမလားဒေါ်ဒေါ်။"

"သိပ်ကိုရှိတာပေါ့​ကွယ်။"
....

"နင်က ဘယ်လိုလုပ် ရှမ်းပြည်ရောက်သွားတာလဲ"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now