##Unicode##
ခုကြွေက ပင်စင်ရသွားပြီ။
မောင်နဲ့ ကြွေလဲ လက်ထက်ပြီးပြီ ။လက်ထက်ပွဲကိုကြီးကြီးကျယ်ကျယ်မလုပ်တော့ဘဲ တရားရုံးမှာ အသိသက်သေတွေနဲ့ နှစ်ဦးသဘောတူလက်မှတ်ထိုးလိုက်သည်။ မိဘမဲ့ဂေဟာ ဘိုးဘွားရိပ်သာ စသဖြင့်လိုအပ်တဲ့နေရာလေးတွေမှာလဲအလှူပြုခဲ့သည်။ခုရှမ်းပြည်ကဇင်ဦးဖွင့်ခဲ့တဲ့ကော်ဖီဆိုင်လေးမှာ
ကြွေရယ် မောင်ရယ် သမီးလေးရယ်ပေါ့။ သမီးလေးကကျောင်းနေတဲ့အရွယ်ပင်ရောက်နေပြီ။မောင်ကလဲ သမီးလေးကို အမေလိုတစ်မျိုး အဖေလိုတစ်မျိုး ချစ်ပေးရှာသည်။"လွမ်းကမ္ဘာမောင်!! နင်ခုချက်ချင်းလက်ပိုက်ပြီး ငါနားလာခဲ့။"
ကြွေအော်ကာပြောလိုက်သည်။လက်ထဲတွင်လဲ ကြက်မွေးကိုင်ထားသည်။
"မာမီခေါ်နေတယ်လေ လွမ်း..ဘာလဲ မာမီကိုမကြောက်တာလား။အေး..နင်မလာရင်ငါလာတယ်။"
"အဟမ်း..ဒယ်ဒီရေ..ကယ်ပါ။ဒီမှာမာမီလိုက်ရိုက်နေတယ်။"
သမီးလေးကမောင့်အခန်းဆီကိုဦးတည်ပြေးသည်။သူ့ဒယ်ဒီကိုလဲအားကိုးတကြီးအော်နေသည်။
"ဟာ ဒီသားအမိတွေဘာဖြစ်ကြတာလဲ။"
သမီးလေးကမောင့်ကိုအားကိုးပြီး မောင့်နောက်ကိုပုန်းနေရှာသည်။
"မောင့်သမီးပေါ့။ လူလေးကလက်တောက်လောက်ရှိသေးတာ။ကလေးမလေးတစ်ယောက်ကို ရည်းစားစကားသွားပြောသတဲ့။"
"ဟားဟား...။"
မောင်အော်ရယ်လိုက်မိသည်။မောင့်သမီးလေးက ခုမှ ၆နှစ် ရှိသေးတာလေ။ ရည်းစားစကားပြောသတဲ့။ပြီးတော့ ကလေးမလေးကိုတဲ့။
"မောင် ဘာလို့အဲ့လောက်ရယ်နေတာလဲ။"
"မောင်မယုံနိုင်လို့ပါ။"
"လွမ်း ခုချက်ချင်းမာမီဆီလာနော်။မဟုတ်ရင် မာမီအဆိုးမဆိုနဲ့ ။"
"ဒယ်ဒီ...။"
"ကဲပါ မာမီရယ်။မောင် ဘဲ သမီးလေးကိုအပြစ်ပေးလိုက်ပါ့မယ်။"
"မောင်ကညှာနေမှာလေ။"
"မညှာဘူး။သူကအပြစ်ကြီးလုပ်ထားတာလေ။မောင်ကောင်းကောင်းဆုံးမလိုက်ပါ့မယ်။"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။