##Unicode##
ဆေးရုံရောက်တော့...
"ဆရာ..သူ့ကိုကယ်ပေးပါနော်။သူဘာမှဖြစ်လို့မရဘူးနော်။နော်..ဆရာ ကယ်ပေးပါနော်။"
"စိတ်အေးအေးထားပါအစ်မ။ကျနော်တို့ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်။"
ဆရာဝန်တွေနဲ့ သူမလေး အခန်းထဲဝင်သွားတော့
ကြွေအပြင်ကနေစောင့်နေရသည်။ကြွေ့စိတ်ထဲဗလောင်ဆူခပ်နေပါပြီ။
သမီးငယ်တုန်းကလိုသာ...မဖြစ်ဘူး ။မဟုတ်ဘူး။လုံးဝမဟုတ်ဘူး။
မောင်ဘာမှမဖြစ်ရဘူး။မောင့်ကိုအဆုံးရှုံးမခံနိုင်ဘူး။ကြွေမောင့်ကိုသိပ်ချစ်တာ မောင်သိတယ်မလား။
ကြွေ့ကိုမထားခဲ့ရဘူးနော်။ကြွေကလေ ရှိနေတာလေးမြင်ရရင်ကိုကျေနပ်နေရသူပါ။ဒါပေမယ့် ကြွေ့ဘဝထဲကနေတော့ အပြီးပိုင်ထွက်မသွားလိုက်ပါနဲ့နော်။မောင်မရှိရင် ကြွေသေလိမ့်မယ်မောင်ရဲ့။
ကြွေကိုယ့်အတွေးနဲ့ကိုယ် ဝမ်းနည်းနေမိသည်။
မဖိတ်ခေါ်ဘဲရောက်လာတဲ့မျက်ရည်တွေကိုလဲမသုတ်နိုင်။"ဆရာမကြီးစိတ်အေးအေးထားပါနော်။သူဘာမှမဖြစ်လောက်ပါဘူး။"
ကျောင်းကဆရာမလေးက ဘယ်ချိန်ကရောက်နေသည်လဲမသိ ။ကြွေ့အသိထဲ မောင်ဘဲရှိတာကိုး။
အတော်လေးကြာတော့မှဆရာဝန်တစ်ဦးထွက်လာသည်။
ကြွေမျက်ရည်တွေကိုအားနဲ့ဖိသုတ်လိုက်ပြီး။
"ဆရာ...သူ့အခြေနေဘယ်လိုလဲဟင်။သူသက်သာသွားပြီမလားဟင်။"
ကြွေ စိုးရိမ်တကြီးမေးတော့ ဆရာဝန်ကသက်ပြင်းလေးချကာ။
"အစ်မ စိတ်အေးအေးထားပါနော်။"
"ဟင် ဘာလဲ။ဘာစကားလဲ။ မပြောနဲ့နော်။မောင့်ကိုမကယ်လိုက်နိုင်ဘူးလို့တော့ မပြောနဲ့နော်"
"ကျနော်တို့လဲ အတတ်နိုင်ဆုံးကြိုးသားခဲ့ပါတယ်။ဒါပေမယ့်....."
"ဟင့်အင်းမဟုတ်ဘူး"
ကြွေ ဆရာဝန်ရဲ့စကားကိုပင်ဆုံးအောင် နားမထောင်နိုင်တော့ဘဲ အခန်းထဲပြေးဝင်သွားခဲ့သည်။
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။