part-9(U+Z)

1.5K 55 0
                                    

##Unicode##

ဆရာမဟာသိပ်ကိုရက်စက်လွန်းပါသည်။

သူ့ကိုရွဲ့ချင်လို့သာ ကိုနေယံနဲ့တွဲခဲ့တာ
အမှန်စို ငယ်အဲ့လောက်မွန်နေတဲ့သူမဟုတ်ပါ ။ ခုတော့ သူ့အမြင်မှာငယ်ဟာ အထင်ကြီးစရာမရှိတဲ့လူတဲ့။

ငယ်တို့ကျောင်းပြန်ဖွင့်တော့ သူမ ကျောင်းပြောင်းသွားခဲ့သည်။အရင်နှစ်တည်းက ပြောင်းစာတင်ထားတာတဲ့ ပုံမှန်စိုနောက်နှစ်မှပြောင်းရမှာစိုပေမယ့် ဆရာမကစောပြောင်းသွားသည်။ဆရာမကတိမတည်ပါ ငယ်ကျောင်းပြီးတဲ့ ထိငယ့်အနားရှိ​ေနပေးမယ်ဆိုပြီးခုတော့ ...
ဒါဟာငယ့်ကြောင့်ဘဲမဟုတ်လား ငယ့်အပြစ်ဘဲမဟုတ်လား။

ငယ်ဘာကိုမှမတွေးနိုင်ဘဲ စာကိုဘဲအာရုံထားခဲ့သည်။ကိုနေယံကိုလဲဖျက်လိုက်သည်။ဆယ်တန်းနောက်ဆုံးစားမေးပွဲထိ သူမ ဆက်သွယ်မလာခဲ့ဘူး ။ငယ်လဲမဆက်သွယ်ဖြစ်ခဲ့ဘူး။ဆယ်တန်းပြီးတော့မှ သူမ ငယ့်ဆီရောက်လာခဲ့သည်။

"သမီးရပ်ဝန်းငယ်"

'ဟင် ဆရာမ‌ ငယ့်ဆီလာတာလား'

ကြွေ့ကိုတွေ့တော့ လင်းလက်သွားတဲ့သူမမျက်ဝန်းလေး

"အင်းဟုတ်တယ် ရော့ဒီမှာ"

'ဘာဖိတ်စာလဲဆရာမ လာပါအိမ်ထဲဝင်ပါအုံး။'

" ရပါပြီ။ နောက်တစ်ပတ်ထဲ ဆရာမတို့မင်္ဂလာဆောင်
ရှိတယ် ။လာဖြစ်အောင်လာခဲ့နော်။"

စောနကမျက်ဝန်းတွေက ခုတော့မျက်ရည်စတွေ ကြွေမသိချင်ဘဲ ယောင်ဆောင်လိုက်မိသည်။

'အော် ဟုတ်။လာခဲ့ပါ့မယ်။'

"နောက်ပြီး သမီးအဆင်ပြေမယ်ဆိုရင် ဆရာမရဲ့သတို့သမီးအရံလုပ်ပေးစေချင်တယ်"

တောင်းပန်ပါတယ်သမီးငယ် နာကျင်စေမှာသိပေမယ့် ဝန်ခံလာဖို့ တော့ ပြောရလိမ့်မယ်။

'ရှင်'

ဆရာမ ထပ်နှိပ်စက်ပြန်ပြီ
ငယ့်ကိုအသေသာသတ်သွားပါတော့လားဆရာမရယ်။

"လုပ်ပေးနိုင်မလားသမီးငယ်"

'ဟုတ်။ ဟုတ်လုပ်ပေးရမှာပေါ့ '

"ကျေးဇူးပါသမီးငယ် ဒါဆို မင်္ဂလာပွဲမတိုင်ခင် ဆရာမလာခေါ်မယ် ။"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now