##Unicode##
ခုလက်ရှိ..
"အန်တီ.."
"ဟင်.."
"ခေါ်နေတာကြာပြီ ဘယ်တွေစိတ်ရောက်သွားရပြန်တာတုန်း။"
"ဘယ်မှမရောက်ပါဘူး။"
"ဟင်း။ကျနော် အဝတ်သွားလှဲလိုက်အုံးမယ်။"
"အော်အေး။"
ယုယလဲပြောကာ ေနာက်ဖေးဘက်ထွက်လာခဲ့သည်။
စာသင်ကျောင်းဆိုတော့ရေချိုးခန်းက ရေကန်ကိုအမိုးနဲ့အကာနဲ့ အလုံ ကာထားသည့်အခန်းဘဲရှိသည်။
ရေပူရေအေးတို့ ရေပန်းတို့တော့မရှိ။ယုယအင်ကျီဝတ်ပြီးပြန်လာတော့ အန်တီက မီးမီးလေးကိုသိပ်ပြီးနေပြီ။ယုယကိုမြင်တော့အန်တီက။
"ဟားဟား..."
ဟက်ဟက်ပက်ပက်ကိုေအာ်ရယ်သည်။
ရယ်လဲရယ်ချင်စရာဘဲ။ အင်ကျီက သေးနေတော့ယုကအဖို့ မု့န့်ဖက်ထုပ်လိုပင်။လက်ကလဲတို ခြေထောက်ကလဲတို။မထော်မနန်းဖြစ်နေတာကိုး။
"ဟာအန်တီ ဘာလို့အဲ့လောက်ရယ်နေရတာလဲ။"
"မင်းပုံကိုလဲြပန်ကြည့်အုံးလေကွာ။"
"အန်တီဘဲ ဒါဝတ်ခိုင်းတာဘဲ။"
"ငါ့အထင်မင်းနဲ့တော်မယ်ထင်တာကိုး။
အရင်ကစိုကြီးတောင်ကြီးနေသေးတာ။""ဟင်။ကျနော်အရင်ကမဝတ်ဖူးပါဘူး။"
"အော်ဆောတိ။မင်းကိုပြောတာမဟုတ်ဘူး။မင်းအဒေါ်ဝတ်တုန်းက ဒါကကြီးနေတာ မင်းကျဘယ်လိုသေးသွားလဲမသိဘူး။"
အန်တီ့အပြောကြောင့်ယုယလဲ..
"ကျနော်ကဒေါ်လေးလို လူစင်မမှီတဲ့သူမှမဟုတ်တာ။"
စပ်ဖြီးဖြီးလေးလုပ်ကာဆိုလိုက်တော့။
"အမယ် သူများ ငယ်ကိုနော်။"
အန်တီကမျက်စောင်းလေးခဲကာဆိုလာသည်။
"အန်တီ့ငယ်။"
"အေးလေ။သမီးငယ်က ငါ့တပည့် ငါ့တပည့်ကိုအဲ့လိုမပြောနဲ့မကြိုက်ဘူး။"
"ကျနော်ကျကော။"
ယုယကိုယ့်ကိုယ်ကိုယ် လက်ညိုးလေးထိုးကာမေးလိုက်မိသည်။
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။