##Unicode##
ယုယတို့စောစောစီးစီးကျောင်းရောက်နေပါပြီ။
"အန်တီ.."
"အင်း။"
"အန်တီ လို့။"
"ဘာလဲဟာ။"
"ကျနော့်ကိုဘာလို့ အဖက် မလုပ်တာလဲ။"
ကြေ ွမအားတာလဲမြင်နေတာဘဲ။ဒါကိုလာရစ်နေတာကြောင့်..။
"မလုပ်ချင်လို့မလုပ်တာ။"
"ဘာ!! ဒီအန်တီ ဖက်နမ်းခံချင်ပြီထင်တယ်။"
ယုယ ဖက်နမ်း တော့မည်လုပ်တော့ ေကြွအတင်းတားလိုက်ရသည်။ လူမြင်ကွင်းမို့ မသင့်တော်ဘူးမဟုတ်လား။
"ယုယပိုက်ထွေး!!..။"
"ဟာအန်တီကလဲ အမည်နာမဆိုတာ သူစိမ်းတွေဘဲခေါ်ကြတာဗျ။ ရင်းနှီးတဲ့မိတ်ဆွေတွေကနာမ်စားကိုယ်စီပေးကြတယ်။ အန်တီကော ကျနော့်ကို နာမ်စားတစ်ခု
လောက် မပေးချင်ဘူးလား။""ဘယ်လိုနာမ်စားမျိုးကိုသဘောကျလဲ။"
"အန်တီနဲ့ပတ်သတ်ရင် အရာအားလုံးကိုသဘောကျပါတယ်။"
"မင်းကတော့လေ။"
"တကယ်ပါအန်တီရယ် အန်တီနဲ့ပတ်သတ်ရင် အရာအားလုံးကိုသဘောကျနေမိတာ အံ့သြစရာပါဗျာ..။"
"ဟုတ်ပါပြီထွေးငယ်ရယ်။"
"ဗျာ ထွေးငယ်ဟုတ်လား။"
"ဘာလဲသဘောမကျလို့လား သမီးငယ်။"
"ဗျာ..။ "
"ေဟာ.. တစ်ဗျာ ဗျာ နဲ့ ဘာဖြစ်နေတာလဲကလေးရယ်။"
"ဟာ.. ဒီအန်တီတော့ လူကို အသဲယားအောင်လုပ်နေပြန်ပါပြီ။ ဆွဲနမ်းပြစ်ချင်စရာ။"
"နမ်းလေ ။"
ေကြွတစ်ယောက် စသလိုနဲ့ ယုယအနား ပါးလေးကပ်ပေးလိုက်တော့..။
"ရွှတ်စ်.!!.."
ယုယလဲ ရလာတဲ့အခွင့်အရေးကိုအမိအရယူလိုက်သည်။
"အို..မင်း..။"
ေကြွ ရှက်သွေးဖြာကာပါးလေးတွေနီလို့ ။ယုယကတော့သဘောအကျကြီး ကျနေေလသည်။
"ရှက်သွားတာလားအန်တီ။
ပါးလေးဘဲနမ်းလိုက်တာပါ။
အန်တီဒီလိုထပ်ပြီး ချစ်ဖို့ကောင်းအောင်လုပ်ပြနေမယ်ဆိုရင် ကျနော်kissingဆွဲပြစ်လိုက်မှာနော်။"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။