##Unicode##
ဆရာမပြန်ရောက်လာတော့ ဆရာမလက်ထဲက အထုပ်တွေငယ်ကူသယ်ပေးလိုက်သည်။
'ဆရာမဘာတွေ ဒီလောက်အများကြီးဝယ်ခဲ့တာလဲ'
" အချဉ် ချဉ်စော့ခါးသီးရယ်
ကိုကာကိုလာရယ်
တခြားမုန့်တွေကော"'ဟွန့် '
"ဘာလို့လဲသမီးငယ် "
ငယ်ပြောမလို့ကြံတုန်း သိမ့်သိမ့်ရောက်လာသည်။
'ဝါးဆရာမ ချဉ်စော့ခါးသီးတွေဘဲ သမီးတို့စားဖို့လား'
သိမ့်ကငယ့်လက်ထဲက အထုပ်ကြည့်ကာပြောသည်။
"ဟုတ်တယ် သမီးသိမ့် နေပူပူနဲ့ သုပ်စားကြမလားလို့လေသမီးတို့တော့မသိဘူး ဆရာမကတော့ အချဉ်ကြိုက်တယ် အချဉ်သရဲဘဲ ။"
'သိမ့်ကလဲ အချဉ်ဘီလူး ဟုတ်ပြီရောနှစ်ယောက်သားတွေ့ပြီ '
ငယ်ကပြောလိုက်တော့ ဆရာမက ငယ့်ကိုကြည့်ရင်းသိမ့် ကို ပြန်ကြည့်မိသည်။
"သမီးငယ်က အချဉ်မကြိုက်လို့လား"
ထိုအမေးကိုသိမ့်က
'ဆရာမရပ်ဝန်းငယ်က မိန်းကလေးမဟုတ်ဘူး'
"ဟမ်"
'ဟုတ်တယ် သူကအချဉ်မကြိုက်ဘူး မိန်းကလေးတွေကအချဉ်ကြိုက်တယ်လေ
သူကယောက်ျား ''တစ်ချို့ယောက်ျားတွေအချဉ်ကြိုက်တာကျတော့ကော'
ငယ်မခံချက်ဘဲဝင်ပြောလိုက်မိသည်။ငယ့်ကိုမှန်းမိန်းကလေးမဟုတ်ဘူးတဲ့။
"အဲ့ဒါက အဲ့ဒါဘဲလေ"
"အချဉ်မကြိုက်ရင် ဖျော်ရည်သောက်ပေါ့"
"ဟားဟား ပိုဆိုးတယ်ဆရာမရေ သူကနို့နံ့မစင်သေးတဲ့ ကလေးပေါက်စ အဖျော်ရည်တွေ မကြိုက်ဘူး သူကနို့ဘဲသောက်တာ ပဲနို့တို့ ဒိန်ချဉ်တို့"
"ဟုတ်လား ဆောတိကွယ် ဆရာမက သမီးငယ်မကြိုက်တာတွေဘဲ ဝယ်ခဲ့ရက်ညားနေတယ်"
"သူမကြိုက်ပေမယ့် သိမ့်တို့ကြိုက်တယ်လေဆရာမ"
"အော်ဟုတ်သား ။သိမ့်တို့ကြိုက်ရင်သိမ့်တို့စားပေါ့။သမီးငယ်က တခြားမုန့်စား
မုန့်တော့ကြိုက်မှာပါနော်"
YOU ARE READING
ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်
Short Storyအချစ်ဦးကသမီးငယ်ဖြစ်ပြီး အချစ်ဆုံးကတော့မောင်ပေါ့။ မောင်ဆိုတာကလဲ သမီးငယ်ဘဲလေ..။