part-21(U+Z)

1.3K 48 1
                                    

##Unicode##

"ယုယ တကယ်ဘဲတို့က မင်းအတွက်"

"ဟင့်အင်းဒေါ်ဒေါ် အန်တီကျနော့်ကိုစိတ်နာသွားအောင်ဘဲ ပြောလိုက်တာ။ဒေါ်ဒေါ်နားလည်ဖို့မျှော်လင့်ပါတယ်။
ကျနော် အန်တီကလွဲ၍ဘယ်သူ့အပေါ်မှခံစားချက်မရှိပါဘူး။အရင်ကလဲအန်တီ ခုလဲအန်တီ နောင်လဲအန်တီပါဘဲ။"

"ဒါနဲ့များဘာလို့ သူ့ကိုခု‌လိုတွေ‌‌ေ‌ပြာလိုက်ရတာလဲ။"

"သူပျော်ဖို့အတွက်ပါ။ဒီကမ္ဘာမြေကြီးမှာ ကျနော်မရှိတော့တဲ့အခါ သူပျော်ရွှင်နိုင်အောင်လို့ပါ။"

"မင်းပြောချင်တဲ့အဓိပ္ပါယ်က"

ယုယအခန်းထဲက ဖိုင်တစ်ခုသွားယူခဲ့ပြီး

"ကျနော့်ဆေးစစ်ချက်အဖြေ ။
ကျနော့်မှာ အချိန်သိပ်မကျန်တော့ဘူးဒေါ်ဒေါ်။"

"မင်း နှလုံးအစားထိုးကုရမှာဘဲ။
ဒါကသိပ်မခက်ခဲပါဘူး။နှလုံးအလှူရှင်ရှိရင် မင်းအသက်ရှင်နိုင်တာဘဲ။မျှော်လင့်ချက်ရှိပါ‌ သေးတယ်။ငါမင်းကိုရအောင်ကယ်မယ်။"

"ကိုယ်အသက်ရှင်ဖို့အတွက် တစ်စုံတစ်ယောက်ရဲ့ နှလုံးလိုအပ်တယ်။ဒါက တစ်စုံတစ်ယောက်ရဲ့အသက်ကိုစတေးခိုင်းတာနဲ့အတူတူဘဲမဟုတ်လား။
ကျနော် ဘယ်လိုများလုပ်နိုင်ပါ့မလဲ။"

"ဟင့်အင်းမဟုတ်ဘူး။တစ်စုံ‌တစ်ယောက်ရဲ့နှလုံးကိုလိုအပ်တာမှန်ပေမယ့် ။အသက်ရှင်နေတဲ့သူတစ်ယောက်မဟုတ်ဘဲ သေခါနီး ခန္ဓာလှူသွားတဲ့ထဲက အများကြီးရှိပါတယ်။မင်းနဲ့ကိုက်ညီမယ့် နှလုံးတစ်စုံတော့ ငါတို့ရှာတွေ့မှာပါ။"

"ထားလိုက်ပါတော့ဒေါ်ဒေါ် ကျနော့်အတွက်နဲ့တော့ အပင်ပန်းခံမနေပါနဲ့တော့ ။ ကျနော်သေသွားတာဘဲကောင်းပါတယ်။"

ဇင်ဦး ယုယရဲ့ နှုတ်ဖျားကိုလက်ညိုးလေးနဲ့တားလိုက်ရသည်။

"ဟင့်အင်း ထပ်မပြောနဲ့ ။မင်းဘာမှမဖြစ်ရဘူး။တို့မင်းကိုရအောင်ကယ်မှာ။ငယ့်ကိုဆုံးရှုံးရပြီးပြီ မင်းကိုတော့ တို့ထပ်မဆုံးရှုံးပါရစေနဲ့။"

"ဒေါ်ဒေါ်ရယ် ဒေါ်ဒေါ်ခုလိုတွေလုပ်နေတော့ ကျနော် ဒေါ်ဒေါ်‌ ကိုပိုအားနာရတယ်။ ဒေါ်ဒေါ်အချစ်ကို လက်မခံပေးနိုင်တဲ့အတွက်။"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Where stories live. Discover now