part-11(U+Z)

1.5K 59 0
                                    

##Unicode##

နေ့လည်ကတွေ့တဲ့ တီချယ်ရဲ့အကြောင်းကအမြဲအတွေးထဲဝင်ဝင်လာတာဘဲ ။သူမကဘယ်သူလဲ သိချင်စိတ်တွေ တဖွားဖွား ။ယုယကိုခေါ်သွားတာ ကျောင်းအုပ်ကြီးရုံးခန်းဆိုတော့ ‌ဆုပြောတဲ့ကျောင်းအုပ်များလား မဖြစ်နိုင်တာ
ကျောင်းအုပ်က ဒီလိုငယ်ပြီးချောပါ့မလား။နေပါအုံးဆုပြောတာလဲ ငယ်ငယ်ချောချောလေးတဲ့ ဟူး မသိတော့ဘူးကွာ နောက်မှစုံစမ်းကြည့်တော့မယ်။

ယုယ ဆုဆီသွားပြီးမေးလိုက်တော့သည်။

"ဟုတ်တယ် ကျောင်းအုပ်ကြီးလေ နာမည်ကဘာပါလိမ့် အော် ကြွေဆင်းခ တဲ့ "

*နာမည်နဲ့လိုက်ဖက်အောင်ကို တကယ်ကြွေဆင်းရလောက်သည်။ အာဏာရှင်ကိုဆန့်ကျင်ပေမယ့် ဒီကျောင်းအုပ်ကိုတော့ မဆန့်ကျင်နိုင်တာဘာကြောင့်ပါလိမ့်။

"အသက်ဘယ်လောက်လောက်ရှိမလဲဆု"

"ပြောတော့ အရေးမပါတာတွေ စိတ်မဝင်စားပါဘူးဆို"

"နင်ကလဲ ပြောမှာလား မပြောဘူးလား။
မပြောချင်လဲနေဟာ"

"ပြောမယ် ပြောမယ်လို့ ယုယ တို့ကတော့လေ လူကိုအရမ်းအနိုင်ကျင့်တာဘဲ"

"အင်းပြော"

"အသက်က တော့ငါလဲမသိဘူးဟ နှစ်ဆယ်ကျော် သုံးဆယ်လောက်တော့ရှိမယ်ထင်တာဘဲ
အော် သူက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက် က ဒီမှာ အထက်တန်းပြအဖြစ်ပထမဆုံးတာဝန်ကျတာတဲ့"

"အော်ဟုတ်လား "

"အင်း"

"ဟဲ့ဒါနဲ့လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က သူကအထက်တန်းပြဆိုရင် အနည််းဆုံးသူ့အသက်က နှစ်ဆယ်ကျော်နေပြီလေ"

အင်းလေ

"ခုဆို လေးဆယ်ကျော်ပြီပေါ့ဟ"

"အေးဟုတ်သားနော် "

"လခွီး ဘွားတော်ပေါ့"

"အဲ့ဘွားတော်ကိုဘဲ နင်ကြွေနေတာမဟုတ်လား"

"ဟာပေါက်ကရ ကြွေစရာလား ငါ့မှာ မမရှိတယ် ဘွားတော်တွေစိတ်မဝင်စားဘူး "

"အေးပါပြောထားအုံးပေါ့ နောက်တော့မှ ဘာဘာညာညာဆိုရင်တော့ နင်အသေဘဲ။"

ဆရာမကြွေ(သို့)အန်တီကျောင်းအုပ်Onde as histórias ganham vida. Descobre agora