Chapter 2- Identity

2K 330 21
                                    

Unicode

သန့်စင်ခန်းအပြင်ဘက်ရှိ ကော်ရစ်ဒါလျှောက်လမ်းမှာ အတော်လေးရှည်လျား၍ မျက်နှာချင်းဆိုင်တွင် ထိုင်ခုံတန်းလျားတစ်ခု ရှိသည်။ ရာသီဥတု ဆိုးရွားနေ၍ ရဲစခန်းတွင် လူများများစားစား မရှိ။ ရဲအရာရှိအများစုက သူတို့သားသမီးများကို ကျောင်းမှ ကြိုလာကာ အလုပ်ပြီးချိန်အထိ ထိုခုံတန်းလျားများတွင် စောင့်ခိုင်းလေ့ရှိသည်။

ချီချင်းတစ်ယောက် သန့်စင်ခန်းထဲမှ အပြင်ထွက်လျှောက်လာတော့ ကလေးမလေးတစ်ယောက်က ထိုခုံတန်းလျားတွင်ထိုင်၍ စာရေးကိရိယာနှင့် လေ့ကျင့်ခန်းစာအုပ်ကို ကျင်လည်စွာ ထုတ်နေသည်ကို တွေ့လိုက်ရသည်။ ခုံတန်းရှည်ပေါ်တွင် ထိုင်နေသော်လဲ ‌အရပ်ပုသေးသော်ကြောင့် ခြေထောက်နှင့် ကြမ်းပြင် မမှီနိုင်သေး။

ကြည့်ရတာ မူလတန်းကျောင်းသူလေးပင် ဖြစ်ပုံရသည်။

ထိုကလေးမလေးကို ဖြတ်လျှောက်လာသည့်အချိန် ချီချင်း လက်အိတ်ပင် ပြန်မဝတ်ရသေး ထိုကလေးမလေးက သူ့လက်ကို အတင်းလှမ်းဆွဲသည်။
" အစ်ကိုကြီး"

ကလေးမလေး၏ လက်မှာ ဖောင်းဖောင်းလေးနှင့် နူးညံ့နေကာ ကလေးသံချိုချိုလေးနှင့် လှမ်းခေါ်နေသည်။ သူ့နားထဲရောက်လာသော ဗလုံးဗထွေးလေသံတို့ကပင် ချစ်စရာကောင်းနေသေး၏။

~~~ ဒီတစ်ပုဒ်ကို ဘယ်လိုဆက်‌‌ဖြေရမှန်းမသိတော့ဘူး..‌ ‌ဖေဖေ မနေ့ကပဲ ရှင်းပြထားတာ.. ဒီနေ့ထပ်မေးရင် ငတုံးဆိုပြီး ထင်တော့မှာပဲ ~~~

" ဒါလေး..."
ကလေးမလေးထံမှ စကားပင်မဆုံးသေး။ ချီချင်းက သူမလက်ဖောင်းဖောင်းလေးများကို စိုက်ကြည့်ကာ ရှက်ရှက်နှင့် ‌စကားဆက်မပြောနိုင်သော ကလေးမလေးကို တစ်ချက်လှမ်းကြည့်ပြီးနောက် အကြင်နာမဲ့စွာ ပြောလိုက်လေသည်။
"မင်းက တော်တော်တုံးတာပဲ"

ကလေးမလေးမှာ ရန်အစခံလိုက်ရ၍ လန့်သွားကာ သူမအတွေးကို ထိုအစ်ကိုကြီး ဘယ်လိုသိလဲတောင် မတွေးမိလိုက်။

တကယ်တော့ ဒီအစ်ကိုကြီးကို သူမ နည်းနည်းတော့ ကြောက်သည်။ သူမ ဆက်မပြောဖို့ ဆုံးဖြတ်လိုက်ချိန်တွင်မှ ထိုအစ်ကိုကြီးက သူမအနားဝင်ထိုင်ကာ လေ့ကျင့်ခန်းစာအုပ်ကို ဆွဲယူလိုက်သည်။
" ဘယ်တစ်ခု ‌ဖြေလို့မရတာလဲ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now