Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)

909 260 27
                                    

Unicode

" တိုင်တဲ့သူက သူ့အခန်းဖော်.. ကုမ္ပဏီမှာ ထရိန်နင်အတူဆင်းနေတဲ့ လူးကပ်စ် ဆိုတဲ့ကောင်လေးပါ"
ကျိမင်ရွေ့က ပြန်ပြောလိုက်သည်။

ရှဲ့လင် : " နိုင်ငံခြားသားလား"

ကျိမင်ရွေ့ : " အဲ့ဒါက အနုပညာနာမည်လေ... သူက တရုတ်လူမျိုးစစ်စစ် .. ဆံပင်အနက် မျက်လုံးအနက်နဲ့"

ကျိမင်ရွေ့က ရုံးချုပ်ကို အကြမ်းဖျင်း သတင်းပို့လိုက်တော့ ရုံးချုပ်က ပြန်ပြောလာသည်။
" သူက အခုပဲ ယင်းဝမ်ရူကို လာကြိုသွားပြီ. အခု ဖုန်းလဲ ခေါ်လို့မရတော့ဘူး"

ကျိမင်ရွေ့ တအံ့တဩဖြစ်သွား၏။
" လာကြိုသွားတယ်... မဟုတ်သေးပါဘူး.. ယင်းဝမ်ရူကို ဆရာဝန်လာဘ်ထိုးမှုနဲ့ ဖမ်းထားတာလေ.. ဘယ်သူ လွှတ်ပေးလိုက်တာလဲ"

ရှဲ့လင်လဲ ကျိမင်ရွေ့လက်ထဲမှ ဖုန်းကို လှမ်းယူ၍ စပီကာ ဖွင့်လိုက်သည်။ တစ်ဖက်မှ လူက ဆက်ပြောနေ၏။
" သူ့မန်နေဂျာကပဲ အကုန်လုံး ဝန်ခံလိုက်တယ်... အကုန်လုံး သူ့အမှားတွေပါတဲ့.. ယင်းဝမ်ရူနဲ့ ဘာမှမဆိုင်ဘူးတဲ့.. ယင်းဝမ်ရူက လုံးဝအလှည့်စားခံလိုက်ရတာပါတဲ့"

ရှဲ့လင် : " အဲ့ဒီ့အကြောင်းပြချက်ကို ယုံတယ်ပေါ့"

" မယုံလို့တော့ ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲဗျာ"
တစ်ဖက်မှ ဆက်ပြောသည်။
" ဆရာဝန်ကို ဆက်သွယ်ခဲ့တာ သူ့မန်နေဂျာကိုယ်တိုင်ပဲဗျ... ယင်းဝမ်ရူရဲ့ ဖုန်းခေါ်ဆိုမှုစာရင်းက ရှင်းတယ်.. အခု သူက ဘာမှမသိပါဘူးဆိုတော့ သက်သေအထောက်အထားအတိအကျမရှိလို့ လွှတ်ပေးလိုက်ရတယ်"

ထိုအချိန် ဘေးတွင် အသည်းအသန် စာရှာနေသည့် ကျန်းယွီထံမှ အသံထွက်လာသည်။
" အာ...."

" ကုမာန်ထုန်အကြောင်း လေ့လာထားတဲ့ဆောင်းပါးတစ်ပုဒ် ကျွန်တော် တွေ့တယ်"
ကျန်းယွီက ဖုန်းကို သူတို့ဘက်လှည့်ပြလိုက်သည်။ အင်္ဂလိပ်စာနှင့် ရေးသားထားသော စာပုဒ်ဖြစ်၏။ ကျန်းယွီမှာ ထိပ်တန်းကျောင်းသားတစ်ဦး၏ အရည်အချင်းကို အပြည့်အဝ ဖော်ပြနေသည်။
" ဒီနားလေးကို ဖတ်ကြည့်"

ကျိမင်ရွေ့က ရုံးချုပ်နှင့် ပြောနေသော ဖုန်းကို ခဏအုပ်ထားသည်။
" တာ့ကော.. ဒါကြီးက အင်္ဂလိပ်လို ရေးထားတာလေ..  ဘာသာပြန်ပြီး ပြောပြပေးလို့မရဘူးလား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now