Chapter 46- ပွဲစား

1K 280 22
                                    

Unicode

အခုရက်ပိုင်း ရာသီဥတုထိုင်းမှိုင်းနေ၍ မိုးများဆက်တိုက်ရွာနေသဖြင့် လမ်းသွားလမ်းလာများ စိတ်အခြေအနေမကောင်း။ ကျိမင်ရွေ့က ဦးထုပ်ဆောင်း၍ မိုးကာနေသည်။ လက်ထဲမှ အချက်အလက်တချို့ကို ပိုက်၍ ဖုန်းထဲ စာတချို့ရိုက်ရင်း Anjia ရုံးထဲ ဝင်လိုက်သည်။

ထို့နောက် ဖုန်းဆက်၍ ပြောနေသည်။
" ခင်ဗျားပြောပြတဲ့ အချက်အလက်တွေအတိုင်း ကျွန်တော် Anjia ကုမ္ပဏီကို စစ်ဆေးခိုင်းထားတယ်... စိတ်မပူပါနဲ့ လူသတ်မှုအကြောင်းတော့ မပြောထားဘူး.. တကယ်လို့ အမှုနှစ်ခုနဲ့ ပတ်သက်နေတယ်ဆိုရင် သေချာပေါက် အသိပေးမှာပါ"

" ကျွန်တော် တခြားတစ်ခုပြောင်းပြောထားတယ်.. ပွဲစားနဲ့ အိမ်ရှင်နဲ့ပေါင်းပြီး အိမ်လခတိုးတောင်းထားတယ်လို့ အိမ်ငှားတစ်ယောက် တိုင်ချက်ဖွင့်ထားတယ်လို့.. အခု အဲ့ဒီ့ပွဲစားကိုလဲ ဆက်သွယ်မရဘူး.. အဲ့ဒါကြောင့် ရှောင်တခင်ဝင်စစ်ရတာလို့"

အဆိုပါပွဲစား၏ ပုံစံကိုတော့ ရှဲ့လင်ပြောသည့်အတိုင်းသာ ပြောထားလိုက်သည်။

ကျိမင်ရွေ့မှ ရဲကတ်ပြားကို ထုတ်ပြလိုက်သည့်အခါ Anjia ကုမ္ပဏီ၏ HR ဝန်ထမ်းက အတော်လေး အမိန့်နာခံသည်။ သူ မေးသမျှကို ဘာမှမစဉ်းစားပဲ ပြန်ဖြေ၏။
" ကောင်းပါပြီ ကောင်းပါပြီ.. ကျွန်တော် အပြည့်အဝ ပါဝင်ပါ့မယ်.. ကျွန်တော်တို့ကုမ္ပဏီက အမြဲတမ်း တရားဥပဒေကို လိုက်နာလာတာပါ.. သူ့လုပ်ရပ်က ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလဲ ချိုးဖောက်ရာကျတယ်.. ကုမ္ပဏီက ဒီလိုလုပ်ရပ်မျိုးကို အရမ်းမုန်းပါတယ်.. တကယ်လို့ အဲ့ဒီ့ကိစ္စသာ အမှန်ဆိုရင် သူ့ကို ကျွန်တော်တို့ဘက်ကလဲ ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ"

ကျိမင်ရွေ့လဲ ခပ်သွက်သွက် လျှောက်လာကာ ကားထဲဝင်၍ ကိုယ်ပေါ်မှ မိုးရေစက်များကို ခါချနေသည်။
" ‌Anjia ကုမ္ပဏီအောက်မှာ ပွဲစားတွေ ရာနဲ့ချီရှိတယ်.. တစ်ယောက်ချင်းစီကို သေချာမစစ်နိုင်ဘူး.. ယွီထင်းရပ်ကွက်မှာ အိမ်လိုက်ပြပေးတဲ့ ပွဲစားကတင် နည်းတာမဟုတ်ဘူး...အဲ့ဒါနဲ့ မနေ့က ယွီထင်းမှာ အိမ်လိုက်ပြတဲ့သူတွေကိုပဲ စစ်ခဲ့တယ်.. နောက်ဆုံး ခင်ဗျားတို့ပြောတဲ့အချက်နဲ့ ကိုက်ညီတဲ့ ပွဲစားသုံးယောက်ကိုတွေ့တယ်.. နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ခွင့်ယူထားတယ် သူတို့ ကိုယ်ရေးအကျဉ်းနဲ့ လိပ်စာတွေ ပို့ပေးလိုက်မယ်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now