Chapter 44 - အထင်လွဲမှု

1K 273 18
                                    

Unicode

မိနစ်အနည်းငယ်အကြာတွင် ကျိမင်ရွေ့ ဖုန်းချလိုက်သည်။  စားလက်စ ခေါက်ဆွဲကို ဆက်မစားတော့ပဲ အပေါ်အင်္ကျီယူ၍ ကားသော့ကောက်ဆွဲကာ ထွက်ခဲ့လေသည်။

အပြင်ထွက်လာသည့်အချိန် အခုမှ ရဲစခန်းထဲပြန်ရောက်လာသည့် ဆုရှောင်းလန်နှင့်ပါ တည့်တည့်တိုး၏။
" ဘာဖြစ်လို့လဲ"

ကျိမင်‌ရွေ့ : " လူသတ်သမားဖြစ်နိုင်ချေရှိတဲ့သူ ယွီထင်းရပ်ကွက်ထဲမှာ နေတယ်လို့ သတင်းရထားလို့.. အဲ့ဒါ အခု သွားကြည့်မလို့... သတင်းပေးတဲ့သူပြောပုံအရဆို လူနှစ်ယောက် ပူးပေါင်းကြံစည်တာလို့ သိရတယ်... အဲ့ဒီ့နှစ်ယောက်က သူ အိမ်စပြောင်းလာတဲ့အချိန်ကစပြီး ချဉ်းကပ်ခဲ့တာတဲ့.. အရေးအကြီးဆုံးက မနေ့ညက သုံးနာရီကြီး သူ့အိမ်ရှေ့မှာ တစ်ယောက်က လမ်းခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တယ်... နောက်တစ်ယောက်ကလဲ တော်တော်ကြောက်ဖို့ကောင်းတယ်တဲ့... သူ့အိမ်မှာ လူသတ်ထားတဲ့ ဓာတ်ပုံတွေ အများကြီးပဲ.. ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးက အတော်အန္တရာယ်ရှိတဲ့ပုံပဲ"

ဆုရှောင်းလန် : " အတော် အန္တရာယ်ရှိတယ်??"

အခုတလော ထူးဆန်းတဲ့သူတွေ များလာတဲ့ပုံပဲ

ကျိမင်ရွေ့ : " အဲ့လိုမထင်ဘူးလား.. ငါတော့ ကြားလိုက်ရတာနဲ့တင် ကျက်သီးထတယ်"

ကျိမင်ရွေ့လဲ ယွီထင်းရပ်ကွက်ထဲ ကားမောင်းလာခဲ့သည်။ စောစောက ဖုန်းဖြေစဉ် စိတ်ထဲ သို့လော သို့လောဖြစ်နေပေမဲ့ အခုတော့ ဘာလို့ ယွီထင်းရပ်ကွက်နာမည်က သူ့စိတ်ထဲ အရမ်းရင်းနှီး‌နေသည်ကို သိလိုက်ရသည်။

GPS ကို တစ်ချက်ကြည့်ပြီးနောက် ကားကိုအရှိန်မြှင့်လိုက်၏။

ရင်းနှီသည်ထက်တောင် ပိုသည်။ ဒီရပ်ကွက်ထဲ သူ အကြိမ်များစွာ ရောက်ခဲ့ဖူးသည်။

သတင်းပေးသူပြောသည့် တည်နေရာအရ ရပ်ကွက်အပြင်ဘက်မှ စတိုးဆိုင်တွင် သတင်းပေးသူကို ဝင်တွေ့သည်။ သတင်းပေးသူမှာ အားနွဲ့လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်ကာ ခြေထောက်တွင် ‌တစ်ခါသုံးခြေညှပ်ဖိနပ်ကို စီး၍ ကြောက်လန့်နေသော ယုန်ငယ်လေးသဖွယ် ဖြစ်၏။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now