Chapter 62- မတော်တဆမှု

1K 280 31
                                    

Unicode

အရိပ်မဲ ခြေထောက်နှင့် ဓာတ်လှေကားကြမ်းပြင်တို့ ထိသွားသည့်အခါ ချီချင်းက လက်ကောက်ဝတ်ကို အသာလှည့်၍ ထီးချွန်နှင့် တည့်တည့်ထိုးလိုက်သည်။ အရိပ်မဲက လျှင်မြန်သော တုံ့ပြန်မှုနှင့် တစ်ဖက်လှိမ့်သွားသဖြင့် ထီးချွန်နှင့် ပါးကိုသာ ထိုးမိလိုက်သည်။

ချီချင်း၏ တိုက်ခိုက်စွမ်းရည်မှာ ထိုသူလောက် မကောင်းသော်လဲ အမှောင်ထဲတွင် အရာအားလုံးနီးပါးကို မြင်နိုင်စွမ်းရှိကြောင်း အရိပ်မဲကောင်းကောင်းသိလိုက်ရသည်။ ဘယ်လိုအမှောင်မျိုးကမှ ချီချင်း၏ မြင်နိုင်စွမ်းကို မထိန်းချုပ်ထားနိုင်။

.. သရဲတွေလားဟ...
အရိပ်မဲ ခပ်တိုးတိုး ဆဲလိုက်သည်။

အမှောင်ထဲတွင်တောင် ငွေရောင်တောက်နေသည့် ထီးချွန်၏ လှုပ်ရှားမှုကြောင့် တိုက်ခိုက်မှုနောက်တစ်ကြိမ်ဝင်လာသည်ကို သိလိုက်ရ၍ အရိပ်မဲ ထခုန်ကာ ထီးချွန်ကိုပါ လက်နှင့်ဆွဲသည်။ တစ်ချိန်ထဲမှာပင် ထီးရိုးကိုင်ထားသော ချီချင်းလက်ကောက်ဝတ်ကို တစ်ချက်ကန်လိုက်သည်။

ချီချင်း ခြေတစ်လှမ်းနောက်ကျသွားသဖြင့် ထီးလက်ကိုင်ရိုး ကျိုးသွားလေ၏။

လျှို့ဝှက်လက်နက် ထီးမရှိတော့သောအ‌ခါ အရိပ်မဲ၏ လှုပ်ရှားမှုတို့ ပိုမြန်ဆန်လာကာ ချီချင်းရှိရာသို့ ချက်ချင်းပြေးလာလေ၏။

လက်ထဲတွင် ဓားကိုင်၍ အတင်းပြေးလာသော အရိပ်မဲကို ကြည့်ရင်း ချီချင်း ဖြည်းဖြည်းချင်း ‌နောက်ဆုတ်နေသည်။ သို့သော် အရိပ်မဲက အတင်း ပြေးလာသည့်အတွက် ချီချင်းကျောပြင်နှင့် ဓာတ်လှေကားနံရံတို့ ပြင်းထန်စွာ ရိုက်မိသွားသည်။ သို့သော် ထိုအချိန် အရိပ်မဲလက်ထဲမှ ဓားလွတ်ကျတော့မလို ဖြစ်သွားသည်။ ချီချင်းက အရိပ်မဲ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သောကြောင့်ပင်။

ဓားသွားထိပ်က ချီချင်း၏ လက်အိတ်ကို ဖောက်ထွက်သွားသောကြောင့် သွေးစနဲနဲ ကျန်ခဲ့သည်။

ချီချင်းက လျှင်မြန်စွာပင် အရိပ်မဲ၏ လက်ကို ခပ်တင်းတင်းဆွဲထားသည်။ သူ့မှာ အချိန်မရှိတော့ ။ ထို့ကြောင့် လက်အိတ်ကို ဆွဲမချွတ်ပဲ ဓားနှင့် ထိုးခွဲလိုက်သည်။
" ခင်ဗျားကို ဘယ်သူ လွှတ်လိုက်တာလဲ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now